Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ရ​မိ 12:13 - Common Language Bible

13 ငါ​၏​လူ​မျိုး​တော်​သည်​ဂျုံ​စ​ပါး​ကို​စိုက်​ပျိုး သော်​လည်း ဆူး​ပင်​များ​ကို​ရိတ်​သိမ်း​ရ​ကြ​၏။ သူ​တို့​သည်​အ​လုပ်​ကို​ကြိုး​စား​၍​လုပ်​သော် လည်း အ​ဘယ်​သို့​မျှ​အ​ကျိုး​မ​ရှိ။ ငါ​၏​အ​မျက်​တော်​ပြင်း​ထန်​မှု​ကြောင့် သူ​တို့​သည်​ရှက်​ကြောက်​ခြင်း​သီး​နှံ​ကို ရိတ်​သိမ်း ရ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

13 ဂျုံ မျိုး ကို ကြဲ သော် လည်း၊ ဆူး ပင် ကို သာ ရိတ် သိမ်း ကြ ရ၏။ ညောင်း ညာ အောင် လုပ် ကြ သော် လည်း၊ အ ကျိုး မ ရှိ။ ငါ ထာ ဝ ရ ဘု ရား ၏ အ မျက် တော် ရှိန် ကြောင့်၊ နေ ပြည် အ သီး အ နှံ များ ကို ထောက် ၍၊ စိတ် ပျက် ရ ကြ လ တ္တံ့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

13 သူ​တို့​သည် ဂျုံ​စ​ပါး​မျိုး​စေ့​ကို ကြဲ၍ ဆူး​ပင်​ကို​သာ ရိတ်​ရ​ကြ၏။ ပင်​ပန်း​စွာ​ကြိုး​စား​သော်​လည်း ကျေး​ဇူး​မ​ရှိ​ကြ။ ထာ​ဝ​ရ​ဘု​ရား၏ အ​မျက်​တော်​အ​ရှိန်​ကြောင့်၊ မိ​မိ​တို့​ခံ​ရ​သော​အ​ကျိုး​ကို ထောက်၍ ရှက်​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

13 သူ​တို့​သည် ဂျုံစေ့​ကို​ကြဲ​သော်လည်း ဆူးပင်​များ​ကို​သာ ရိတ်သိမ်း​ရ​၏​။ ပင်ပန်း​စွာ​ကြိုးစား​ကြ​သော်လည်း အကျိုး​မ​ခံစား​ရ​ကြ​။ ထာဝရဘုရား​၏​ပြင်းထန်​သော​အမျက်​တော်​ကြောင့် သူ​တို့​သည် အရှက်ကွဲ​ခြင်း​သီးနှံ​ကို ရိတ်သိမ်း​ရ​လိမ့်မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 12:13
19 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​သည်​မိ​မိ​၏​လူ​စု​တော်​အား အ​မျက်​ထွက်​တော်​မူ​သ​ဖြင့် သူ​တို့​ကို​သတ်​ဖြတ်​ရန်​ရန်​သူ​တို့​အား အ​ခွင့် ပေး​တော်​မူ​၏။


အ​စာ​အာ​ဟာ​ရ​မ​ဖြစ်​သည့်​အ​ရာ​အ​တွက် အ​ဘယ်​ကြောင့်​ငွေ​အ​ကုန်​အ​ကျ​ခံ​ကြ​ပါ မည်​နည်း။ သင်​၏​လုပ်​အား​ခ​များ​ကို​အ​ကုန်​ခံ​ကာ အ​ဘယ်​ကြောင့်​မွတ်​သိပ်​လျက်​နေ​ကြ​ပါ မည်​နည်း။ ငါ့​စ​ကား​ကို​နား​ထောင်​လျက်၊ငါ​ပြော​သည့်​အ​တိုင်း ပြု​လုပ်​ကြ​ပါ​မူ သင်​တို့​သည်​အ​မွန်​မြတ်​ဆုံး​သော​အ​စား​အ​စာ များ​ကို စား​သောက်​ရ​ကြ​လိမ့်​မည်။


``ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​လူ​တို့​၏​စိတ်​နေ သ​ဘော​ထား​ကို ရှာ​ဖွေ​၍​ကြည့်​တတ်​၏။ စိတ်​နှ​လုံး​အ​ကြံ​အ​စည်​ကို​လည်း​စစ်​ဆေး​၍ ကြည့်​တတ်​၏။ ငါ​သည်​လူ​အ​ပေါင်း​တို့​အား​သူ​တို့​လုပ်​ဆောင်​သည့် အ​ကျင့်​အ​ရ ထိုက်​သင့်​သည့်​အ​ကျိုး​အ​ပြစ်​ကို​ပေး​တတ်​၏'' ဟု​မိန့်​တော်​မူ​၏။


ထာ​ဝ​ရ​ဘု​ရား​၏​ပြင်း​ထန်​သော​အ​မျက် တော် အ​ရှိန်​ကြောင့် မြေ​သြ​ဇာ​ကောင်း​သော​ပြည်​သည်​သဲ​ကန္တာ​ရ ဖြစ်​လျက်၊ မြို့​များ​သည်​လည်း​ယို​ယွင်း​ပျက်​စီး​၍​နေ​လေ​ပြီ။


သူ​တို့​သည်​မိတ်​ဆွေ​များ​ကို​လိမ်​လည်​လှည့်​စား ကြ​၏။ အ​ဘယ်​သစ္စာ​စ​ကား​ကို​မျှ​မ​ပြော​မ​ဆို​ကြ။ သူ​တို့​သည်​မု​သား​စ​ကား​ပြော​ဆို​တတ်​ရန် မိ​မိ​တို့​နှုတ်​ကို​သွန်​သင်​ထား​ကြ​၏။ အ​ပြစ်​ကို​ပြု​၍​မိ​မိ​တို့​ကိုယ်​ကို​မော​ပန်း စေ​ကြ​ပြီ။


သူ​တို့​သည်​လေ​ကို​ကြဲ​သ​ဖြင့်​မုန်​တိုင်း​ကို ရိတ်​သိမ်း​ရ​လိမ့်​မည်။ လယ်​စ​ပါး​မ​ရင့်​မှည့် လျှင်​ဆန်​စ​ပါး​ကို​မ​ရ​နိုင်။ ထို​လယ်​မှ​ဆန် စ​ပါး​ထွက်​သည့်​တိုင်​အောင်​အ​ခြား​နိုင်​ငံ သား​တို့​စား​သုံး​ကြ​လိမ့်​မည်။-


ငါ​သည်​သင်​တို့​အား​ဒဏ်​ခတ်​မည်။ ကု​သ​၍​မ​ရ နိုင်​သော​ရော​ဂါ​ဝေ​ဒ​နာ​ကို​လည်း​ကောင်း၊ မျက်​စိ ကွယ်​ခြင်း၊ အား​အင်​ကုန်​ခန်း​ခြင်း​ကို​ဖြစ်​စေ သော​ရော​ဂါ​ဝေ​ဒ​နာ​ကို​လည်း​ကောင်း သင်​တို့ အား​ခံ​စား​စေ​မည်။ သင်​တို့​သည်​အ​သီး​အ​နှံ များ​ကို​စိုက်​ပျိုး​သော်​လည်း အ​ကျိုး​ကျေး​ဇူး ခံ​စား​ရ​မည်​မ​ဟုတ်။ အ​ဘယ်​ကြောင့်​ဆို​သော် သင်​တို့​၏​ရန်​သူ​များ​သည် သင်​တို့​ကို​တိုက် ခိုက်​အောင်​မြင်​၍​သင်​တို့​စိုက်​ပျိုး​သော အ​သီး​အ​နှံ​များ​ကို​စား​ကြ​မည်​ဖြစ် သော​ကြောင့်​တည်း။-


သင်​တို့​၏​မြေ​မှ​အ​သီး​အ​နှံ​မ​ထွက်၊ သစ်​သီး အ​ပင်​များ​မှ​အ​သီး​မ​သီး​သ​ဖြင့် သင်​တို့​ကြိုး ပမ်း​လုပ်​ကိုင်​သ​မျှ​တို့​သည်​အ​ချည်း​နှီး​သက် သက်​ဖြစ်​ရ​လိမ့်​မည်။


သင်​တို့​သည်​ကောက်​ပဲ​သီး​နှံ​ကို​စိုက်​ပျိုး​သော် လည်း အ​သီး​အ​နှံ​ကို​မ​ရိတ်​သိမ်း​ရ။ သင်​တို့ သည်​သံ​လွင်​ဆီ​ကြိတ်​သော်​လည်း​ဆီ​ကို​မ သုံး​ရ။ စ​ပျစ်​သီး​ကို​နယ်​သော်​လည်း​စ​ပျစ် ရည်​ကို​မ​သောက်​ရ။-


