သို့ရာတွင်၊သူယုတ်မာတို့မူကားအဘယ်နည်းနှင့်မျှဤသို့မဖြစ်နိုင်။ သူတို့သည်လေတိုက်ရာတွင်လွင့်ပါသွားတတ်သောဖွဲနှင့်တူကြ၏။
ယေရမိ 13:24 - Common Language Bible ထာဝရဘုရားသည်သင်တို့အားသဲကန္တာရ မှလာသောလေပြင်းတွင် လွင့်ပါသွားသည့် ဖွဲကဲ့သို့ကွဲလွင့်စေတော်မူလိမ့်မည်။- Garrad Bible သဲ တော မှ လေ ပြင်း ရှေ့၊ ဖွဲ လွင့် ပျောက် သည့် နည်း တူ၊ သင် တို့ ကို ငါ ကွဲ လွင့် စေ မည်။ Judson Bible ထိုကြောင့်၊ ဖွဲကို လေပြင်းတိုက်လွှင့်သကဲ့သို့၊ ထိုသူတို့ကို ငါလွင့်စေမည်။ မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ ကန္တာရလေတိုက်သွားသောဖွဲကဲ့သို့ သူတို့ကို ငါကွဲလွင့်စေမည်။ |
သို့ရာတွင်၊သူယုတ်မာတို့မူကားအဘယ်နည်းနှင့်မျှဤသို့မဖြစ်နိုင်။ သူတို့သည်လေတိုက်ရာတွင်လွင့်ပါသွားတတ်သောဖွဲနှင့်တူကြ၏။
ထိုနိုင်ငံသားတို့သည်လှိုင်းလုံးများသဖွယ် တစ်ဟုန်တည်းရှေ့သို့ချီတက်လာကြ၏။ သို့ ရာတွင်ဘုရားသခင်ကသူတို့အားဖြင့် ပြင်း ပြင်းထန်ထန်မိန့်ကြားဆုံးမတော်မူသော အခါသူတို့သည်တောင်နံရံမှမြေမှုန့်များ ကဲ့သို့လည်းကောင်း၊ လေဗွေတွင်လွင့်ပါသွား သည့်ဖွဲကဲ့သို့လည်းကောင်းဆုတ်ပြေးကြ ကုန်၏။-
ယင်းတို့ကိုသင်တို့သည်လှေ့ကြလျက် လေများကတိုက်ခတ်ဆောင်ယူပြီးလျှင် မုန်တိုင်းများကလွင့်စင်သွားစေလိမ့်မည်။ သို့ရာတွင်ငါသည်သင်တို့၏ဘုရားဖြစ် တော်မူရကား၊ သင်တို့သည်ဝမ်းမြောက်ရွှင်လန်းရကြလိမ့် မည်။ သင်တို့သည်လည်းဣသရေလအမျိုးသားတို့၏ သန့်ရှင်းမြင့်မြတ်တော်မူသည့်ဘုရားသခင် တည်း ဟူသောငါ့အားထောမနာပြုကြလိမ့်မည်။
ငါသည်မိမိတို့လူမျိုးတော်အားအရှေ့လေ တိုက်ခံရသည့်မြေမှုန့်များကဲ့သို့ ရန်သူတို့ရှေ့တွင်ကွဲလွင့်၍သွားစေမည်။ သူတို့အားငါကျောခိုင်း၍နေမည်။ ငါသည်ဘေးအန္တရာယ်ဆိုးကျရောက်ချိန်၌ သူတို့ဘက်လှည့်လိမ့်မည်မဟုတ်'' ဟုမိန့်တော် မူ၏။
ငါသည်သူတို့နှင့်သူတို့ဘိုးဘေးများပင် မကြားဘူးသည့်လူမျိုးများအထဲတွင် သူ တို့အားပျံ့လွင့်သွားစေမည်။ ထိုနောက်သူတို့ အားလုံးဝပျက်စီးသည့်တိုင်အောင် တိုက်ခိုက် ရန်စစ်တပ်များကိုငါစေလွှတ်မည်'' ဟုမိန့် တော်မူ၏။
``ထာဝရဘုရားသည်ငါ၏ဘက်မှ စွမ်းရည်အကြီးဆုံးစစ်သည်တော်တို့ကို ပျက်ရယ်ပြုတော်မူပါ၏။ ကိုယ်တော်သည်ငါ၏လူငယ်လူရွယ်များကို သုတ်သင်ချေမှုန်းရန်တပ်မတော်ကိုစေလွှတ် တော်မူပါပြီ။ ထာဝရဘုရားသည်ငါ၏လူတို့အား စပျစ်သီးနယ်ရာကျင်းမှစပျစ်သီးများ ကဲ့သို့ ကြေမွစေတော်မူပါ၏။''
