``အချင်းသနာခရိပ်၊ ယေရုရှလင်မြို့သည် သင့်ကိုကြည့်၍ပြုံးကာပြက်ရယ်ပြုလေပြီ။-
ယေရမိ 31:4 - Common Language Bible သင်တို့အားတစ်ဖန်ငါပြန်လည်ထူထောင်ပေး မည်။ သင်တို့သည်ပတ်သာများကိုတစ်ဖန်တီး မှုတ်၍ ပျော်ရွှင်စွာကခုန်ရကြလိမ့်မည်။- Garrad Bible က ညာ ဖြစ် သော အို ဣ သ ရေ လ လူ မျိုး တစ် ဖန် ငါ တည် ထောင် မည့် အ တိုင်း၊ သင် သည် တည် ထောင် ခွင့်၊ ပတ် သာ လွယ် လျက် ပျော် ရွှင် သူ တို့ နှင့် အ တူ၊ လိုက် ၍ က ခုန် ခွင့်၊ Judson Bible အို ဣသရေလ သတို့သမီးကညာ၊ သင့်ကိုတစ်ဖန် ငါတည်ဆောက်သောကြောင့်၊ သင်သည် တည်ဆောက်ခြင်းသို့ ရောက်လိမ်မည်။ သင်သည် တစ်ဖန်ပတ်သာနှင့် တန်ဆာဆင်လျက်၊ ရွှင်မြူးခြင်းကို ပြုသောသူတို့နှင့်အတူ ကခုန်လျက်သွားလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း အို အစ္စရေးအပျိုကညာ၊ ငါသည် သင့်ကို ပြန်လည်တည်ဆောက်မည်။ သင်သည် ပြန်လည်တည်ဆောက်ခြင်းခံရမည်။ သင်သည် ပတ်သာကိုဆောင်လျက် ပျော်မြူးကခုန်သောသူတို့နောက်သို့ တစ်ဖန် လိုက်သွားရလိမ့်မည်။ |
``အချင်းသနာခရိပ်၊ ယေရုရှလင်မြို့သည် သင့်ကိုကြည့်၍ပြုံးကာပြက်ရယ်ပြုလေပြီ။-
ဇိအုန်မြို့သူမြို့သားတို့၊သင်တို့၏ဘုရင်ကို အကြောင်းပြု၍ရွှင်မြူးကြလော့။ ကခုန်လျက်ကိုယ်တော်၏နာမတော်အား ထောမနာပြုကြလော့။ ပတ်သာနှင့်စောင်းများကိုတီး၍ကိုယ်တော်အား ထောမနာပြုကြလော့။
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား ဝမ်းနည်းပူဆွေးရာမှကခုန်မြူးတူးစေတော် မူပါပြီ။ ကျွန်တော်မျိုး၏ဝမ်းနည်းခြင်းလက္ခဏာဖြစ်သည့် လျှော်တေကိုချွတ်၍ ဝမ်းမြောက်ရွှင်လန်းခြင်းလက္ခဏာဖြစ်သည့် အဝတ်ကိုဝတ်ဆင်ပေးတော်မူပါပြီ။
အို ဘုရားသခင်၊ ဇိအုန်တောင်ကိုသနားတော်မူ၍ကူမတော် မူပါ။ ယေရုရှလင်မြို့ရိုးတို့ကိုပြန်လည် တည်ဆောက်တော်မူပါ။
ကိုယ်တော်သည်ဇိအုန်တောင်ကိုကယ်ဆယ်တော် မူ၍ ယုဒမြို့တို့ကိုပြန်၍တည်တော်မူလိမ့်မည်။ ကိုယ်တော်၏လူစုတော်သည်ထိုမြို့များတွင် နေထိုင်ကြလျက်တိုင်းပြည်ကိုပိုင်ဆိုင်ကြ လိမ့်မည်။
