ထိုနောက်သူတို့သည်သာယာသောပြည်သို့ ဝင်ရန် ငြင်းဆန်ကြသည်။ အဘယ်ကြောင့်ဆိုသော်သူတို့သည်ဘုရားသခင်၏ ကတိတော်ကိုမယုံကြသောကြောင့်ဖြစ်၏။
ယေရမိ 3:19 - Common Language Bible ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင့်အားသားအဖြစ်လက်ခံ၍ ပျော်မွေ့ဖွယ်ကောင်းသောပြည်၊ ကမ္ဘာပေါ်တွင်အသာယာဆုံးသောပြည်ကို ပေးအပ်ရန်ငါအလိုရှိခဲ့၏။ သင်သည်ငါ့အားအဖဟုခေါ်၍အဘယ်အခါ ၌မျှ ငါ့အားကျောမခိုင်းဘဲနေရန်၊ငါအလိုရှိခဲ့၏။ Garrad Bible လူ မျိုး ခြား တို့ ပိုင် ရ တ နာ ထက် ရ တ နာ၊ သာ ယာ သော ပြည် ကို ပေး သ နား ရန်၊ သား စု၌ သင့် ကို ငါ ထား ပါ လေ စေ သော ဟူ ၍ လည်း ကောင်း၊ ငါ့ အား အ ဘ ဟု ခေါ် ခွင့် ရ မည့် အ လျောက်၊ နောက် တော် က သင် ဆုတ် ခွာ တော့ မည် မ ဟုတ် ဟူ ၍ လည်း ကောင်း၊ ငါ မြော် လင့် ခဲ့ သော် လည်း၊ Judson Bible ငါသည်သင့်ကို သားတို့တွင် အဘယ်သို့ထားရအံ့နည်း။ သာယာသောပြည်၊ တိုင်းနိုင်ငံအပေါင်းတို့၏ထွတ်၊ ဘုန်းကြီးသော အမွေခံရာပြည်ကို သင့်အား အဘယ်သို့ပေးရအံ့နည်းဟု ငါမေးသောအခါ၊ သင်သည် ငါ့ကို အကျွန်ုပ်အဘဟူ၍ ခေါ်ရလိမ့်မည်။ ငါ့ထံမှလွှဲ၍ မသွားရဟု ငါပြန်ပြော၏။ မြန်မာ့စံမီသမ္မာကျမ်း သို့သော် ‘ငါသည် သင့်ကို သားတို့တွင် မည်သို့နေရာပေးရမည်နည်း။ သာယာသောပြည်နှင့် လူမျိုးအားလုံးတို့၏လှပသောအမွေကို သင့်အား မည်သို့ပေးရမည်နည်း’ဟု ငါဆိုခဲ့၏။ ‘သင်သည် ငါ့ကို အကျွန်ုပ်၏အဖဟု ခေါ်ဆိုပြီး ငါ့ထံမှ ပြန်လှည့်သွားမည် မဟုတ်’ဟု ငါထင်ခဲ့၏။ |
ထိုနောက်သူတို့သည်သာယာသောပြည်သို့ ဝင်ရန် ငြင်းဆန်ကြသည်။ အဘယ်ကြောင့်ဆိုသော်သူတို့သည်ဘုရားသခင်၏ ကတိတော်ကိုမယုံကြသောကြောင့်ဖြစ်၏။
ကျွန်တော်မျိုးအားကိုယ်တော်ရှင်ပေးတော်မူသော ဆုကျေးဇူးတော်များသည် အံ့သြဖွယ်ကောင်းလှပါသည်။ ယင်းတို့သည်ကောင်းမြတ်လှပါသည်တကား။
သူသည်ငါ့အား`ကိုယ်တော်ရှင်သည် ကျွန်တော်မျိုး၏အဖ၊ကျွန်တော်မျိုး၏ဘုရား၊ ကျွန်တော်မျိုးခိုလှုံရာ၊ကျွန်တော်မျိုး၏ကယ်တင်ရှင် ဖြစ်တော်မူပါ၏' ဟူ၍လျှောက်ထားလိမ့်မည်။
ပညာရှိသောသူတို့သည် ဘုန်းအသရေကို အမွေခံရ၍၊ မိုက်သောသူတို့မူကား၊ အရှက်ကွဲခြင်းကို ထမ်းသွားရကြလိမ့်မည်။
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့၏အဖ ဖြစ်တော်မူပါ၏။ ကျွန်တော်မျိုးတို့၏ဘိုးဘေး များဖြစ်သောအာဗြဟံနှင့်ယာကုပ်တို့ပင် လျှင် ကျွန်တော်မျိုးတို့အားအသိအမှတ်မ ပြုနိုင်ကြပါ။ သို့ရာတွင်ထာဝရဘုရား သည် ကျွန်တော်မျိုးတို့၏အဖဖြစ်တော်မူ ပါ၏။ ကျွန်တော်မျိုးတို့အားရှေးကာလ ထဲက အစဉ်အမြဲကယ်ဆယ်တော်မူခဲ့ သူမှာကိုယ်တော်ရှင်ပင်ဖြစ်ပါ၏။-
