ယေရမိ 31:20 - Common Language Bible20 ``အို ဣသရေလ၊သင်သည်ငါ၏အချစ်ဆုံးသား၊ ငါ၏အမြတ်နိုးဆုံးသားဖြစ်၏။ ငါသည်သင်၏နာမည်ကိုထုတ်ဖော်၍ ပြောဆိုရသည့်အခါတိုင်းသင့်အားလွမ်းဆွတ် သတိရလျက်နေ၏။ ငါသည်သင့်အားချစ်ခင်စွဲလန်းသည်ဖြစ်၍ ကရုဏာထားမည်။ အခန်းကိုကြည့်ပါ။Garrad Bible20 ဧ ဖ ရိမ် သည် နှစ် သက် ဖွယ် သား ရ တ နာ ဖြစ် သည် မ ဟုတ် လော။ အ ပြစ် တင် သည့် အ ခါ တိုင်း ငါ အောက် မေ့ သ ဖြင့်၊ စိတ် ကြင် နာ လျက် က ရု ဏာ သက် သည် ဟု၊ ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။ အခန်းကိုကြည့်ပါ။Judson Bible20 ဧဖရိမ်သည် ငါ၏ချစ်သားဖြစ်သလော။ ချစ်ဖွယ်သော သူငယ်ဖြစ်သလော။ သူ၏အကြောင်းကို ငါပြောလေရာရာ၌ ငါသည် အလွန်တရာ အောက်မေ့လျက်နေ၏။ ထိုကြောင့်၊ ငါသည် သူ့အတွက် စိတ်ကြင်နာခြင်းရှိ၏။ အကယ်စင်စစ် သူ့ကိုငါကယ်မသနားမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း20 ထာဝရဘုရားက “ဧဖရိမ်သည် ငါချစ်သောသား၊ ငါမြတ်နိုးသောသားလေးဖြစ်သည်မဟုတ်လော။ ငါသည် သူ့ကို အပြစ်တင်ပြောဆိုလေတိုင်း သူ့ကို အစဉ်သတိရလျက်ရှိပါ၏။ ထို့ကြောင့် သူ့အတွက် စိုးရိမ်ပူပန်၏။ သူ့ကို အလွန်သနား၏”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
သို့ရာတွင်ထာဝရဘုရားသည်သင်တို့အား ကျေးဇူးပြုတော်မူရန် စောင့်ဆိုင်း၍နေတော်မူ ပါ၏။ ကိုယ်တော်သည်တရားမျှတမှုကို အစဉ်ပြုတော်မူတတ်သည်ဖြစ်၍ သင်တို့ အားကရုဏာပြတော်မူရန်အသင့်ရှိ တော်မူပါ၏။ ထာဝရဘုရားကိုယုံကြည် ကိုးစားကြသူတို့သည်မင်္ဂလာရှိကြ၏။
အို ထာဝရဘုရား၊ သန့်ရှင်းမြင့်မြတ်၍ဘုန်း အသရေတော်တောက်ပရာကောင်းကင်ဘုံတည်း ဟူသော ကိုယ်တော်ရှင်ကျိန်းဝပ်တော်မူရာအရပ် မှနေ၍ကျွန်တော်မျိုးတို့အားငုံ့၍ကြည့်တော် မူပါ။ ကျွန်တော်မျိုးတို့အတွက်ကိုယ်တော်ရှင် စိုးရိမ်ကြောင့်ကြတော်မူသည်ကားအဘယ်မှာ နည်း။ ကိုယ်တော်ရှင်၏တန်ခိုးတော်သည်အဘယ် မှာနည်း။ ကိုယ်တော်ရှင်၏မေတ္တာနှင့်သနားကြင် နာမှုသည်အဘယ်မှာနည်း။ ကျွန်တော်မျိုး တို့အားလျစ်လူရှုတော်မမူပါနှင့်။-
သူတို့အားငါပြန်လည်ခေါ်ဆောင်လာစဉ် ငါ၏လူမျိုးတော်သည်ငိုကြွေးလျက်ဆုတောင်း ပတ္ထနာပြုလျက်ပြန်လာကြလိမ့်မည်။ ငါသည်သူတို့အားစမ်းရေရှိရာအရပ်များ သို့လည်းကောင်း၊ သူတို့ခြေချော်၍မလဲစေရန် လမ်းကောင်းများဖြင့်လည်းကောင်းခေါ်ဆောင်မည်။ ငါသည်ဣသရေလလူမျိုး၏အဘသဖွယ် ဖြစ်၍ ဧဖရိမ်အနွယ်သည်ငါ၏သားဦးဖြစ်၏။''
ဤသို့ငါပြုခဲ့သည်မှာသေချာသကဲ့သို့ ယာကုပ်၏သားမြေးများနှင့်လည်းကောင်း၊ ငါ၏အစေခံဒါဝိဒ်နှင့်လည်းကောင်းထား ရှိခဲ့သည့်ပဋိညာဉ်ကိုစောင့်ထိန်းရန်သေ ချာ၏။ ငါသည်အာဗြဟံ၊ ဣဇာက်နှင့်ယာကုပ် တို့၏သားမြေးများကိုအုပ်စိုးရန်အတွက် ဒါဝိဒ်၏အမျိုးအနွယ်တစ်ဦးကိုရွေး ကောက်မည်။ ငါ၏လူမျိုးတော်အားတစ်ဖန် ပြန်၍ကောင်းစားစေမည်။ ငါသည်သူတို့ ၏အပေါ်၌ကရုဏာထားမည်'' ဟု မိန့်တော်မူ၏။
ငါအရှင်ထာဝရဘုရားသည်အသက်ရှင် တော်မူသောဘုရားဖြစ်တော်မူသည်နှင့် အညီ ငါမိန့်တော်မူသည်ကားအပြစ်ကူး လွန်သူတစ်စုံတစ်ယောက်သေသည်ကိုမ မြင်လို ထိုသူအပြစ်ကူးလွန်မှုကိုရပ်စဲ ၍အသက်ရှင်သည်ကိုသာလျှင်တွေ့မြင် လိုသည်။ အချင်းဣသရေလအမျိုးသား တို့၊ သင်တို့ပြုလျက်ရှိသည့်အပြစ်ဒု စရိုက်ကိုရပ်စဲကြလော့။ ရပ်စဲသောသင် တို့သည်အဘယ်ကြောင့်သေချင်ကြ သနည်း။
သို့ရာတွင်ယင်းသို့ဖြစ်စေကာမူသူတို့သည် ရန်သူ၏ပြည်တွင်နေထိုင်ရစဉ် ငါသည်သူတို့ ကိုအပြီးအပိုင်စွန့်ပစ်မည်မဟုတ်။ ဖျက်ဆီး ပစ်မည်လည်းမဟုတ်။ အကယ်၍ငါသည်သင် တို့ကိုအပြီးအပိုင်စွန့်ပစ်ပါမူ ငါနှင့်သူတို့ ပြုသောပဋိညာဉ်သည်ပျက်ပြယ်လိမ့်မည်။ ငါ သည်သူတို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်တော်မူ၏။-