ယေရမိ 25:18 - Common Language Bible18 ယုဒဘုရင်များ၊ ခေါင်းဆောင်များနှင့်တကွ ယေရုရှလင်မြို့နှင့်ယုဒမြို့ရှိသမျှတို့သည် ရှုမြင်ရသူတို့ထိတ်လန့်တုန်လှုပ်ဖွယ်ရာ သဲကန္တာရဖြစ်လျက် ယင်းတို့၏အမည်နာမ သည်လည်းလူတို့ကျိန်ဆဲရာတွင်အသုံးပြု သည့်စကားအသုံးအနှုန်းဖြစ်လာစေရန် ထိုအမျက်တော်ရည်ကိုသောက်ရကြ၏။ ယခုအခါထိုမြို့တို့သည်ယင်းအတိုင်း ပင်ဖြစ်ပျက်လျက်ရှိပေသည်။ အခန်းကိုကြည့်ပါ။Garrad Bible18 ဆိတ် ညံ ရာ၊ ပြက် ရယ် ပြု ရာ၊ ကျိန် ဆဲ ရာ၊ အံ့ ဖွယ် သ ရဲ၊ ဖြစ် စေ ရန်၊ ယေ ရု ရှ လင် မြို့ မှ စ ၍၊ ယု ဒ ပြည် မြို့ ရွာ များ နှင့် ဘု ရင် များ၊ မှူး မတ် များ အား လည်း ကောင်း၊ အခန်းကိုကြည့်ပါ။Judson Bible18 ထိုလူမျိုးများဟူမူကား၊ ယနေ့ရှိသည်အတိုင်း လူဆိတ်ညံရာ၊ အံ့ဩဖွယ်ရာ၊ ကဲ့ရဲ့သံကိုကြားရာ၊ ကျိန်ဆဲရာ ဖြစ်စေခြင်းငှာ၊ သောက်ရသော ယေရုရှလင်မြို့သူ၊ ယုဒပြည်သား၊ ယုဒရှင်ဘုရင်များ၊ မှူးမတ်များ၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း18 ဂျေရုဆလင်မြို့မှစ၍ ယုဒမြို့ရွာများ၊ ရှင်ဘုရင်များ၊ အကြီးအကဲများသည် ယနေ့ကဲ့သို့ပင် ပြိုပျက်ရာ၊ ထိတ်လန့်စရာ၊ ကဲ့ရဲ့စရာ၊ ကျိန်ဆဲစရာဖြစ်စေရန် သူတို့ကို သောက်စေ၏။ အခန်းကိုကြည့်ပါ။ |
ယေရုရှလင်မြို့နှင့်တကွမြို့သူမြို့သားတို့ အား ဒဏ်ခတ်ရန်ငါခြိမ်းခြောက်သည်ကိုကြား သိသောအခါ သင်သည်ငိုကြွေးကာမိမိအဝတ် ကိုဆုတ်ပြီးလျှင် နောင်တရ၍ငါ၏ရှေ့တော် တွင်စိတ်နှိမ့်ချလျက်နေ၏။ ငါသည်ဤမြို့ကို ပျက်ပြုန်းစေမည်။ ဤမြို့၏နာမည်သည် လူတို့ ကျိန်ဆဲရာလက်သုံးစကားဖြစ်လိမ့်မည်။ သို့ ရာတွင်ငါသည်သင်၏ဆုတောင်းပတ္ထနာကို နားညောင်းတော်မူပြီ။-
ဘိုးဘေးများလက်ထက်မှအစပြု၍ယနေ့ တိုင်အောင်ပင် ကိုယ်တော်၏လူမျိုးတော်အကျွန်ုပ် တို့သည် လွန်စွာအပြစ်ကူးခဲ့ကြပါ၏။ ထို အပြစ်များကြောင့်အကျွန်ုပ်တို့၏ဘုရင်များ နှင့်ယဇ်ပုရောဟိတ်တို့သည် လူမျိုးခြားဘုရင် များ၏လက်သို့အပ်နှင်းခြင်း၊ ဋ္ဌားဘေးသင့်ခြင်း၊ လုယက်ခြင်း၊ သုံ့ပန်းအဖြစ်ဖမ်းဆီးသွားခြင်း၊ ယခုအခါ၌ကဲ့သို့လုံးဝအသရေပျက် ခြင်းတို့ကိုခံရကြပါ၏။-
ငါသည်ကမ္ဘာပေါ်ရှိလူမျိုးတကာတို့ထိတ် လန့်တုန်လှုပ်သွားလောက်အောင် ဆိုးရွားသည့် ဘေးအန္တရာယ်ကိုသူတို့အပေါ်သို့သက် ရောက်စေမည်။ သူတို့အားလူတို့သည်ပြက် ရယ်ပြုကြလိမ့်မည်။ သူတို့၏အကြောင်း ကိုပြက်လုံးထုတ်လျက်သရော်ပြောဆို ကြလိမ့်မည်။ သူတို့အားငါကွဲလွင့်စေ သည့်အရပ်မှန်သမျှတို့၌လည်း သူတို့ ၏အမည်နာမကိုကျိန်ဆဲရာတွင် အသုံးပြုကြလိမ့်မည်။-
`ငါသည်မြောက်အရပ်မှလူမျိုးများနှင့်ငါ ၏အစေခံဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာ ကိုဆင့်ခေါ်ကာ ဤပြည်သူပြည်သားအပေါင်း တို့နှင့်နီးနားပတ်ဝန်းကျင်ရှိပြည်သူများ မှလူမျိုးအပေါင်းတို့အားတိုက်ခိုက်စေမည်။ ငါသည်ယင်းတို့ကိုအကြွင်းမဲ့ဖျက်ဆီး၍ ထာဝစဉ်ယိုယွင်းပျက်စီးစေသဖြင့်ရှုမြင် ရသူတို့လန့်ဖျပ်တုန်လှုပ်ကြလိမ့်မည်။ ဤ ကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏။-
ယခုအခါ၌ပင်လျှင်သင်တို့၏ပြည်သည် ယိုယွင်းပျက်စီးကာလူသူဆိတ်ညံလျက် ရှိ၏။ ထာဝရဘုရားသည်သင်တို့၏ယုတ် မာဆိုးညစ်သည့်အကျင့်များကိုသည်းခံ တော်မမူနိုင်သဖြင့် ထိုပြည်သည်လူတို့ ရှေ့၌စက်ဆုပ်ရွံရှာဖွယ်ဖြစ်၍နေလေပြီ။ လူတို့သည်လည်းထိုပြည်၏အမည်နာမ ကိုကျိန်စာအဖြစ်အသုံးပြုကြလေပြီ။-