Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 32:30 - Common Language Bible

30 ``မြောက်​အ​ရပ်​မှ​မင်း​ညီ​မင်း​သား​များ​နှင့် ဇိ​ဒုန်​မြို့​သား​တို့​သည်​ထို​အ​ရပ်​တွင်​ရှိ​ကြ ၏။ အ​ခါ​တစ်​ပါး​က​သူ​တို့​သည်​မိ​မိ​တို့ ၏​တန်​ခိုး​အာ​ဏာ​ဖြင့်​သူ​တစ်​ပါး​တို့​အား ထိတ်​လန့်​တုန်​လှုပ်​အောင်​ပြု​ခဲ့​ကြ​သော်​လည်း ယ​ခု​အ​ခါ​၌​စစ်​ပွဲ​တွင်​ကျ​ဆုံး​သူ​များ နှင့်​အ​တူ​အ​သ​ရေ​ပျက်​၍ သေ​ကြ​ပြီး လျှင်​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​မ​ခံ​ရ​သူ များ​နှင့်​အ​တူ​သေ​သူ​တို့​ကမ္ဘာ​သို့​ဆင်း သက်​ကြ​ရ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

30 မြောက် ပိုင်း ပြည့် ရှင် အ ပေါင်း တို့ သည်၊ ဇိ ဒုန် မင်း တို့ ပါ၊ လုပ် ကြံ ခံ ရ သူ တို့ နှင့် တ ကွ ကျ ဆင်း လျက်၊ ထို နိုင် ငံ၌ ရှိ ကြ၏။ တန် ခိုး နှင့် ချောက် လှန့် ခဲ့ သည့် အ တွက် အ ရှက် ကွဲ၍၊ ဓား ဖြင့် လုပ် ကြံ ခံ ရ သူ တို့ နှင့် တ ကွ၊ လှီး ဖြတ် ခြင်း မဲ့ လျက် အိပ် လဲ ကြ ရာ၊ သင်္ချိုင်း တွင်း ဆင်း ရ သူ တို့ နှင့် အ တူ၊ အ ရှက် ဝန် ကို ထမ်း ဆောင် ကြ သည် တ ကား။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

30 ထို​အ​ရပ်၌ မြောက်​ပြည်​မင်း၊ ဇိ​ဒုန်​မင်း​အ​ပေါင်း​တို့​သည် ရှိ​ကြ၏။ ကိုယ်​တန်​ခိုး​ကို ရှက်​လျက်၊ ထိတ်​လန့်​လျက် သေ​သော​သူ​တို့​နှင့်​အ​တူ ဆင်း​သွား​ကြ​ပြီ။ ဓား​ဖြင့်​သေ​သော သူ​တို့​နှင့်​အ​တူ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​လူ​ဖြစ်၍ အိပ်​ကြ၏။ မြေ​တွင်း​ထဲ​သို့ ဆင်း​သွား​သော​သူ​တို့​နှင့်​အ​တူ အ​ရှက်​ကွဲ​လျက် နေ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

30 ထို​နေရာ​တွင် မြောက်အရပ်​မှ​မင်းညီမင်းသား​များ​နှင့် ဆီဒုန်​လူမျိုး​အားလုံး​လည်း ရှိ​ကြ​၏​။ သူ​တို့​သည် အရှိန်အဝါကြီး​၍ ကြောက်ရွံ့​ခန့်ညား​ရ​သော​လူ​များ​ဖြစ်​ခဲ့​သော်လည်း အသတ်ခံရ​သော​သူ​တို့​နှင့်အတူ အရှက်တကွဲ တွင်း​ထဲသို့​ကျ​ကြ​ရ​၏​။ ဓား​ဖြင့်​အသတ်ခံရ​သော အရေဖျားလှီး​ခြင်း​မခံ​သူ​တို့​နှင့်အတူ လဲလျောင်း​ရ​၍ တွင်း​ထဲ​ရောက်သွား​သူ​တို့​နှင့်အတူ အသရေပျက်​ခြင်း​ကို ခံရ​လေ​ပြီ​တကား​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 32:30
11 ပူးပေါင်းရင်းမြစ်များ  

