ကျွန်တော်မျိုးတို့သည်ဘိုးဘေးများနည်းတူ အပြစ်ကူးကြပါပြီ။ ယုတ်မာဆိုးညစ်ကြ ပါပြီ။
ယေရမိ 3:25 - Common Language Bible အကျွန်ုပ်တို့သည်အရှက်တွင်လဲလျောင်းကာ အသရေပျက်မှုနှင့်လွှမ်းခြုံ၍နေသင့်ကြ ပါ၏။ အကျွန်ုပ်တို့ငယ်စဉ်အချိန်ကစ၍ ယနေ့ထိတိုင်အောင် အကျွန်ုပ်တို့နှင့်ဘိုးဘေး များသည်ကျွန်ုပ်တို့၏ဘုရားသခင်ထာဝရ ဘုရားအားပြစ်မှားခဲ့ကြပါပြီ။ ကိုယ်တော် ၏စကားကိုလည်းနားမထောင်ခဲ့ကြပါ'' ဟုဆိုကြ၏။ Judson Bible အကျွန်ုပ်တို့သည် ရှက်ကြောက်လျက် အိပ်ရကြ၏။ အသရေပျက်ခြင်း၌ နစ်မွန်းကြ၏။ အကြောင်းမူကား၊ အကျွန်ုပ်တို့သည် ငယ်သောအရွယ်မှစ၍ ယခုတိုင်အောင် ဘိုးဘေးနှင့်တကွ အကျွန်ုပ်တို့၏ဘုရားသခင် ထာဝရဘုရား၏စကားတော်ကို နားမထောင်။ အကျွန်ုပ်တို့၏ဘုရားသခင် ထာဝရဘုရားကို ပြစ်မှားပါပြီဟု ဆိုကြ၏။ မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်တို့သည် အရှက်ကွဲခြင်း၌ လဲလျောင်းရပါစေ။ အသရေပျက်ခြင်းသည် အကျွန်ုပ်တို့ကို ဖုံးလွှမ်းပါစေ။ အကြောင်းမူကား အကျွန်ုပ်တို့သည် ငယ်စဉ်မှစ၍ ယနေ့တိုင်အောင် အကျွန်ုပ်တို့နှင့်အကျွန်ုပ်တို့ဘိုးဘေးများသည် ဘုရားသခင်ထာဝရဘုရားကို ပြစ်မှားကြပါပြီ။ ဘုရားသခင်ထာဝရဘုရား၏အသံတော်ကို နားမထောင်ကြပါ”ဟု ဆိုကြ၏။ |
ကျွန်တော်မျိုးတို့သည်ဘိုးဘေးများနည်းတူ အပြစ်ကူးကြပါပြီ။ ယုတ်မာဆိုးညစ်ကြ ပါပြီ။
ကျွန်တော်မျိုးတို့၏ဘိုးဘေးများသည်အီဂျစ် ပြည်၌ ဘုရားသခင်ပြုတော်မူသောအံ့သြဖွယ်ရာ အမှုတော်ကိုနားမလည်ကြပါ။ သူတို့အားကြိမ်ဖန်များစွာပြတော်မူသော မေတ္တာတော်ကိုမေ့လျော့ကြပါ၏။ ထိုနောက်ပင်လယ်နီအနီးတွင်အနန္တ တန်ခိုးရှင်ကို ပုန်ကန်ကြပါ၏။
ကျွန်တော်မျိုး၏ရန်သူများသည်ဂုဏ်အသရေ ပျက်ရကြပါစေသော။ သူတို့သည်အရှက်နှင့်မိမိတို့ကိုယ်ကို ဝတ်လုံသဖွယ်ဖုံးလွှမ်းရကြပါစေသော။
သွန်သင်ခြင်းကို ငြင်းပယ်သောသူသည် ဆင်းရဲ ခြင်းနှင့်ရှက်ကြောက်ခြင်းသို့ ရောက်လိမ့်မည်။ ဆုံးမသော စကားကို နားထောင်သော သူမူကား၊ ဂုဏ်အသရေကို ရလိမ့်မည်။