သို့ရာတွင် အို ထာဝရဘုရား၊ ကိုယ်တော်ရှင် သည်ကျွန်တော်မျိုးတို့၏ဖခင်ဖြစ်တော်မူ ပါ၏။ ကျွန်တော်မျိုးတို့သည်ရွှံ့စေးနှင့်တူ၍ ကိုယ်တော်ရှင်မူကားအိုးထိန်းသည်နှင့်တူ ပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့ အားဖန်ဆင်းတော်မူခဲ့သည့်အရှင်ဖြစ် သဖြင့်၊-
လူမျိုးခြားဘုရင်အများပင်ငါ၏ စပျစ် ဥယျာဉ်ကိုဖျက်ဆီးပစ်ကြလေပြီ။ သူတို့သည်ငါ၏လယ်ယာများကို နင်းချေပစ်ကြလေပြီ။ နှစ်သက်ဖွယ်ကောင်းသည့်ငါ့ပြည်တော် ကို သဲကန္တာရဖြစ်စေကြလေပြီ။
ထိုအချိန်ကာလကျရောက်လာသောအခါ ယေရုရှလင်မြို့သည်`ထာဝရဘုရား၏ရာဇ ပလ္လင်တော်' ဟုခေါ်ဝေါ်သမုတ်ခြင်းကိုခံရ လိမ့်မည်။ လူမျိုးတကာတို့သည်လည်း ထိုမြို့ တွင်စုရုံး၍ ငါ၏နာမတော်ကိုဂုဏ်ပြုကြ လိမ့်မည်။ သူတို့သည်မိမိတို့၏ဆိုးညစ်ခက် မာသည့်စိတ်အလိုကိုလိုက်၍ပြုကျင့်ကြ တော့မည်မဟုတ်။-
``ယခုသင်ကငါ့အား`ကိုယ်တော်ရှင်သည် ကျွန် တော်မျိုး၏အဖဖြစ်တော်မူပါ၏။ ကလေး ဘဝမှစ၍ပင်ကျွန်တော်မျိုးတို့အားချစ် တော်မူခဲ့ပါ၏။-
``အို ဣသရေလ၊သင်သည်ငါ၏အချစ်ဆုံးသား၊ ငါ၏အမြတ်နိုးဆုံးသားဖြစ်၏။ ငါသည်သင်၏နာမည်ကိုထုတ်ဖော်၍ ပြောဆိုရသည့်အခါတိုင်းသင့်အားလွမ်းဆွတ် သတိရလျက်နေ၏။ ငါသည်သင့်အားချစ်ခင်စွဲလန်းသည်ဖြစ်၍ ကရုဏာထားမည်။
သူတို့အားငါပြန်လည်ခေါ်ဆောင်လာစဉ် ငါ၏လူမျိုးတော်သည်ငိုကြွေးလျက်ဆုတောင်း ပတ္ထနာပြုလျက်ပြန်လာကြလိမ့်မည်။ ငါသည်သူတို့အားစမ်းရေရှိရာအရပ်များ သို့လည်းကောင်း၊ သူတို့ခြေချော်၍မလဲစေရန် လမ်းကောင်းများဖြင့်လည်းကောင်းခေါ်ဆောင်မည်။ ငါသည်ဣသရေလလူမျိုး၏အဘသဖွယ် ဖြစ်၍ ဧဖရိမ်အနွယ်သည်ငါ၏သားဦးဖြစ်၏။''
ယေရုရှလင်မြို့သည်ငါဝမ်းမြောက်ဂုဏ်ယူ ဝါကြွားစရာဖြစ်လိမ့်မည်။ ကမ္ဘာပေါ်ရှိလူ မျိုးအပေါင်းတို့သည် ထိုမြို့အားငါပေး အပ်သည့်ကောင်းကျိုးချမ်းသာအကြောင်း ကိုလည်းကောင်း၊ ထိုမြို့သို့ငါဆောင်ယူ လာသည့်စည်ပင်ဝပြောမှုအကြောင်းကို လည်းကောင်း ကြားသိရသောအခါကြောက် လန့်တုန်လှုပ်၍သွားကြလိမ့်မည်'' ဟု မိန့်တော်မူ၏။
``ငါသည်မိမိလူမျိုးတော်၏အပြစ်များကိုအဘယ်ကြောင့်ဖြေလွှတ်ရမည်နည်း။ သူတို့၏သားသမီးများသည်ငါ့ကိုစွန့်ပစ်ကာ ဘုရားအတုအယောင်များကိုတိုင်တည်လျက်ကျိန်ဆိုကြလေပြီ။ ငါသည်မိမိလူမျိုးတော်အားဝစွာကျွေးသော်လည်း သူတို့သည်သူတစ်ပါးအိမ်ရာကိုပြစ်မှားကာပြည့်တန်ဆာများနှင့်မှားယွင်းကြ၏။