ငါ​သည်​မြောက်​အ​ရပ်​ရှိ​လူ​မျိုး​တ​ကာ​ကို ခေါ်​ယူ​လျက်​နေ​၏'' ဟု​ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​၏။ သူ​တို့​၏​ဘု​ရင်​များ​သည်​လာ​၍ မိ​မိ​တို့​ရာ​ဇ​ပလ္လင်​ကို ယေ​ရု​ရှ​လင်​မြို့​ပတ် လည်​နှင့်​မြို့​တံ​ခါး​များ​အ​နီး​၌​လည်း ကောင်း၊ ယု​ဒ​မြို့​တို့​၏​ပတ်​ဝန်း​ကျင်​၌​လည်း ကောင်း​တည်​ထား​ကြ​လိမ့်​မည်။-


ရှေး​ပ​ဝေ​သ​ဏီ​အ​ခါ​က​အ​သက်​ရှင်​ခဲ့ ကြ​သူ​တို့​နှင့်​အ​တူ​နေ​ထိုင်​ရန် သင့်​အား မြေ​အောက်​မ​ရ​ဏာ​နိုင်​ငံ​သို့​ပို့​ဆောင်​မည်။ ငါ​သည်​သင့်​အား​ထို​မြေ​အောက်​လော​က​ရှိ ထာ​ဝ​စဉ်​ယို​ယွင်း​ပျက်​စီး​လျက်​နေ​သည့် အ​ရပ်​၌​မြေ​တွင်း​ထဲ​တွင်​နေ​စေ​မည်။ သင် သည်​ထို​အ​ရပ်​မှ​အ​ဘယ်​အ​ခါ​၌​မျှ အ​သက်​ရှင်​သူ​တို့​ရှိ​ရာ​အ​ရပ်​သို့​ပြန် လာ​ရ​လိမ့်​မည်​မ​ဟုတ်။-


သင်​သည်​လူ​မျိုး​ခြား​တို့​၏​လက်​တွင်​အ​ရေ ဖျား​လှီး​မင်္ဂ​လာ​မ​ခံ​ရ​သေး​သူ​ကဲ့​သို့ သေ ရ​ပေ​လိမ့်​မည်။ ဤ​ကား​ငါ​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​၏​အ​မိန့်​တော်​ပင်​တည်း'' ဟု​မိန့်​တော် မူ​၏။


``အ​ချင်း​လူ​သား​ဇိ​ဒုန်​မြို့​ဘက်​သို့​လှည့်​၍ ထို​မြို့​ကို​ရှုတ်​ချ​လော့။-


ငါ​သည်​သင်​၏​ထံ​သို့​ကပ်​ရော​ဂါ​များ​ကို စေ​လွှတ်​မည်။ သင်​၏​လမ်း​များ​တွင်​သွေး​ချောင်း စီး​စေ​မည်။ သင်​သည်​ဝိုင်း​ရံ​တိုက်​ခိုက်​ခြင်း ကို​ခံ​ရ​၍ သင်​၏​လူ​တို့​သည်​သေ​ကြေ ပျက်​စီး​ကြ​လိမ့်​မည်။ ထို​အ​ခါ​ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း​သင် သိ​ရှိ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။


ဂေါ​မာ​ပြည်​မြောက်​ဘက်​တွင်​ရှိ​သော​တော ဂါ​မ​ပြည်​နှင့်​အ​ခြား​တိုင်း​ပြည်​များ​မှ၊ စစ်​သည်​တပ်​သား​အ​ပေါင်း​တို့​သည်​သူ နှင့်​အ​တူ​လိုက်​ပါ​လာ​ကြ​၏။-


ငါ​သည်​သူ့​အား​လှည့်​စေ​၍​ဆွဲ​ခေါ်​လာ​မည်။ ဣ​သ​ရေ​လ​တောင်​များ​သို့​ရောက်​သည့်​တိုင် အောင်​မြောက်​မျက်​နှာ​စွန်း​မှ​ခေါ်​ဆောင်​လာ မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