ငါ့ဆရာတို့၏ စကားကိုနားမထောင်ဘဲ၊ ငါ့အား သွန်သင်သော သူတို့၏စကားကို နားမခံဘဲနေလေပြီ တကား။
သင်တို့အားယုံကြည်စိတ်ချ၍ မရကြောင်းကိုလည်းကောင်း၊ သင်တို့သည်မွေးဖွားလာချိန်မှပင်အစပြု၍ သူပုန်များဟုအခေါ်ခံရကြသည်ကိုလည်း ကောင်း ငါသိ၏။ ထို့ကြောင့်ဤအမှုအရာများအကြောင်းကို သင်တို့သည်အဘယ်အခါကမျှမကြားခဲ့ နားမလည်ခဲ့။ ယခင်ကတည်းကသင်တို့သည်လည်းနားမပွင့်။
သူတစ်ပါးတို့အားသုတ်သင်ဖျက်ဆီးရန်လျှို့ဝှက် ကြံစည်သူအပေါင်းတို့၊ သင်တို့သည်မိမိတို့၏လျှို့ဝှက်ကြံစည်မှုဖြင့်ပင် ဆုံးပါးပျက်စီးရကြလိမ့်မည်။ ထာဝရဘုရားကိုယ်တော်တိုင်ဤအမှုအရာတို့ကို ဖြစ်စေမည်။ သူတို့သည်အတိဒုက္ခနှင့်ကြုံတွေ့ရကြလိမ့်မည်။
ယုဒပြည်တွင်မြို့အရေအတွက်များသည် နှင့်အမျှ ပြည်သားတို့တွင်လည်းဘုရား အရေအတွက်များပေသည်။ ယေရုရှလင် မြို့တွင်လည်းလမ်းအရေအတွက်များသည် နှင့်အမျှမြို့သူမြို့သားတို့သည် ရှက်ဖွယ် သောဗာလဘုရားအတွက်ယဇ်တို့ကိုပူဇော် ရန်ယဇ်ပလ္လင်များကိုတည်ထားကြလေသည်။-
ငါ၏လူမျိုးတော်သည်ဂျုံစပါးကိုစိုက်ပျိုး သော်လည်း ဆူးပင်များကိုရိတ်သိမ်းရကြ၏။ သူတို့သည်အလုပ်ကိုကြိုးစား၍လုပ်သော် လည်း အဘယ်သို့မျှအကျိုးမရှိ။ ငါ၏အမျက်တော်ပြင်းထန်မှုကြောင့် သူတို့သည်ရှက်ကြောက်ခြင်းသီးနှံကို ရိတ်သိမ်း ရလိမ့်မည်'' ဟုမိန့်တော်မူ၏။
အို ထာဝရဘုရား၊ကျွန်တော်မျိုးတို့သည် မိမိတို့အပြစ်နှင့်ဘိုးဘေးများ၏အပြစ် များကို ဖော်ပြဝန်ခံပါ၏။ ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်အား ပြစ်မှားကြပါပြီ။
ငါ၏လူမျိုးတော်ကငါ့အား `ကျွန်တော်မျိုးတို့သည်မိမိတို့အပြစ်များ၏ စွပ်စွဲခြင်းကိုခံ၍နေရသော်လည်း၊ အို ထာဝရဘုရား၊ ကျွန်တော်မျိုးတို့အားကိုယ်တော်ရှင်၏ နာမတော်ကိုထောက်၍ကူမတော်မူပါ။ ကျွန်တော်မျိုးတို့သည်ကြိမ်ဖန်များစွာ ကိုယ်တော်ရှင်ကို ကျောခိုင်းမိကြပါပြီ။ ကိုယ်တော်ရှင်အားပြစ်မှားမိကြပါပြီ။
အို ဣသရေလ၊ဤအမှုသည်သင်ပြုသည့်အမှုပင် ဖြစ်ပါသည်တကား။ ငါသည်သင့်အားလမ်းပြပို့ဆောင်၍လာစဉ် သင်သည်မိမိတို့ဘုရားသခင်၊ငါထာဝရ ဘုရားအား စွန့်ပစ်ခဲ့၏။
