မြေသြဇာထက်သန်သည့်ယုဒချိုင့်ဝှမ်းများ သည် စစ်မြင်းရထားများနှင့်ပြည့်နှက်လျက် ရှိပြီးလျှင် မြင်းစီးသူရဲတို့သည်ယေရု ရှလင်မြို့တံခါးတွင်ရပ်လျက်နေကြ၏။-
ယေရမိ 1:15 - Common Language Bible ငါသည်မြောက်အရပ်ရှိလူမျိုးတကာကို ခေါ်ယူလျက်နေ၏'' ဟုထာဝရဘုရားမိန့် တော်မူ၏။ သူတို့၏ဘုရင်များသည်လာ၍ မိမိတို့ရာဇပလ္လင်ကို ယေရုရှလင်မြို့ပတ် လည်နှင့်မြို့တံခါးများအနီး၌လည်း ကောင်း၊ ယုဒမြို့တို့၏ပတ်ဝန်းကျင်၌လည်း ကောင်းတည်ထားကြလိမ့်မည်။- Garrad Bible ငါ ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း မြောက် ပိုင်း နိုင် ငံ များ ရှိ လူ အ မျိုး မျိုး ကို ငါ ခေါ် သည့် အ လျောက် ရောက် လာ ကြ ရာ၊ အ သီး အ သီး တို့ သည် ယေ ရု ရှ လင် မြို့ တံ ခါး ဝ မှ စ၍၊ မြို့ ရိုး ပတ် လည် တစ် လျှောက် နှင့် ယု ဒ ပြည် ရှိ မြို့ တိုင်း အ နီး၌၊ တ ရား ပ လ္လင် များ ကို တည် ရ ကြ သ ဖြင့်၊ Judson Bible အကြောင်းမူကား၊ မြောက်တိုင်းနိုင်ငံသား အမျိုးမျိုးအပေါင်းတို့ကို ငါခေါ်၍၊ သူတို့သည် လာပြီးလျှင်၊ ယေရုရှလင်မြို့ တံခါးဝများတို့၌လည်းကောင်း၊ မြို့ရိုးပတ်ဝန်းကျင်အရပ်ရပ်တို့၌လည်းကောင်း၊ ယုဒမြို့ရွာအလုံးစုံတို့၌လည်းကောင်း မိမိတို့ ရာဇပလ္လင်များကို အသီးအသီး တည်ထားကြလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ငါသည် မြောက်ဘက်တိုင်းနိုင်ငံများရှိ လူမျိုးအပေါင်းတို့ကို ဆင့်ခေါ်မည်”ဟု မိန့်တော်မူ၏။ ထာဝရဘုရားက “သူတို့သည် ရောက်လာ၍ ဂျေရုဆလင်မြို့တံခါးဝများတွင် ရာဇပလ္လင်ကို အသီးသီးတည်ကြမည်။ မြို့ရိုးအားလုံးကိုဝိုင်းရံထား၍ ယုဒမြို့အားလုံးကို တိုက်ခိုက်ကြမည်။ |
မြေသြဇာထက်သန်သည့်ယုဒချိုင့်ဝှမ်းများ သည် စစ်မြင်းရထားများနှင့်ပြည့်နှက်လျက် ရှိပြီးလျှင် မြင်းစီးသူရဲတို့သည်ယေရု ရှလင်မြို့တံခါးတွင်ရပ်လျက်နေကြ၏။-
နားထောင်ကြလော့။ သတင်းတစ်ရပ်ရောက်ရှိလာလေပြီ။ မြောက်အရပ်တွင်ထကြွလှုပ်ရှားမှုဖြစ်ပေါ် နေသည်။ သူတို့သည်ယုဒမြို့တို့ကိုခွေးအများခို အောင်းရာ လူသူကင်းမဲ့ရာအဖြစ်သို့ပြောင်းလဲစေလိမ့် မည်'' ဟုဆို၏။
ကိုယ်တော်ရှင်၏နာမတော်ကိုအသိအမှတ် မပြုသူ၊ ကိုယ်တော်ရှင်အားပစ်ပယ်သူတို့အပေါ် အမျက်တော်ကိုသွန်းလောင်းတော်မူပါ။ သူတို့သည်ယာကုပ်အမျိုးအားသတ်ဖြတ်ကြ ပါပြီ။ ကျွန်တော်မျိုးတို့အားအကုန်အစင်သုတ်သင် ပယ်ရှင်း၍ ကျွန်တော်မျိုးတို့ပြည်ကိုလည်းယိုယွင်းပျက်စီး စေကြပါပြီ။