သူတို့အားအီဂျစ်ပြည်မှထုတ်ဆောင်ကာ သူတို့အတွက်ရွေးချယ်ထားသောပြည်သို့ ခေါ်ယူသွားမည်ဟု ငါကတိပေးကျိန်ဆို ခဲ့သည်မှာထိုအခါကဖြစ်၏။ ထိုပြည်ကား နို့နှင့်ပျားရည်စီးဆင်းနေ၍ပေါများသော ပြည်၊ အသာယာဆုံးသောပြည်ဖြစ်၏။-
ချင်းနင်းဝင်ရောက်လာသည့်ဆီးရီးယားဘုရင် သည်ခုခံမှုကိုမခံရဘဲ ထိုသူတို့အားမိမိ အလိုရှိသည်အတိုင်းပြုနိုင်လိမ့်မည်။ သူသည် ကတိထားတော်မူသောပြည်တော်သို့ဝင်၍ မိမိ၏လက်တွင်းသို့အပြီးတိုင်ကျရောက် စေလိမ့်မည်။
ကတိထားတော်မူသောပြည်ကိုပင်ချဉ်း နင်းဝင်ရောက်ကာ ထောင်ပေါင်းများစွာသော လူတို့ကိုသတ်ဖြတ်လိမ့်မည်။ သို့ရာတွင် ဧဒုံပြည်၊ မောဘပြည်၊ အမ္မုန်ပြည်တို့ သည်ဘေးမှလွတ်မြောက်ကြလိမ့်မည်။-
သူသည်ဗိမာန်တော်တည်ရာတောင်တော်နှင့် ပင်လယ်စပ်ကြားတွင် မိမိအတွက်တဲတော် ကြီးများကိုပင်တည်ဆောက်လိမ့်မည်။ သို့ ရာတွင်မိမိအားမစကူညီမည့်သူမရှိ ဘဲထိုအရပ်တွင်သေဆုံးလိမ့်မည်။''
ထိုဦးချိုလေးချောင်းအနက်တစ်ချောင်း တွင်ချိုအတက်တစ်ချောင်းပေါက်၍လာ၏။ ထိုချိုတက်သည်တောင်ဘက်အရပ်၊ အရှေ့ အရပ်နှင့်ကတိထားတော်မူသောပြည်တော် သို့တိုင်အောင်အာဏာတန်ခိုးရှိလေသည်။-
``အို ဣသရေလငါသည်သင့်ကိုအဘယ်သို့ ပစ်ပယ်နိုင်မည်နည်း။ ငါသည်သင့်ကိုအဘယ်သို့ စွန့်ပစ်နိုင်မည်နည်း။ ငါသည်အာဒမာမြို့ကိုဖျက်ဆီးသကဲ့သို့ လည်းကောင်း၊ ဇေဘိုင်မြို့ကိုပျက်သုဉ်းစေသကဲ့သို့လည်း ကောင်း၊ သင့်ကိုအဘယ်သို့သုတ်သင်ဖျက်ဆီးနိုင်မည် နည်း။ သင်တို့အပေါ်၌ငါ့မေတ္တာကရုဏာသည် ကြီးမားလှသောကြောင့်၊ ငါ၏စိတ်နှလုံးသည်ထိုသို့မပြုရက်နိုင်။
သင်တို့အပေါင်းသည်ယုံကြည်ခြင်းအားဖြင့် ခရစ်တော်ယေရှုနှင့်တစ်လုံးတစ်ဝတည်း ဖြစ်လျက် ဘုရားသခင်၏သားများဖြစ် ကြ၏။-
ငါတို့ကိုကိုယ်တော်၏သားများဖြစ်စေရန် ယေရှုခရစ်အားဖြင့်ရွေးကောက်တော်မူပြီး ဖြစ်သည်။ ဤကားကိုယ်တော်၏အလိုတော် နှင့်အကြံအစည်တော်ပင်ဖြစ်ပေသည်။-
``သင်တို့သည်သင်တို့ဘုရားသခင်ထာဝရ ဘုရား၏လူမျိုးတော်ဖြစ်သောကြောင့် သေဆုံး သူအတွက်ဝမ်းနည်းကြေကွဲကြသောအခါ ကိုယ်ခန္ဓာကိုကွဲရှပွန်းပဲ့စေခြင်း၊ ဆံဦး စွန်းကိုရိတ်ခြင်းမပြုရ။-
ငါတို့သည်တွန့်ဆုတ်သဖြင့်ဆုံးပါးပျက် စီးရသူများမဟုတ်ဘဲ ယုံကြည်သဖြင့် ကယ်တင်ခြင်းကိုခံရသူများဖြစ်ကြ၏။
ထို့အပြင်လူခပ်သိမ်းတို့အားမျက်နှာကြီး ငယ်မလိုက်ဘဲသူတို့၏အကျင့်အလျောက် တရားစီရင်တော်မူတတ်သောဘုရားသခင် ထံသို့ဆုတောင်းပတ္ထနာပြုသောအခါ သင် တို့သည်ကိုယ်တော်အားအဖဟုခေါ်လျက် ဆုတောင်းပတ္ထနာပြုကြ၏။ သို့ဖြစ်၍ဤ လောကတွင်အသက်ရှင်သမျှကာလပတ် လုံးထိုအရှင်အားကြောက်ရွံ့ရိုသေကြ လော့။-