ဟေရှာယ 37:22 - Common Language Bible22 ထာဝရဘုရားက``အချင်းသနာခရိပ်၊ ယေရု ရှလင်မြို့သည်သင့်ကိုကြည့်၍ပြုံးကာပြက် ရယ်ပြုလေပြီ။- အခန်းကိုကြည့်ပါ။Garrad Bible22 အာ ရှု ရိ ဘု ရင် ကို ရည် လျက် ငါ ထာ ဝ ရ ဘု ရား မိန့် ချက် ဟူ မူ ကား၊ သ တို့ သ မီး က ညာ ဇိ အုန် သည် သင့် ကို မ ထီ မဲ့ မြင် ပြု၍ ပြက် ရယ် ခြင်း၊ သ တို့ သ မီး ယေ ရု ရှ လင် သည် သင့် နောက် ဦး ခေါင်း လှုပ် ခါ ခြင်း ပြု လေ ပြီ။ အခန်းကိုကြည့်ပါ။Judson Bible22 ထိုမင်း၏အမှုမှာ ထာဝရဘုရားမိန့်တော်မူသော စကားဟူမူကား၊ ဇိအုန်သတို့သမီးကညာသည် သင့်ကိုမထီမဲ့မြင်ပြု၍ ပြက်ရယ်၏။ ယေရုရှလင်သတို့သမီးသည် သင့်နောက်၌ ခေါင်းညိတ်၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း22 ထိုဘုရင်ကိုရည်ညွှန်း၍ ထာဝရဘုရားက ဇိအုန်သမီးပျိုသည် သင့်ကိုမထီမဲ့မြင်ပြုလေပြီ။ သင့်ကိုပြက်ရယ်ပြုလေပြီ။ ဂျေရုဆလင်သမီးပျိုသည် သင့်နောက်မှနေ၍ ခေါင်းခါယမ်းလေပြီ။ အခန်းကိုကြည့်ပါ။ |
``အို ဗာဗုလုန်မြို့တည်းဟူသောအမျိုးသမီး၊ သင်သည်ရာဇပလ္လင်ပေါ်မှဆင်း၍ မြေကြီးပေါ်တွင်ထိုင်လော့။ အခါတစ်ပါးကသင်သည်အနှောင့်အယှက် မခံရဘူးသည့်အပျိုစင်ဖြစ်ခဲ့၏။ သို့ရာတွင်ယခုသင်သည်ပျော့ပျောင်းသိမ်မွေ့သူ မဟုတ်တော့ပေ။ သင်သည်ယခုကျွန်ဘဝရောက်ခဲ့ပေပြီ။
ငါ၏ကြေကွဲမှုကိုပြည်သူတို့အားဤသို့ ပြောပြရန်ငါ့အားထာဝရဘုရားအမိန့် ပေးတော်မူ၏။ ``ငါ၏မျက်စိများသည်နေ့ညဥ့်မပြတ် မျက်ရည်ထွက်လျက်နေပါစေသော။ ငါ့အမျိုးသားတို့သည်ပြင်းစွာ ဒဏ်ရာရလျက် များစွာနာကျင်လျက်ရှိသဖြင့်၊ငါသည်အဘယ် အခါ၌မျှအငိုမတိတ်နိုင်ဘဲရှိပါစေသော။
``ထာဝရဘုရားသည်ငါ၏ဘက်မှ စွမ်းရည်အကြီးဆုံးစစ်သည်တော်တို့ကို ပျက်ရယ်ပြုတော်မူပါ၏။ ကိုယ်တော်သည်ငါ၏လူငယ်လူရွယ်များကို သုတ်သင်ချေမှုန်းရန်တပ်မတော်ကိုစေလွှတ် တော်မူပါပြီ။ ထာဝရဘုရားသည်ငါ၏လူတို့အား စပျစ်သီးနယ်ရာကျင်းမှစပျစ်သီးများ ကဲ့သို့ ကြေမွစေတော်မူပါ၏။''
ဇိအုန်မြို့သူ၊မြို့သားအပေါင်းတို့၊ အားရ ရွှင်မြူး ကြလော့။ အားရရွှင်မြူးကြလော့။ အချင်းယေရုရှလင်မြို့သူ၊မြို့သားတို့၊ ဝမ်းမြောက်စွာကြွေးကြော်ကြလော့။ ကြည့်ကြ။ သင်တို့၏ဘုရင်ကြွလာတော်မူပြီ။ ထိုအရှင်သည်အောင်ပွဲခံ၍ကယ်တင်တော် မူရန် ကြွလာသည်ဖြစ်သော်လည်း စိတ်နှလုံးနှိမ့်ချလျက်မြည်းမ၏သား မြည်းကလေးကိုစီး၍လာ၏။