ယေရုရှလင်မြို့၊ ကြည့်လော့။ သင်၏ရန်သူ များသည်မြောက်အရပ်မှလာလျက်ရှိ၏။ ကြည့်ရှုစောင့်ရှောက်ရန် သင့်အားငါပေး အပ်ထားသည့်လူများ၊ သင်တို့ဂုဏ်ယူ သည့်လူမျိုးတို့ကားအဘယ်မှာနည်း။-
အကယ်၍သူတို့သည်သင်၏လက်မှခွက် ဖလားကိုယူ၍သောက်ရန်ငြင်းဆန်နေကြ ပါမူ အနန္တတန်ခိုးရှင်ထာဝရဘုရားက သူတို့အားအသောက်ခိုင်းတော်မူကြောင်း ပြောကြားလော့။-
`ငါသည်မြောက်အရပ်မှလူမျိုးများနှင့်ငါ ၏အစေခံဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာ ကိုဆင့်ခေါ်ကာ ဤပြည်သူပြည်သားအပေါင်း တို့နှင့်နီးနားပတ်ဝန်းကျင်ရှိပြည်သူများ မှလူမျိုးအပေါင်းတို့အားတိုက်ခိုက်စေမည်။ ငါသည်ယင်းတို့ကိုအကြွင်းမဲ့ဖျက်ဆီး၍ ထာဝစဉ်ယိုယွင်းပျက်စီးစေသဖြင့်ရှုမြင် ရသူတို့လန့်ဖျပ်တုန်လှုပ်ကြလိမ့်မည်။ ဤ ကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏။-
ထာဝရဘုရားက``ဤအရပ်သည်သဲကန္တာ ရကဲ့သို့လူသူတိရစ္ဆာန်များကင်းမဲ့ရာဖြစ် ၏ဟု လူတို့ပြောဆိုလျက်နေကြ၏။ ယုဒ မြို့များနှင့်ယေရုရှလင်မြို့လမ်းများ တွင်လူသူတိရစ္ဆာန်များဆိတ်သုဉ်းလျက် နေသည်ဆိုခြင်းမှာမှန်ပေ၏။ သို့ရာတွင် ထိုအရပ်တို့တွင်၊-
ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာနှင့် တပ်မ တော်သည်လက်အောက်ခံနိုင်ငံရှိသမျှနှင့် လူမျိုးအပေါင်းတို့၏စစ်တပ်များအကူ အညီဖြင့် ယေရုရှလင်မြို့နှင့်တကွအနီး အနားရှိမြို့ရွာများကိုတိုက်ခိုက်လျက်နေ စဉ် ထာဝရဘုရားသည်ငါ့အားဗျာဒိတ် ပေးတော်မူ၏။-
ထိုတပ်မတော်ကိုငါအမိန့်ပေးသဖြင့် သူ တို့သည်ပြန်လာ၍ဤမြို့ကိုတိုက်ခိုက်သိမ်း ယူပြီးလျှင် မီးရှို့လိုက်ကြလိမ့်မည်။ ငါသည် ယုဒမြို့တို့ကိုလူသူကင်းမဲ့ရာသဲကန္တာရ ကဲ့သို့ဖြစ်စေမည်။ ဤကားငါထာဝရဘုရား မြွက်ဟသည့်စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
(ယေရုရှလင်မြို့ကိုသိမ်းယူရရှိသောအခါ နေရဂါလရှရေဇာ၊ သံဂါနေဗော၊ စာသခိမ် နှင့်အခြားနေရဂါလရှရေဇာတို့အပါ အဝင်ဗာဗုလုန်ဘုရင်၏မှူးမတ်တို့သည် အလယ်တံခါးသို့လာ၍ထိုင်ကြ၏။)
သူတို့သည်ရပ်ဝေးဒေသမှရန်သူများချီ တက်လာနေကြောင်းလူမျိုးတကာတို့အား သတိပေး၍ ယေရုရှလင်မြို့ကိုကြားပြော ကြလေသည်။ ရန်သူတို့သည်ယုဒမြို့များ အားကြိမ်းမောင်းသံပြုကြလိမ့်မည်။-
ဇိအုန်မြို့ရှိရာသို့ရှေ့ရှုကြလော့။ ဘေးမဲ့လုံခြုံ ရာသို့ ပြေးကြလော့။ ဆုတ်ဆိုင်း၍မနေကြနှင့်။ ထာဝရဘုရားသည်ကြီးစွာသောပျက်စီး မှု ဘေးအန္တရာယ်ဆိုးကို မြောက်အရပ်မှဆောင်ယူလာတော်မူလိမ့် မည်။
ထိုနောက်သူတို့အား`ဣသရေလအမျိုးသားတို့ ၏ဘုရားသခင်အနန္တတန်ခိုးရှင် ငါထာဝရ ဘုရားသည်မိမိ၏အစေခံဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာကိုဤအရပ်သို့ခေါ်ဆောင် လာမည်။ ငါမြှုပ်ထားသည့်ဤကျောက်တုံး များအပေါ်တွင်သူ၏ရာဇပလ္လင်ကိုတည် ၍သူ၏တဲတော်ကိုငါဖြန့်မည်။-
