ထာဝရဘုရားက``ယေရမိ၊ သင်အဘယ် အရာကိုမြင်သနည်း'' ဟုမေးတော်မူလျှင်၊ ငါကလည်း``ဗာတံကိုင်းကိုမြင်ပါသည်'' ဟုပြန်လည်လျှောက်ထား၏။
ယေရမိ 2:1 - Common Language Bible ထာဝရဘုရားသည်ငါ့အား၊- Garrad Bible ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် သည်၊ ငါ သို့ ရောက် ပြန် သည် မှာ၊ သင် တို့ သည် မျိုး မ ကြဲ ရာ ပြည်၊ သဲ တော အ ရပ် တွင်၊ ငါ့ နောက် သို့ လိုက် ပါ ရာ၌၊ ပျို ရွယ် သူ အ ဖြစ် ကြည် ညို ခဲ့ ခြင်း၊ မင်္ဂ လာ ဆောင် သ တို့ သ မီး အ ဖြစ် ချစ် ခင် ခြင်း ကို ငါ သ တိ ရ၏။ ငါ ထာ ဝ ရ ဘု ရား ဗျာ ဒိတ် တော် အ တိုင်း၊ ဣ သ ရေ လ လူ မျိုး သည် ထာ ဝ ရ ဘု ရား အ ဖို့ သီး သန့် လေ ပြီ။ မြေ တော် ထွက် လက် ဦး လက် ဖျား ဖြစ် သ ဖြင့်၊ စား မျို သူ တိုင်း ပြစ် ဒဏ် ခံ ထိုက် သည့် အ လျောက်၊ ဘေး သင့် လိမ့် မည် ဟု ငါ ထာ ဝ ရ ဘု ရား မိန့် တော် မူ ခဲ့ ကြောင်း၊ ယေ ရု ရှ လင် မြို့ သို့ သွား၍၊ ကြေ ငြာ လော့ ဟူ၍ တည်း။ Judson Bible တစ်ဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်၍၊ သင်သည် ယေရုရှလင်မြို့သို့ သွားပြီးလျှင်၊ မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၍ |
ထာဝရဘုရားက``ယေရမိ၊ သင်အဘယ် အရာကိုမြင်သနည်း'' ဟုမေးတော်မူလျှင်၊ ငါကလည်း``ဗာတံကိုင်းကိုမြင်ပါသည်'' ဟုပြန်လည်လျှောက်ထား၏။
``သင်သည်ယေရုရှလင်မြို့သို့သွား၍ ထိုမြို့ တွင်နေထိုင်သူအပေါင်းတို့အားဤသတင်း စကားကိုပြန်ကြားလော့။'' သင်တို့သည်ငယ်ရွယ်စဉ်အခါကအဘယ်သို့ သစ္စာရှိခဲ့ကြသည်ကိုငါသတိရ၏။ သင်သည်သတို့သမီးကဲ့သို့ငါ့ကိုချစ်ခဲ့၏။ သင်တို့သည်စိုက်ပျိုးခြင်းမရှိသော တောကန္တာရတစ်လျှောက်လုံးကိုဖြတ်၍ ငါ၏အနောက်သို့လိုက်ခဲ့ကြ၏။
အိပ်မက်ကိုမြင်မက်သည့်ပရောဖက်သည် မိမိ မြင်မက်သည့်အရာမှာအိပ်မက်မျှသာဖြစ် ကြောင်းပြောကြားသင့်၏။ သို့ရာတွင်ငါ၏ ဗျာဒိတ်တော်ကိုကြားသည့်ပရောဖက်မူကား ထိုဗျာဒိတ်တော်ကိုသစ္စာနှင့်ပြန်ကြားရ၏။ ဂျုံ ဆန်နှင့်နှိုင်းစာသော်ကောက်ရိုးသည်အဘယ် မျှအသုံးဝင်သနည်း။-
ထာဝရဘုရားသည်ယေရမိအားဗိမာန် တော်၏ဝင်းတံခါးသို့စေလွှတ်တော်မူ၍ ထိုဝင်းတံခါးအနီးတွင်ရပ်လျက်ဤ သို့ကြေညာစေ၏။-
သူ၏စပျစ်ခြံများကိုလည်းပြန်လည်ရှင် သန်စေ၍ အာခေါ်ဟူသောဒုက္ခချိုင့်ဝှမ်းကို မျှော်လင့်ရာတံခါးဖြစ်စေမည်။ သူသည် အသက်အရွယ်ငယ်စဉ်အီဂျစ်ပြည်မှထွက် လာသောအခါကကဲ့သို့ ငါ့အားမေတ္တာတုံ့ ပြန်လိမ့်မည်။-
အတိတ်ကာလ၌ဘုရားသခင်သည်ငါတို့ ဘိုးဘေးတို့အားအကြိမ်ပေါင်းများစွာ နည်း အမျိုးမျိုးဖြင့်ပရောဖက်များမှတစ်ဆင့် ဗျာဒိတ်ပေးတော်မူ၏။-
အဘယ်ကြောင့်ဆိုသော်မည်သည့်ပရောဖက် ဟောပြောချက်မျှ မိမိ၏အလိုဆန္ဒအရပေါ် ပေါက်လာခြင်းမဟုတ်။ သန့်ရှင်းသောဝိညာဉ်တော် နှိုးဆော်ခြင်းကိုခံရသောသူတို့သည် ဘုရား သခင်၏ထံတော်မှလာသောဗျာဒိတ်တော်ကို ဟောပြောခြင်းဖြစ်သည်။