တရားဟော 28:64 - Common Language Bible64 ``ထာဝရဘုရားသည် သင်တို့အားကမ္ဘာတစ် စွန်းမှတစ်စွန်းတိုင်အောင် လူမျိုးအပေါင်းတို့ ထဲသို့ပျံ့နှံ့ကွဲလွင့်စေတော်မူလိမ့်မည်။ ထို အခါသင်တို့နှင့်သင်တို့ဘိုးဘေးတို့မကိုး ကွယ်ဘူးသောသစ်သား၊ သံတို့ဖြင့်ထုလုပ် သည့်ဘုရားများကိုဝတ်ပြုကိုးကွယ်ကြ လိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible64 မြေ ကြီး တစ် စွန်း မှ တစ် စွန်း တိုင် အောင် လူ အ မျိုး မျိုး တို့ တွင် ကွဲ လွင့် စေ တော် မူ သည့် အ လျောက်၊ ဘိုး ဘေး မှ စ၍ သင် တို့ ကိုယ် တိုင် မ သိ ဘူး သော၊ ကျောက် သစ် သား ဖြင့် လုပ် ပြီး အ ခြား ဘု ရား များ ကို ဝတ် ပြု ရ ကြ လ တ္တံ့။ အခန်းကိုကြည့်ပါ။Judson Bible64 ထာဝရဘုရားသည်လည်း၊ မြေကြီးစွန်းတစ်ဖက်မှသည် တစ်ဖက်တိုင်အောင်၊ လူမျိုးအပေါင်းတို့တွင် သင့်ကို အရပ်ရပ်ကွဲပြားစေတော်မူသဖြင့်၊ သင်နှင့် သင့်ဘိုးဘေးတို့မသိဖူးသော အခြားတစ်ပါးသောဘုရား၊ သစ်သားဘုရား၊ ကျောက်ဘုရားတို့ကို ဝတ်ပြုရလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း64 ထာဝရဘုရားသည် သင့်ကို မြေကြီးတစ်ဖက်စွန်းမှ တစ်ဖက်စွန်းတိုင်အောင် လူမျိုးတကာတို့အလယ်သို့ ကွဲလွင့်စေတော်မူမည်။ သင်သည် ထိုအရပ်တို့၌ သင်မသိ၊ သင့်ဘိုးဘေးတို့လည်းမသိသော အခြားဘုရားများဖြစ်သည့် သစ်သားဘုရား၊ ကျောက်ဘုရားတို့ကိုဝတ်ပြုရလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ဟောရှေ၏နန်းစံကိုးနှစ်မြောက်၌အာရှုရိ ဧကရာဇ်ဘုရင်သည် ရှမာရိမြို့ကိုသိမ်းယူ၍ ဣသရေလအမျိုးသားတို့အားသုံ့ပန်းများ အဖြစ်အာရှုရိပြည်သို့ဖမ်းသွားပြီးလျှင် အချို့ကိုဟာလမြို့၌လည်းကောင်း၊ အချို့ ကိုဂေါဇန်ခရိုင်၊ ဟာဗော်မြစ်အနီး၌လည်း ကောင်း၊ အချို့ကိုမေဒိပြည်ရှိမြို့များ၌ လည်းကောင်းနေထိုင်စေ၏။
ထို့ကြောင့်ငါသည်သင်တို့အားသင်တို့နှင့်သင် တို့ဘိုးဘေးများမရောက်ဘူးသည့်ပြည်သို့ နှင်ထုတ်မည်။ ထိုပြည်တွင်သင်တို့သည်အခြား ဘုရားများကို နေ့ရောညဥ့်ပါဝတ်ပြုကိုး ကွယ်ကြလိမ့်မည်။ ငါ၏ကျေးဇူးကရုဏာ တော်ကိုအဘယ်သို့မျှ သင်တို့ခံစားရကြ လိမ့်မည်မဟုတ်' ဟုမိန့်တော်မူကြောင်း ပြောကြားလော့'' ဟုမိန့်တော်မူ၏။
``ဘုရားသခင်သည်ကမ္ဘာပေါ်တွင် လူကိုဖန်ဆင်း သောအချိန်မှအစပြု၍သင်တို့မဖွားမြင် မီအတိတ်ကာလအတွင်းကမ္ဘာလောကတစ်ဝန်း လုံးတွင် ဤမျှလောက်အံ့သြဖွယ်သောအမှုကြီး ဖြစ်ပျက်ဖူးပါသလော။ ယင်းကဲ့သို့သောအမှု ကြီး၏သတင်းကိုကြားဖူးပါသလော။ စူး စမ်းရှာဖွေကြည့်လော့။-