ထွက်ပြေးသောသူ၏စစ်သည်တော်များသည် စစ်ပွဲ၌ကျဆုံးကြလိမ့်မည်။ ကြွင်းကျန်သော သူတို့သည်လည်းအရပ်ရပ်သို့ကွဲလွင့်ကုန် ကြလိမ့်မည်။ ထိုအခါငါထာဝရဘုရား မိန့်တော်မူခဲ့ကြောင်းကို သင်တို့သိရကြ လိမ့်မည်'' ဟုမိန့်တော်မူ၏။
သင်တို့အနက်သုံးပုံတစ်ပုံသောလူတို့ မြို့တွင်း၌အနာရောဂါဘေး၊ ငတ်မွတ်ခြင်း ဘေးတို့ဖြင့်သေကြလိမ့်မည်။ အခြားသုံး ပုံတစ်ပုံမှာမြို့ပြင်၌ဋ္ဌားဘေးသင့်၍သေ ကြလိမ့်မည်။ ကျန်သုံးပုံတစ်ပုံကိုမူလေ တွင်လွင့်စင်သွားစေလျက်ငါသည်ဋ္ဌားဖြင့် လိုက်လံတိုက်ခိုက်မည်။
တစ်စုကိုယေရုရှလင်မြို့ကိုဝိုင်းရံထား သည့်ကာလကုန်ဆုံးချိန်၌မြို့ထဲမှာမီးရှို့ လော့။ အခြားတစ်စုကိုယူ၍ မြို့ထဲ၌လှည့် လည်ကာဋ္ဌားဖြင့်အပိုင်းပိုင်းဖြတ်လော့။ ကျန်တစ်စုကိုလေထဲသို့လွှင့်လော့။ ငါ သည်ထိုအစုကိုလိုက်၍ဋ္ဌားဖြင့်တိုက် ခိုက်မည်။-
``ငါသည်လူအချို့တို့ကိုဋ္ဌားဘေးမှလွတ် မြောက်စေ၍ အပြည်ပြည်နိုင်ငံအရပ်ရပ် သို့ပျံ့လွင့်သွားစေမည်။-
သို့ဖြစ်၍ဤသူတို့သည်နံနက်ခင်းတွင် ကျတတ်သောနှင်းကဲ့သို့လည်းကောင်း၊ နံနက် စောစောအချိန်တွင်ကွယ်ပျောက်တတ်သော နှင်းပေါက်ကဲ့သို့လည်းကောင်းပျောက်ကွယ် ရကြလိမ့်မည်။ သူတို့သည်ကောက်နယ်တ လင်းမှလေတိုက်၍လွင့်လာသောဖွဲကဲ့သို့ လည်းကောင်း၊ ခေါင်းတိုင်မှထွက်သောမီးခိုး ကဲ့သို့လည်းကောင်းလွင့်ပျောက်ရကြလိမ့်မည်။
ငါသည်သင်တို့ကိုစစ်ဘေးစစ်ဒဏ်သင့်စေပြီး လျှင် သင်တို့အားအခြားနိုင်ငံများသို့ပြန့်နှံ့ နေထိုင်စေမည်။ သင်တို့၏ပြည်သည်လူသူ ကင်းမဲ့၍ သင်တို့၏မြို့များသည်လည်းပျက်စီး ယိုယွင်းလိမ့်မည်။-
သင်တို့သည်ပန်းသဖွယ်ညှိုးနွမ်းခြောက်သွေ့ လျက်ခန္ဓာမရွေ့မီ၊ သင်တို့အပေါ်သို့ ထာဝရဘုရား၏အမျက်တော်မသက် ရောက်မီ၊ ကိုယ်တော်အမျက်ထွက်တော်မူ ရာကာလမကျရောက်မီအမြင်မှန်ရ ကြလော့။-
အချို့သောသူတို့သည်ဋ္ဌားဘေးဖြင့်ကျဆုံး ကြလိမ့်မည်။ ကျန်သူတို့သည်သုံ့ပန်းများအဖြစ် ဖြင့် အတိုင်းတိုင်းအပြည်ပြည်သို့ဖမ်းသွားခြင်းခံ ရကြလိမ့်မည်။ လူမျိုးခြားတို့သည် မိမိတို့ကြီး စိုးသည့်ခေတ်မကုန်မချင်း ယေရုရှလင်မြို့ ကိုခြေဖြင့်နင်းကြလိမ့်မည်။
``ထာဝရဘုရားသည် သင်တို့အားကမ္ဘာတစ် စွန်းမှတစ်စွန်းတိုင်အောင် လူမျိုးအပေါင်းတို့ ထဲသို့ပျံ့နှံ့ကွဲလွင့်စေတော်မူလိမ့်မည်။ ထို အခါသင်တို့နှင့်သင်တို့ဘိုးဘေးတို့မကိုး ကွယ်ဘူးသောသစ်သား၊ သံတို့ဖြင့်ထုလုပ် သည့်ဘုရားများကိုဝတ်ပြုကိုးကွယ်ကြ လိမ့်မည်။-
ထာဝရဘုရားသည် သင်တို့ကိုနိုင်ငံအနှံ့ အပြားတွင်ကွဲလွင့်နေထိုင်စေတော်မူလိမ့် မည်။ ထိုနိုင်ငံတွင် သင်တို့၏လူဦးရေအနည်း ငယ်မျှသာကျန်ကြွင်းလိမ့်မည်။-