ယေရမိ 13:9 - Common Language Bible ``ဤနည်းအတိုင်းပင်ငါသည်ယုဒပြည် ၏စိတ်နေမြင့်မှုနှင့်ယေရုရှလင်မြို့၏ မာန်မာနထောင်လွှားမှုကိုချိုးနှိမ်မည်။- Garrad Bible ငါ ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း၊ ယု ဒ ပြည် သူ တို့၏ မာ န ရှိ ခြင်း၊ ယေ ရု ရှ လင် မြို့ သား တို့ မာ န ကြီး ခြင်း များ ကို၊ ထို နည်း တူ ပင် ငါ ဆွေး ရိ စေ မည်။ Judson Bible ထိုနည်းတူ၊ ယုဒပြည်၏ထောင်လွှားခြင်းကို ငါရှုတ်ချမည်။ ယေရုရှလင်မြို့၏ထောင်လွှားခြင်းကို အလွန်ရှုတ်ချမည်။ မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားက “ယုဒပြည်၏မာန၊ ဂျေရုဆလင်မြို့၏မာနကြီးခြင်းကို ထိုခါးပတ်ကဲ့သို့ ငါဖျက်ဆီးမည်။ |
ယုဒပြည်သူတို့က``မောဘပြည်သူတို့သည် အဘယ်မျှမာန်မာနကြီးကြကြောင်းကိုငါ တို့ကြားရကြလေပြီ။ သူတို့သည်မောက်မာ ထောင်လွှားလျက်မိမိတို့ကိုယ်ကိုအထင်ကြီး လျက်နေခဲ့ကြသော်လည်း သူတို့ဝါကြွားမှု များသည်အချည်းနှီးသာဖြစ်ကြောင်းကို ငါတို့သိပါ၏'' ဟုဆိုကြ၏။
အနန္တတန်ခိုးရှင်ထာဝရဘုရားပင်ဖြစ် ပါသည်တကား။ ကိုယ်တော်သည်ထိုသူတို့ ၏မာန်မာနကိုချိုးတော်မူလိုသဖြင့်၊ သူ တို့တွင်ဂုဏ်အသရေရှိသူတို့အားရှုတ်ချ တော်မူလိုသဖြင့်ဤသို့ကြံစည်တော်မူ ခြင်းဖြစ်ပေသည်။
ယုဒဘုရင်များ၊ ခေါင်းဆောင်များနှင့်တကွ ယေရုရှလင်မြို့နှင့်ယုဒမြို့ရှိသမျှတို့သည် ရှုမြင်ရသူတို့ထိတ်လန့်တုန်လှုပ်ဖွယ်ရာ သဲကန္တာရဖြစ်လျက် ယင်းတို့၏အမည်နာမ သည်လည်းလူတို့ကျိန်ဆဲရာတွင်အသုံးပြု သည့်စကားအသုံးအနှုန်းဖြစ်လာစေရန် ထိုအမျက်တော်ရည်ကိုသောက်ရကြ၏။ ယခုအခါထိုမြို့တို့သည်ယင်းအတိုင်း ပင်ဖြစ်ပျက်လျက်ရှိပေသည်။
မောဘပြည်သည်အလွန်မာနကြီး၏။ ပြည်သူ တို့သည်အဘယ်မျှစိတ်နေမြင့်၍၊ မောက်မာ ထောင်လွှားကာမာန်မာနကြီးကြကြောင်းကို လည်းကောင်း၊ အဘယ်မျှကိုယ်ကျိုးရှာတတ် ကြောင်းကိုလည်းကောင်းငါကြားသိတော် မူပြီ။-
သူတို့သည်မာနကြီး၍ငါမုန်းသည့်အမှု တို့ကိုပြုကြ၏။ သို့ဖြစ်၍သင်ကောင်းစွာ သိသည်အတိုင်း ငါသည်သူတို့အားပျက်စီး စေ၏။