သို့ဖြစ်၍ငါသည်ယုဒမြို့များနှင့်ယေရု ရှလင်လမ်းများအပေါ်သို့ ငါ၏ဒေါသ အမျက်တော်ကိုသွန်းလောင်း၍ ထိုမြို့တို့ကို မီးလောင်စေတော်မူ၏။ ထိုမြို့များသည်ယို ယွင်းပျက်စီးလျက်ကျန်ရစ်ပြီးလျှင် ယနေ့ တွေ့မြင်နေရသည့်အတိုင်းလူတို့ရှေ့တွင် စက်ဆုပ်ရွံရှာဖွယ်ဖြစ်၍နေ၏။
အီဂျစ်ပြည်သူတို့သည်အရှက်ကွဲရကြ လေပြီ။ သူတို့အားမြောက်အရပ်မှလူတို့က နှိမ်နင်းလိုက်ကြ၏'' ဟုမိန့်တော်မူ၏။
ဣသရေလပြည်သားတို့၊ ထာဝရဘုရားက``ငါသည်သင်တို့အားတိုက်ခိုက်စေရန် ဝေးလံရပ်ခြားမှလူမျိုးစုတစ်စုကိုခေါ်ဆောင်ခဲ့လိမ့်မည်။ သူတို့သည်အင်အားကြီး၍အလွန်ရှေးကျသောလူမျိုး၊ သင်တို့မသိနားမလည်သောဘာသာစကားကိုပြောဆိုသောလူမျိုးဖြစ်၏။-
ထာဝရဘုရားက``မြောက်အရပ်ရှိနိုင်ငံတစ် ခုမှ လူတို့သည် ချီတက်လာကြလိမ့်မည်။ ရပ် ဝေးမှအင်အားကြီးမားသည့်လူမျိုးသည် စစ်တိုက်ရန်ပြင်ဆင်လျက်နေ၏။-
ထာဝရဘုရားက``ငါသည်ယေရုရှလင် မြို့ကို တောခွေးများခိုအောင်းရာ၊ အဆောက်အအုံပျက်များစုဝေးရာအရပ် ဖြစ်စေမည်။ ယုဒမြို့တို့သည်လည်းလူသူဆိတ်ညံရာ သဲကန္တာရ ဖြစ်လိမ့်မည်'' ဟုမိန့်တော်မူ၏။
ကျွန်တော်မျိုးတို့၏ဇနီးများသည် ဇိအုန်တောင်ပေါ်၌ပင်လျှင် မုဒိမ်းအကျင့်ခံရကြပါ၏။ ကျွန်တော်မျိုးတို့၏သမီးပျိုများသည် ယုဒကျေးရွာမှန်သမျှ၌ အနိုင်အထက်မတော်မတရားပြုကျင့်မှုကို ခံရကြပါ၏။
``မြောက်အရပ်မှမင်းညီမင်းသားများနှင့် ဇိဒုန်မြို့သားတို့သည်ထိုအရပ်တွင်ရှိကြ ၏။ အခါတစ်ပါးကသူတို့သည်မိမိတို့ ၏တန်ခိုးအာဏာဖြင့်သူတစ်ပါးတို့အား ထိတ်လန့်တုန်လှုပ်အောင်ပြုခဲ့ကြသော်လည်း ယခုအခါ၌စစ်ပွဲတွင်ကျဆုံးသူများ နှင့်အတူအသရေပျက်၍ သေကြပြီး လျှင်အရေဖျားလှီးမင်္ဂလာမခံရသူ များနှင့်အတူသေသူတို့ကမ္ဘာသို့ဆင်း သက်ကြရ၏။
ငါသည်မြောက်အရပ်မှလာသည့်ကျိုင်း ကောင်အုပ်ကို ပယ်ရှင်းမည်။ ကျိုင်းကောင်အချို့ကိုသဲကန္တာရထဲသို့ နှင်ထုတ်မည်။ သူတို့တပ်ဦးပိုင်းကိုပင်လယ်သေထဲသို့ လည်းကောင်း၊ တပ်နောက်ပိုင်းကိုမြေထဲပင်လယ် ထဲသို့လည်းကောင်းကျစေမည်။ သူတို့၏ကိုယ်ခန္ဓာများသည်ပုပ်စပ်နံစော် လျက် နေလိမ့်မည်။ သင်တို့အားသူတို့ပြုခဲ့သည့်အမှုများ အတွက် ငါသည်သူတို့ကိုသုတ်သင်ဖျက်ဆီးမည်။
မြင်းနက်များကသည့်စစ်မြင်းရထားသည် မြောက်အရပ်သို့လည်းကောင်း၊ မြင်းဖြူများ သည်အနောက်ဘက်သို့လည်းကောင်း၊ ပြောက် ကျားမြင်းများသည်တောင်ဘက်အရပ် ဒေသသို့လည်းကောင်းသွားလျက်နေကြ၏။-