Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 36:33 - Common Language Bible

33 အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``သင်​တို့​ကို အ​ပြစ်​အ​ပေါင်း​မှ​သန့်​စင်​စေ​သည့်​ကာ​လ ၌ ငါ​သည်​သင်​တို့​အား​မိ​မိ​တို့​မြို့​များ တွင်​ပြန်​လည်​နေ​ထိုင်​ခွင့်​ပေး​မည်။ ပျက်​စီး ယို​ယွင်း​သော​အ​ရာ​များ​ကို​လည်း​ပြန် လည်​တည်​ဆောက်​ခွင့်​ပေး​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

33 သင် တို့ ကို ဒု စ ရိုက် အ မျိုး မျိုး နှင့် စင် ကြယ် စေ သည့် ကာ လ၊ ငါ သည် မြို့ ရွာ များ ကို စည် ကား အောင်၊ ဖုန်း ဆိုး ကုန်း များ ကို ပြု ပြင် အောင် စီ ရင် လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

33 အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​ဒု​စ​ရိုက်​အ​ပြစ်​ရှိ​သ​မျှ​တို့​ကို ငါ​ရှင်း​လင်း​သော​အ​ခါ၊ မြို့​များ၌​လူ​နေ​စေ၍ ပျက်​စီး​သော​အ​ရပ်​တို့​သည် ပြု​ပြင်​ခြင်း​ရှိ​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

33 ဘုရားရှင်​ထာဝရဘုရား​က ‘ငါ​သည် သင်​တို့​၏​ဒုစရိုက်​အားလုံး​ကို စင်ကြယ်​စေ​သော​နေ့​၌ သင်​တို့​ကို မြို့​များ​တွင် ပြန်လည်​နေထိုင်​ခွင့်​ပေး​မည်​။ ပြိုပျက်​ရာ​များ​ကို​လည်း ပြန်လည်​ပြုပြင်​ခွင့်​ပေး​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 36:33
11 ပူးပေါင်းရင်းမြစ်များ  

ကျွန်​တော်​မျိုး​၏​ဒု​စ​ရိုက်​အ​ညစ်​အ​ကြေး​ကို အ​ကုန်​အ​စင်​ဆေး​ကြော​တော်​မူ​၍ ကျွန်​တော်​မျိုး​အား​အ​ပြစ်​မှ​သန့်​စင်​စေ တော်​မူ​ပါ။


သင်​တို့​အ​မျိုး​သား​များ​သည်​လည်း​ကြာ​မြင့် စွာ​ယို​ယွင်း​ပျက်​စီး​နေ​ခဲ့​သည့်​အ​ဆောက်​အ​ဦ များ​ကို​အုတ်​မြစ်​ဟောင်း​များ​အ​ပေါ်​တွင်​ပြန် လည်​တည်​ဆောက်​ရကြ​လိမ့်​မည်။ သင်​တို့​သည် ပြို​ပျက်​လျက်​ရှိ​သည့်​မြို့​ရိုး​များ​ကို​ပြု​ပြင် လျက်၊ ယို​ယွင်း​ပျက်​စီး​နေ​သော​အ​ဆောက် အ​ဦ​များ​နှင့် လမ်း​များ​ကို​ပြန်​လည်​တည် ဆောက်​သူ​များ​ဟု​ခေါ်​ဝေါ်​သ​မုတ်​ခြင်း ကို​ခံ​ရကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။


သူ​တို့​သည်​ကာ​လ​ကြာ​မြင့်​စွာ ပျက်​စီး​ယို​ယွင်း​နေ​ခဲ့​သော​မြို့​များ​ကို ပြန်​လည်​တည်​ဆောက်​၍​အ​သစ်​ပြု​ပြင် ကြ​လိမ့်​မည်။


ဤ​ပြည်​သည်​လူ​နှင့်​တိ​ရစ္ဆာန်​ကင်း​မဲ့​သည့် သဲ​ကန္တာ​ရ​ကဲ့​သို့​ဖြစ်​လိမ့်​မည်​ဟူ​၍​လည်း ကောင်း၊ ဗာ​ဗု​လုန်​ပြည်​သား​တို့​၏​လက်​တွင်း သို့​ကျ​ရောက်​ရ​လိမ့်​မည်​ဟူ​၍​လည်း​ကောင်း လူ​တို့​ပြော​ဆို​နေ​ကြ​၏။ သို့​ရာ​တွင်​ဤ ပြည်​ရှိ​လယ်​ယာ​များ​ကို​အ​ရောင်း​အ​ဝယ် ပြု​လုပ်​ကြ​လိမ့်​မည်။-


ထာ​ဝ​ရ​ဘု​ရား​က``ဤ​အ​ရပ်​သည်​သဲ​ကန္တာ ရ​ကဲ့​သို့​လူ​သူ​တိ​ရစ္ဆာန်​များ​ကင်း​မဲ့​ရာ​ဖြစ် ၏​ဟု လူ​တို့​ပြော​ဆို​လျက်​နေ​ကြ​၏။ ယု​ဒ မြို့​များ​နှင့်​ယေ​ရု​ရှ​လင်​မြို့​လမ်း​များ တွင်​လူ​သူ​တိ​ရစ္ဆာန်​များ​ဆိတ်​သုဉ်း​လျက် နေ​သည်​ဆို​ခြင်း​မှာ​မှန်​ပေ​၏။ သို့​ရာ​တွင် ထို​အ​ရပ်​တို့​တွင်၊-


ပြည်​သူ​တို့​ငါ့​အား​ပြစ်​မှား​ခဲ့​ကြ​သည့်​အပြစ် များ​ကို​ဆေး​ကြော​စင်​ကြယ်​စေ​မည်။ သူ​တို့ ၏​အ​ပြစ်​များ​နှင့်​ပုန်​ကန်​မှု​တို့​ကို​ငါ​ခွင့် လွှတ်​မည်။-


သင်​တို့​ဣ​သ​ရေ​လ​လူ​မျိုး​တစ်​စု​လုံး ကို လူ​ဦး​ရေ​တိုး​ပွား​စေ​မည်။ သင်​တို့​သည် မြို့​များ​၌​နေ​ထိုင်​ရ​လိမ့်​မည်။ ယို​ယွင်း​ပျက် စီး​နေ​သ​မျှ​သော​အ​ရာ​တို့​ကို​ပြန်​လည် ပြု​ပြင်​ရ​လိမ့်​မည်။-


အ​နီး​မှ​ဖြတ်​သန်း​သွား​လာ​သူ​တို့​မြင် ရ​သော​ပေါင်း​ပင်​များ​ထ​နေ​သည့်​လယ် ယာ​များ​ကို​တစ်​ဖန်​ထွန်​ယက်​စေ​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