သင်​တို့​နှိမ်​နင်း​အောင်​မြင်​သည့်​လူ​မျိုး​တို့​သည်​% အ​ချည်း​နှီး​အ​လုပ်​ကြမ်း​ကို​လုပ်​လျက်​ပင်​ပန်း​% နွမ်း​နယ်​ရ​ကြ​ပေ​သည်။ သူ​တို့​တည်​ဆောက်​ခဲ့​% သ​မျှ​သော​အ​ဆောက်​အ​ဦ​တို့​သည်​မီး​လောင်​% ကျွမ်း​၍​သွား​လေ​ပြီ။ ဤ​အ​မှု​ကား​အ​နန္တ​% တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော​% အမှု​ဖြစ်​၏။-%


သင်​တို့​သည်​ဂျုံ​စ​ပါး​အ​မြောက်​အ​မြား​ကို စိုက်​ပျိုး​ပါ​သော်​လည်း အ​နည်း​ငယ်​မျှ​သာ ရိတ်​သိမ်း​ရ​ကြ​ပေ​သည်။ သင်​တို့​တွင်​အ​စာ ရေ​စာ​ရှိ​သော်​လည်း​ဝ​စွာ​စား​ရန်​မ​လုံ လောက်၊ စ​ပျစ်​ရည်​ရှိ​သော်​လည်း​မူး​ယစ်​အောင် သောက်​ရန်​မ​လုံ​လောက်၊ အ​ဝတ်​အ​စား​များ ရှိ​သော်​လည်း နွေး​ထွေး​အောင်​ဝတ်​ဆင်​ရန် မ​လုံ​လောက်၊ အ​လုပ်​သ​မား​သည်​လည်း​စား ဝတ်​နေ​ရေး​အ​တွက် လုံ​လောက်​အောင်​လုပ်​ခ ကို​မ​ရ​ရှိ။-


``သင်​တို့​သည်​အ​သီး​အ​နှံ​အ​မြောက်​အ​မြား ကို ရိတ်​သိမ်း​ရ​လိမ့်​မည်​ဟု​မျှော်​လင့်​ခဲ့​သော် လည်း အ​နည်း​ငယ်​မျှ​သာ​ရ​ကြ​၏။ အိမ်​သို့ ယူ​ဆောင်​လာ​ကြ​သော​အ​ခါ​၌​လည်း ငါ သည်​ယင်း​တို့​ကို​လေ​တွင်​လွင့်​စင်​သွား စေ​ခဲ့​၏။ အ​ဘယ်​ကြောင့်​ဤ​သို့​ငါ​ပြု​ရ သ​နည်း​ဆို​သော်​သင်​တို့​အား​လုံး​ပင် မိ​မိ တို့​နေ​အိမ်​များ​ကို​တည်​ဆောက်​မှု​ဖြင့်​အ​လုပ် ရှုပ်​ကာ၊ ငါ​၏​ဗိမာန်​တော်​ကို​မူ​ယို​ယွင်း​ပျက် စီး​လျက်​သာ​ရှိ​နေ​စေ​ကြ​သော​ကြောင့်​ဖြစ် ၏​ဟု​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​၏။-''


ထို​စဉ်​အ​ခါ​က​သင်​တို့​ပြု​ကျင့်​ခဲ့​သော​အ​မှု များ​သည်​မည်​သည့်​အ​ကျိုး​ကို​မျှ​မ​ပေး​ခဲ့။ သင် တို့​ကို​သာ​သေ​စေ​ခဲ့​၏။ ယ​ခု​အ​ခါ​သင်​တို့ သည်​ထို​အ​မှု​များ​အ​တွက်​ရှက်​ကြောက်​လျက် နေ​ကြ​၏။-


``သင်​တို့​သည်​မျိုး​စေ့​များ​စွာ​ကြဲ​သော် လည်း​ထွက်​လာ​သော အ​သီး​အ​နှံ​များ​ကို ကျိုင်း​ကောင်​များ​ကိုက်​စား​သော​ကြောင့် အ​နည်း​ငယ်​မျှ​သာ​ရိတ်​သိမ်း​ရ​လိမ့်​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