မိမိ၏ဆိုးညစ်မှုများကိုလူမသိမီမာန် မာနထောင်လွှားနေစဉ်အခါက သင်သည် သင်၏ညီမသောဒုံမြို့၏နာမည်ကိုဖော်ပြ ခြင်းမပြုခဲ့ ယခုအခါ၌သင်ကိုယ်တိုင် သည်ဧဒုံသမီးပျိုနှင့်အိမ်နီးချင်းများ၊ ဖိလိတ္တိသမီးပျိုနှင့်အိမ်နီးချင်းများနှင့် သင့်ကိုမုန်းသောသူတို့ပြက်ရယ်ပြုစရာ ဖြစ်လေပြီ။-
သင်တို့၏မာန်စွယ်ကိုငါချိုးမည်။ သင်တို့ ပြည်တွင်မိုးမရွာသဖြင့် မြေကြီးသည် ခြောက်သွေ့၍သံကဲ့သို့မာကြောလိမ့်မည်။-
(ထာဝရဘုရားသည် ဣသရေလပြည်သား ရန်သူများလုယက်တိုက်ခိုက်မှုမပြုမီ အခါက အခြေအနေသို့ပြန်လည်ရောက် ရှိစေတော်မူတော့အံ့။)
အို ငါ၏လူမျိုးတော်၊ ထိုအခါသင်တို့ သည်ငါ့ကိုပုန်ကန်ခဲ့သည့်အတွက်ရှက် ကြောက်နေရန်လိုတော့မည်မဟုတ်။ ငါ သည်မာနကြီးသူမောက်မာထောင်လွှား သူမှန်သမျှကိုပယ်ရှင်းမည်ဖြစ်၍ သင် တို့သည်နောက်တစ်ဖန်အဘယ်အခါ၌ မျှယေရုရှလင်မြို့ရှိ ငါ၏သန့်ရှင်းမြင့် မြတ်သည့်တောင်တော်ပေါ်တွင်ငါ့ကိုပုန် ကန်ကြတော့မည်မဟုတ်။-
သင်တို့အားငါဆိုသည်ကားဤသူသည် ဘုရားသခင်၏ရှေ့တော်တွင်သူတော်ကောင်း အဖြစ်ဖြင့်အိမ်သို့ပြန်ရ၏။ ဖာရိရှဲမူကား ထိုသို့မဟုတ်။ အဘယ်ကြောင့်ဆိုသော်မိမိ ကိုယ်ကိုချီးမြှောက်သူသည်နှိမ့်ချခြင်းခံရ ၍ မိမိကိုယ်ကိုနှိမ့်ချသူသည်ချီးမြှောက်ခြင်း ခံရမည်ဖြစ်သောကြောင့်တည်း'' ဟုမိန့်တော် မူ၏။
သို့ရာတွင်ငါတို့အားဘုရားသခင်ပေးသနား တော်မူသောကျေးဇူးတော်သည်ပို၍စွမ်းအား ကြီးပေသည်။ ``ဘုရားသခင်သည်မာနကြီး သူတို့အားဆန့်ကျင်ဘက်ပြုတော်မူ၍နှိမ့်ချ သောသူတို့အားကျေးဇူးတော်ကိုချပေးတော် မူ၏'' ဟုကျမ်းစာလာသည်နှင့်အညီဖြစ်၏။
ထိုနည်းတူစွာသင်တို့လူငယ်လူရွယ်များသည် လူကြီးတို့၏စကားကိုနားထောင်ရကြမည်။ သင်တို့အားလုံးပင်နှိမ့်ချသောစိတ်တည်းဟူ သောတန်ဆာကိုဆင်လျက်တစ်ဦး၏အစေကို တစ်ဦးခံရကြမည်။ အဘယ်ကြောင့်ဆိုသော် ကျမ်းစာတော်တွင်``ဘုရားသခင်သည်မာန ကြီးသူကိုဆီးတားတော်မူ၏။ သို့ရာတွင် စိတ်နှိမ့်ချသူကိုမူကားကျေးဇူးပြုတော် မူ၏'' ဟုဖော်ပြပါရှိသောကြောင့်တည်း။-