သင်၏ဒုစရိုက်ကသင့်ကိုဒဏ်ခတ်လိမ့်မည်။ သင်၏ဖောက်ပြန်မှုကသင့်ကိုအပြစ်ဒဏ် ပေးပါလိမ့်မည်။ မိမိ၏ဘုရားသခင်ထာဝရဘုရားအားသင် စွန့်ပစ်မှု၊ ငါ့အားမကြောက်မရွံ့တော့ဘဲနေသောအမှုတို့သည် အဘယ်မျှဆိုးညစ်မိုက်မဲသည်ကိုသင်သိရှိ လာလိမ့်မည်။ ဤကားအနန္တတန်ခိုးရှင်ငါထာဝရဘုရား မြွက်ဟသည်စကားပင်တည်း။
``သင်သည်ယေရုရှလင်မြို့သို့သွား၍ ထိုမြို့ တွင်နေထိုင်သူအပေါင်းတို့အားဤသတင်း စကားကိုပြန်ကြားလော့။'' သင်တို့သည်ငယ်ရွယ်စဉ်အခါကအဘယ်သို့ သစ္စာရှိခဲ့ကြသည်ကိုငါသတိရ၏။ သင်သည်သတို့သမီးကဲ့သို့ငါ့ကိုချစ်ခဲ့၏။ သင်တို့သည်စိုက်ပျိုးခြင်းမရှိသော တောကန္တာရတစ်လျှောက်လုံးကိုဖြတ်၍ ငါ၏အနောက်သို့လိုက်ခဲ့ကြ၏။
အဖမ်းခံရချိန်၌ သူခိုးသည်အရှက်ကွဲရ သကဲ့သို့ သင်၏ဘုရင်များ၊ မင်းညီမင်းသား များ၊ ယဇ်ပုရောဟိတ်များ၊ ပရောဖက်များ၊ သင် တို့ဣသရေလပြည်သားအပေါင်းတို့သည် အရှက်ကွဲရကြလိမ့်မည်။-
ငါသည်အဘယ်ကြောင့်ဖွားမြင်၍လာရပါ သနည်း။ ဝမ်းနည်းပူပန်ခြင်းနှင့်ဆင်းရဲဒုက္ခခံရန် သာလျှင် ဖြစ်ပါသလော။ ငါ၏ဘဝကိုအသရေပျက်မှုနှင့်နိဂုံးချုပ် ရန်ပင် ဖြစ်ပါသလော။
သင်တို့ကောင်းစားစဉ်အခါကထာဝရ ဘုရားသည် သင်တို့အားသတိပေးခဲ့၏။ သို့ရာတွင်သင်တို့သည်နားမထောင်ခဲ့ကြ။ သင်တို့သည်ငယ်စဉ်အခါမှစ၍ဤ အတိုင်းပင် ပြုခဲ့ကြ၏။ ထာဝရဘုရား၏စကားကိုအဘယ်အခါ၌မျှ နားမထောင်လိုကြ။
သင်သည်မိမိ၏ဘုရားသခင်ထာဝရ ဘုရားကို ပုန်ကန်မိကြောင်းနှင့်အပြစ်ရှိ ကြောင်းကိုသာလျှင်ဝန်ခံလော့။ စိမ်းလန်း သည့်သစ်ပင်ရှိသမျှအောက်တွင် သင်သည် လူမျိုးခြားတို့၏ဘုရားများအားမြတ်နိုး ခဲ့ကြောင်းကိုဝန်ခံလော့။ ငါ့စကားကိုနား မထောင်မိခဲ့ကြောင်းကိုလည်းဝန်ခံလော့။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏။
ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်၏ထံတော်မှ ထွက်ခွာခဲ့ကြသော်လည်း၊ မကြာမီအခါ၌ပင်အထံတော်သို့ပြန်လာရန် နောင်တရပါ၏။ ကိုယ်တော်ရှင်ဆုံးမတော်မူခြင်းကိုနားလည်ပြီး နောက် ကျွန်တော်မျိုးတို့သည်ရင်ကိုထုလျက် ဝမ်းနည်းကြေကွဲလျက်နေကြပါ၏။ ကျွန်တော်မျိုးတို့သည်ငယ်စဉ်အခါက အပြစ်ပြုခဲ့ကြသောကြောင့် အရှက်ရ၍အသရေပျက်ရကြပါ၏။'
