ဟေရှာယ 30:32 - Common Language Bible32 ထိုသူတို့အားအဖန်တလဲလဲဘုရားသခင်ရိုက်တော်မူသောအခါ ကိုယ်တော်၏ လူမျိုးတော်သည်စောင်းသံ၊ ပတ်သာသံများ ကိုစည်းလိုက်ကြလိမ့်မည်။ ဘုရားသခင် ကိုယ်တော်တိုင်ပင်အာရှုရိအမျိုးသား တို့ကိုတိုက်ခိုက်တော်မူလိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible32 စီ မံ ခဲ့ သော လှံ တံ ဖြင့် ထာ ဝ ရ ဘု ရား ခတ် သော ဒဏ် ရာ ရှိ သ မျှ ကို၊ စောင်း ပတ် သာ တီး ခြင်း နှင့် တ ကွ ခတ် လျက်၊ လက် နက် ရေး ပြ၍ စစ် တိုက် တော် မူ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible32 ထာဝရဘုရားစီရင်၍၊ သူ၏အပေါ်မှာ လေးစွာချထားတော်မူသော လှံတံသည် လျှောက်သွားရာရာ၌ စောင်း၊ ပတ်သာတီးခြင်းနှင့်တကွ ဖြစ်လိမ့်မည်။ သူ့ကို ပြင်းစွာ စစ်တိုက်တော်မူလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း32 ထာဝရဘုရားက သူတို့ကို အပြစ်ဒဏ်ပေးသည့် တုတ်တော်၏ရိုက်ချက်တိုင်းမှာ ပတ်သာနှင့် စောင်းသံတို့ ထွက်ပေါ်လိမ့်မည်။ ကိုယ်တော်သည် လက်ကိုဝှေ့ယမ်းလျက် သူတို့ကို ပြင်းပြင်းထန်ထန်တိုက်ခိုက်တော်မူမည်။ အခန်းကိုကြည့်ပါ။ |
အီဂျစ်အမျိုးသားတို့သည်မိန်းမကဲ့သို့ သဝန်ကြောင်ကြမည့်အချိန်ကာလ ကျရောက် လာလိမ့်မည်။ အနန္တတန်ခိုးရှင်ထာဝရဘုရား သည်သူတို့အားအပြစ်ဒဏ်ခတ်တော်မူရန် လက်တော်ကိုချိန်ရွယ်လျက်ထားတော်မူ သည်ကိုတွေ့မြင်ကြသောအခါ၊ သူတို့ သည်ကြောက်လန့်တုန်လှုပ်ကြလိမ့်မည်။-
ကမ္ဘာမြေကြီးကိုတုန်လှုပ်ချောက်ချားစေရန် ကိုယ်တော်ကြွလာတော်မူသောအခါ၊ လူတို့ သည်ထာဝရဘုရား၏အမျက်တော်၊ ကိုယ် တော်၏တန်ခိုးတော်နှင့်ဘုန်းအသရေတော် အရှိန်အဝါမှကင်းလွတ်ကြစေရန် ကျောက် တောင်လှိုဏ်ဂူများတွင်သော်လည်းကောင်း၊ မြေ တွင်းတူး၍သော်လည်းကောင်းပုန်းအောင်း နေကြလိမ့်မည်။-
သင့်အားငါပြုသောအမှုကြောင့်သူတို့ သည်အံ့အားသင့်ကြလိမ့်မည်။ ငါသည်ဋ္ဌား ကိုဝှေ့ယမ်းလိုက်သောအခါရှင်ဘုရင် များသည်ထိတ်လန့်တုန်လှုပ်ကြလိမ့်မည်။ သင်ပြိုလဲသောနေ့၌သူတို့အားလုံးပင် မိမိတို့၏အသက်အန္တရာယ်အတွက်စိုး ရိမ်ပူပန်ကာ ထိတ်လန့်တုန်လှုပ်ကြလိမ့် မည်'' ဟုမိန့်တော်မူ၏။
သို့ရာတွင်၊ အို ထာဝရဘုရား၏လူမျိုးတော်၊ သင်တို့သည်ဘာသာရေးပွဲတော်ညဥ့်မှာကဲ့ သို့ပျော်ရွှင်စွာသီချင်းဆိုကြလိမ့်မည်။ သင် တို့သည်ဣသရေလအမျိုးသားတို့၏ကွယ် ကာရာအရှင်၊ ထာဝရဘုရား၏ဗိမာန်တော် သို့သွားရာလမ်းတွင် ပုလွေသံနှင့်စည်းချက် ကျကျလမ်းလျှောက်၍သွားကြသူတို့ကဲ့ သို့ပျော်ရွှင်ကြလိမ့်မည်။
ထိုနောက်သင်သည်ဖိလိတ္တိအမျိုးသားတို့၏ တပ်စခန်းချရာ ဂိဗာမြို့ရှိဘုရားသခင် ၏တောင်တော်သို့သွားရောက်ရမည်။ ဂိဗာမြို့ အဝင်ဝ၌သင်သည်စောင်းကြီး၊ စောင်းငယ်၊ ပတ်သာ၊ ပြွေတို့ကိုတီးမှုတ်လျက်တောင်ပေါ် ရှိယဇ်ပလ္လင်မှလာကြသောပရောဖက်တစ်စု ကိုတွေ့လိမ့်မည်။ သူတို့သည်ကခုန်ဟစ်အော် ၍နေကြလိမ့်မည်။-
ဘုရားသခင်၏ဥယျာဉ်တော်ဧဒင်၌စံပယ် လျက်၊ ပတ္တမြား၊ စိန်၊ ဥဿဖရား၊ မျက်ရွဲ၊ ကြောင်၊ နဂါးသွဲ့၊ နီလာ၊ မြ၊ ဂေါ်မုတ်အစရှိသော ကျောက်မျက်ရတနာအမျိုးမျိုးတို့ကို ဝတ်စားဆင်ယင်ရ၏။ သင်၏ဝတ်စားတန် ဆာများသည်ရွှေဖြင့်ပြီး၏။ ထိုဝတ်စား တန်ဆာတို့ကိုသင်မွေးဖွားသည့်နေ့၌ပင် လျှင်သင်၏အတွက်ပြုလုပ်ခဲ့၏။-
သူ၏ဘက်၌လူသားတို့၏တန်ခိုးစွမ်းရည် သာလျှင်ရှိပေသည်။ ငါတို့ဘက်၌မူကား ကူမတော်မူ၍စစ်ပွဲများတွင်ပါဝင်တိုက် ခိုက်တော်မူသောငါတို့၏ဘုရားသခင် ထာဝရဘုရားရှိတော်မူ၏'' ဟုမိန့်တော် မူလေသည်။ ဤသို့မင်းကြီးမိန့်တော်မူ သောစကားကြောင့်လူတို့သည်အား တက်လာကြကုန်၏။
ထာဝရဘုရားက``သိုးထိန်းတို့သည်အဘယ် မျှပင်ငေါက်ငန်းအော်ဟစ်ကြသော်လည်း သား ကောင်ကိုကိုက်သတ်ထားသည့်ခြင်္သေ့ကိုချောက် လှန့်၍မရနိုင်သကဲ့သို့၊ ဇိအုန်တောင်ကိုကာ ကွယ်စောင့်ရှောက်နေသည့် အနန္တတန်ခိုးရှင်ငါ ထာဝရဘုရားအားလည်းအဘယ်အရာ ကမျှဟန့်တားပိတ်ပင်နိုင်လိမ့်မည်မဟုတ်။-