ထာဝရဘုရားသည်မိမိ၏လူမျိုးတော်ဣသ ရေလအမျိုးသားတို့အား တစ်ဖန်ကရုဏာသက် တော်မူပြန်၏။ မိမိပိုင်ဆိုင်သူများအဖြစ်ဖြင့် ရွေးချယ်တော်မူလိမ့်မည်။ ကိုယ်တော်သည်သူ တို့အားမိမိတို့နေရင်းပြည်၌ပြန်လည်နေ ထိုင်ခွင့်ပြုတော်မူလိမ့်မည်။ လူမျိုးခြားများ သည်သူတို့နှင့်အတူလာရောက်နေထိုင် ကြလိမ့်မည်။-
ထိုသူတို့အားအဖန်တလဲလဲဘုရားသခင်ရိုက်တော်မူသောအခါ ကိုယ်တော်၏ လူမျိုးတော်သည်စောင်းသံ၊ ပတ်သာသံများ ကိုစည်းလိုက်ကြလိမ့်မည်။ ဘုရားသခင် ကိုယ်တော်တိုင်ပင်အာရှုရိအမျိုးသား တို့ကိုတိုက်ခိုက်တော်မူလိမ့်မည်။-
ထာဝရဘုရားက``အချင်းသနာခရိပ်၊ ယေရု ရှလင်မြို့သည်သင့်ကိုကြည့်၍ပြုံးကာပြက် ရယ်ပြုလေပြီ။-
လူမျိုးတကာနှင့်နိုင်ငံတကာကိုဆွဲနုတ် ဖြိုချ၊ ဖျက်ဆီးဖြုတ်ချ၊ တည်ဆောက်စိုက်ပျိုး နိုင်သောအာဏာကိုယနေ့သင့်အားငါ ပေးပြီ'' ဟုမိန့်တော်မူ၏။
ငါ၏ကြေကွဲမှုကိုပြည်သူတို့အားဤသို့ ပြောပြရန်ငါ့အားထာဝရဘုရားအမိန့် ပေးတော်မူ၏။ ``ငါ၏မျက်စိများသည်နေ့ညဥ့်မပြတ် မျက်ရည်ထွက်လျက်နေပါစေသော။ ငါ့အမျိုးသားတို့သည်ပြင်းစွာ ဒဏ်ရာရလျက် များစွာနာကျင်လျက်ရှိသဖြင့်၊ငါသည်အဘယ် အခါ၌မျှအငိုမတိတ်နိုင်ဘဲရှိပါစေသော။
သို့ဖြစ်၍ငါထာဝရဘုရားက၊ ``ဣသရေလသမီးပျိုသည်ကြောက်မက်ဖွယ် ကောင်းသည့်အမှုကိုပြုကြလေကုန်ပြီ။ အဘယ်အခါကများဤအမှုမျိုးဖြစ် ပျက်ခဲ့ဖူးသနည်းဟု လူမျိုးတကာတို့အားမေးမြန်းလော့။
သူတို့ကိုကြည့်ရှုစောင့်ရှောက်၍ဤပြည်သို့ ပြန်လည်ခေါ်ဆောင်လာမည်။ ငါသည်သူတို့ အားဖြို၍မပစ်ဘဲတည်ဆောက်၍ပေးမည်။ ဆွဲနုတ်၍မပစ်ဘဲစိုက်ပျိုး၍ပေးမည်။-
ထိုအခါသမီးကညာတို့သည်ပျော်ရွှင်ဝမ်း မြောက်စွာ ကခုန်ကြလိမ့်မည်။ လူအိုလူပျိုများသည်လည်းအားရ ရွှင်မြူးကြလိမ့်မည်။ ငါသည်သူတို့အားနှစ်သိမ့်စေ၍သူတို့ငို ကြွေးခြင်းကို ပျော်ရွှင်ခြင်းအဖြစ်သို့လည်းကောင်း၊ သူတို့၏ဝမ်းနည်းခြင်းကို နှစ်သိမ့်ခြင်းနှင့်ဝမ်းမြောက်ခြင်းအဖြစ်သို့လည်း ကောင်း ပြောင်းလဲစေမည်။
မှတ်တိုင်များကိုစိုက်ထူ၍လမ်းကိုမှတ်သား ထားလော့။ သင်တို့ထွက်ခွာသွားရာလမ်းကိုတစ်ဖန် ပြန်၍ရှာလော့။ ဣသရေလပြည်သားတို့ပြန်လာခဲ့ကြလော့။ သင်တို့စွန့်ခွာသွားသည့်မြို့များသို့ပြန်လာ ခဲ့ကြလော့။