ထာဝရဘုရားက မိမိလူမျိုးတော်အား``သင် တို့သည်လျှော်တေကိုဝတ်၍ပြာထဲ၌လူးလှိမ့် ကြလော့။ တစ်ဦးတည်းသောသားအတွက် ငိုကြွေး မြည်တမ်းသကဲ့သို့ဝမ်းနည်းပက်လက်ငိုကြွေး ကြလော့။ အဘယ်ကြောင့်ဆိုသော်သင်တို့အား သုတ်သင်ဖျက်ဆီးရန်လာသူသည် ရုတ်တရက် ဝင်ရောက်တိုက်ခိုက်မည်ဖြစ်သောကြောင့်တည်း။-
သို့ရာတွင်အကယ်ပင်စိတ်မသာမယာဖြစ်သူ မှာငါပေလော'' မဟုတ်ပေ။ ``သူတို့သည်သာ လျှင်မိမိတို့စိတ်ကိုမသာမယာစေလျက် အရှက်ကွဲရကြပေသည်။-
ဘုရားသခင်၏လူမျိုးတော်က``ငါတို့သည် အဘယ်ကြောင့်မလှုပ်မယှက်ထိုင်နေကြပါ သနည်း။ လာကြ၊ ခံတပ်မြို့များသို့ပြေး၍ ငါတို့သေကြကုန်အံ့။ ငါတို့ဘုရားသခင် ထာဝရဘုရားသည် ငါတို့အားသေဒဏ် စီရင်တော်မူပြီ။ ငါတို့သည်ကိုယ်တော်ကို ပြစ်မှားသည်ဖြစ်၍ ကိုယ်တော်သည်ငါတို့ သောက်ရန်အဆိပ်ပါသောရေကိုတိုက်တော် မူပြီ။-
လူတို့ကလည်း``ငါတို့မျက်စိများသည် မျက်ရည်နှင့်ပြည့်လျက် ငါတို့မျက်ခွံများသည်ငိုရလွန်းသဖြင့်မျက် ရည်နှင့် စိုစွတ်လျက်နေသည်တိုင်အောင် မသာသီချင်းကိုသီဆိုပေးနိုင်ရန်ငိုချင်းသည် တို့အား အမြန်ခေါ်ယူကြလော့'' ဟုဆိုကြ၏။
ကျွန်တော်မျိုးတို့တွင်ဂုဏ်ယူဝါကြွားစရာ တစ်ခုမျှမကျန်ရှိတော့ပါ။ ကျွန်တော်မျိုးတို့သည်အပြစ်ကူးကြသဖြင့် အမင်္ဂလာရှိကြပါ၏။
ကျွန်တော်မျိုးတို့၏ဘိုးဘေးများသည်အပြစ် ကူးပြီးနောက်သေလွန်သွားကြသဖြင့် ကျွန်တော်မျိုးတို့သည်သူတို့၏အပြစ်ဝန်ကို ထမ်းရကြပါ၏။
``အချင်းလူသား၊ ငါ့အားပုန်ကန်တော်လှန် ကြသောဣသရေလအမျိုးသားတို့ထံသို့ သင့်ကိုငါစေလွှတ်မည်။ သူတို့သည်မိမိတို့ ဘိုးဘေးများကဲ့သို့ယခုတိုင်အောင်ပုန်ကန် လျက်နေကြ၏။-
ဣသရေလအမျိုးသားတို့၊ ငါသည်သင် တို့ကိုထောက်ထား၍ ဤအမှုတို့ကိုပြု ခြင်းမဟုတ်ကြောင်းသင်တို့အားသိစေ လို၏။ သင်တို့ယခုပြုနေသောအမှုများ အတွက်အရှက်ရစေလို၏။ ဤကားငါ အရှင်ထာဝရဘုရားမိန့်တော်မူသော စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
