ယေဇကျေလ 36:32 - Common Language Bible32 ဣသရေလအမျိုးသားတို့၊ ငါသည်သင် တို့ကိုထောက်ထား၍ ဤအမှုတို့ကိုပြု ခြင်းမဟုတ်ကြောင်းသင်တို့အားသိစေ လို၏။ သင်တို့ယခုပြုနေသောအမှုများ အတွက်အရှက်ရစေလို၏။ ဤကားငါ အရှင်ထာဝရဘုရားမိန့်တော်မူသော စကားဖြစ်၏'' ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible32 အို ဣ သ ရေ လ အ မျိုး သား တို့၊ သင် တို့ ကို ထောက် ထား၍ ထို သို့ ငါ မ စီ ရင် ကြောင်း၊ သိ မှတ် ကြ လော့။ ကိုယ့် အ လေ့ အ လာ များ အ တွက် ကျိုး ယုတ်၍ ရှက် ကွဲ ကြ လော့ ဟု မိန့် တော် မူ ကြောင်း၊ အခန်းကိုကြည့်ပါ။Judson Bible32 သင်တို့ကိုထောက်၍ ဤအမှုကို ငါပြုသည်မဟုတ်ဟု သိမှတ်ကြလော့။ အို ဣသရေလအမျိုး၊ ကိုယ်ပြုမိသောအမှုကြောင့် ရှက်ကြောက်လျက်၊ မိန်းမောတွေဝေလျက်နေကြလော့ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း32 ဤသို့ ငါပြုခြင်းသည် သင်တို့အဖို့မဟုတ်။ အို အစ္စရေးအမျိုး၊ သင်တို့၏အပြုအမူအကျင့်အကြံများကြောင့် သင်တို့အရှက်ခွဲခံရမည်၊ အသရေဖျက်ခံရမည်ကို သင်တို့သိမှတ်ကြလော့’ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
သင်တို့၏ကောင်းမှုကုသိုလ်ကြောင့်ထာဝရ ဘုရားသည် ထိုပြည်ကိုသင်တို့အားပေးတော် မူသည်မဟုတ်။ ထိုသူတို့ဆိုးယုတ်သောကြောင့် လည်းကောင်း၊ သင်တို့၏ဘိုးဘေးများဖြစ်ကြ သောအာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အားထား ခဲ့သောကတိတော်ကိုတည်စေရန် အလိုတော် ရှိသောကြောင့်လည်းကောင်း ထာဝရဘုရား သည်ထိုသူတို့ကိုနှင်ထုတ်တော်မူမည်။-
ဘုရားသခင်သည်ငါတို့အားကယ်တင်တော်မူ ၍ မိမိ၏လူစုတော်အဖြစ်ဖြင့်ရွေးကောက်တော် မူသည်မှာ ငါတို့ပြုလုပ်ခဲ့သည့်ကောင်းမှုတစ်စုံ တစ်ရာကြောင့်မဟုတ်ဘဲ ကိုယ်တော်တိုင်၏အကြံ အစည်တော်နှင့်ကျေးဇူးတော်ကြောင့်ဖြစ်ပေ သည်။ ကိုယ်တော်သည်ကမ္ဘာမတည်ရှိမီကာလ ကပင်ခရစ်တော်ယေရှုအားဖြင့်ငါတို့အား ထိုကျေးဇူးတော်ကိုချပေးတော်မူ၏။-