ထာဝရဘုရားက``မြို့တော်တစ်ခုလုံးကို ဟာနနေလရဲတိုက်မှ မြို့ထောင့်တံခါးတိုင် အောင်ပြန်လည်တည်ဆောက်ရမည့်အချိန် ကာလကျရောက်လာလိမ့်မည်။-
ငါသည်ဣသရေလပြည်နှင့်ယုဒပြည်ကို ကောင်းစားစေမည်။ ထိုပြည်တို့ကိုရှေးနည်း တူပြန်လည်တည်ဆောက်၍ပေးမည်။-
အီဂျစ်ပြည်သူပြည်သားတို့၊ ဂိလဒ်ပြည်သို့သွား၍ ဆေးဝါးများကိုရှာကြလော့။ သင်တို့၏ဆေးများသည်တန်ခိုးအာနိသင် မရှိ။ သင်တို့၏အနာရောဂါကိုမပျောက်ကင်းစေနိုင်။
``ထာဝရဘုရားသည်ငါ၏ဘက်မှ စွမ်းရည်အကြီးဆုံးစစ်သည်တော်တို့ကို ပျက်ရယ်ပြုတော်မူပါ၏။ ကိုယ်တော်သည်ငါ၏လူငယ်လူရွယ်များကို သုတ်သင်ချေမှုန်းရန်တပ်မတော်ကိုစေလွှတ် တော်မူပါပြီ။ ထာဝရဘုရားသည်ငါ၏လူတို့အား စပျစ်သီးနယ်ရာကျင်းမှစပျစ်သီးများ ကဲ့သို့ ကြေမွစေတော်မူပါ၏။''
အို ယေရုရှလင်မြို့၊ ငါချစ်မြတ်နိုးသောမြို့၊ အဘယ်သို့ပြောဆိုရပါမည်နည်း။ အဘယ်သို့နှစ်သိမ့်မှုကိုပေးရပါမည်နည်း။ အဘယ်သူမျှဤကဲ့သို့ဒုက္ခမရောက်ခဲ့ဘူးပါ။ သင်၏ဘေးအန္တရာယ်သည်သမုဒ္ဒရာသဖွယ် အတိုင်းမသိကျယ်ဝန်းပါ၏။ မျှော်လင့်စရာမရှိနိုင်ပါ။
အပျိုကညာဣသရေလသည် ဘယ်ခါမျှပြန်မထနိုင်အောင်လဲရ ချေပြီ။ မြေပေါ်မှာအထီးကျန်စွာလဲနေရှာပြီ။ သူ့အားထူမရန်မည်သူမျှမရှိပြီ။
ထာဝရဘုရားက``ပြိုပျက်နေသောအိုးအိမ် ပမာဖြစ်နေသည့်ဒါဝိဒ်နိုင်ငံကို ငါသည်ပြန် လည်၍တည်ဆောက်သောအချိန်ရောက်လိမ့်မည်။ ကွဲအက်နေသောနံရံတံတိုင်းတို့ကိုငါပြန် ပြုပြင်မည်။ ရှေးအခါကတည်နေသကဲ့ သို့ငါပြန်လည်ထူထောင်မည်။-
ဆူဖြိုးအောင်ကျွေးထားသည့်နွားကလေးကို သတ်ကြ။ ငါတို့ပျော်ရွှင်စွာစားကြကုန်အံ့။-
`ငါ၏နာမတော်ဖြင့်ခေါ်ဝေါ်ခြင်းခံရသူ လူမျိုးခြားနှင့်လူမျိုးရှိသမျှတို့သည် ငါ့ထံလာစိမ့်သောငှာနောက်မှငါပြန်လာမည်။ ပြိုကျလျက်ရှိသောဒါဝိဒ်၏နိုင်ငံကို ငါပြန်၍တည်ဆောက်မည်။ ပျက်စီးယိုယွင်းနေသည်တို့ကိုအသစ်ပြုပြင်၍ ထိုနိုင်ငံကိုတစ်ဖန်ခိုင်ခံ့စေမည်။
ယေဖသသည်မိဇပါမြို့နေအိမ်သို့ပြန်လာ သောအခါ သမီးဖြစ်သူသည်ပတ်သာကိုတီး ၍ကခုန်လျက် သူ့အားခရီးဦးကြိုပြုရန် ထွက်လာ၏။ သူသည်ကားတစ်ဦးတည်းသော သမီးဖြစ်သတည်း။-