သူတို့သည်ယဇ်ပုရောဟိတ်အဖြစ်ဖြင့်ငါ ၏အမှုတော်ကိုမဆောင်ရွက်ရကြ။ သန့်ရှင်း မြင့်မြတ်ရာတစ်စုံတစ်ခုအနားသို့မျှ လည်းမချဉ်းမကပ်ရကြ။ အလွန်သန့်ရှင်း ရာဌာနတော်သို့လည်းမဝင်ရကြ။ ဤ အပြစ်ဒဏ်ကားသူတို့ပြုခဲ့သည့်စက်ဆုပ် ဖွယ်ရာအမှုများအတွက်ဖြစ်၏။-
သူတို့သည်လျှော်တေအဝတ်ကိုဝတ်၍ တစ် ကိုယ်လုံးတုန်လှုပ်လျက်နေကြလိမ့်မည်။ ဦး ဆံပယ်၍ရှက်ကြောက်နေသောမျက်နှာများ တွေ့ရကြလိမ့်မည်။-
သေလွန်သူအမြောက်အမြားတို့သည်ပြန် ၍ အသက်ရှင်လာကြလိမ့်မည်။ ထိုသူတို့ အနက်အချို့သောသူတို့သည်ထာဝရ အသက်ကိုခံစားရကြလိမ့်မည်။ အချို့ တို့မှာမူထာဝရအသရေပျက်ခြင်း ကိုခံစားရကြလိမ့်မည်။-
ထာဝရဘုရားက``ဣသရေလကိုငါဦး စွာတွေ့ရစဉ်က တောကန္တာရ၌ပေါက်သော စပျစ်ပင်များကိုတွေ့ရသကဲ့သို့ဖြစ်၏။ သင်တို့၏ဘိုးဘေးများကိုငါဦးစွာတွေ့ ရစဉ်ကပေါ်ဦးပေါ်ဖျားမှည့်သောသဖန်း သီးများကိုတွေ့ရသကဲ့သို့ဖြစ်၏။ သို့ ရာတွင်သူတို့သည်ပေဂုရတောင်သို့ရောက် ရှိသောအခါ ဗာလဘုရားကိုကိုးကွယ် ကြသဖြင့်၊ သူတို့ကြည်ညိုသောဘုရား များကဲ့သို့စက်ဆုတ်ရွံရှာဖွယ်ဖြစ်လာ ကြ၏။-
ထာဝရဘုရားက``ငါသည်လူသားတို့ အပေါ်သို့ဘေးအန္တရာယ်ဆိုးကိုသက် ရောက်စေမည်ဖြစ်၍ လူတိုင်းပင်မျက်မမြင် ကဲ့သို့အမှောင်တွင်စမ်း၍သွားလာရကြ လိမ့်မည်။ သူတို့သည်ငါ့ကိုပြစ်မှားကြ လေပြီ။ ထို့ကြောင့်ငါတို့သည်သူတို့၏ သွေးကိုရေကဲ့သို့သွန်းလောင်းမည်။ သူတို့ ၏အလောင်းများသည်လည်းမြေပေါ်တွင် ပုပ်ပျက်၍နေလိမ့်မည်'' ဟုမိန့်တော်မူ၏။
ထိုစဉ်အခါကသင်တို့ပြုကျင့်ခဲ့သောအမှု များသည်မည်သည့်အကျိုးကိုမျှမပေးခဲ့။ သင် တို့ကိုသာသေစေခဲ့၏။ ယခုအခါသင်တို့ သည်ထိုအမှုများအတွက်ရှက်ကြောက်လျက် နေကြ၏။-
သင်တို့သည်ဤပြည်တွင်နေထိုင်သူတို့နှင့် အဘယ်သို့မျှပဋိညာဉ်မပြုရ။ ထိုသူ တို့၏ယဇ်ပလ္လင်များကိုဖြိုချရကြမည် ဟုသင်တို့အားငါမိန့်မှာခဲ့၏။ သို့ရာတွင် သင်တို့သည်ငါ၏အမိန့်ကိုမနာခံကြ။ အဘယ်ကြောင့်ဤသို့ပြုဘိသနည်း။-