ထာဝရဘုရားက``သူတို့ကိုတိုက်ခိုက်လု ယူကြစေရန် လူမျိုးခြားတို့အားငါအခွင့် ပေးမည်။ တရားဥပဒေချိုးဖောက်သူတို့ သည်သူတို့၏စည်းစိမ်ဥစ္စာများကိုယူ၍ ညစ်ညမ်းစေကြလိမ့်မည်။-
မြေ ပေါ် ရှိ လူ ဆိုး နှင့် သူ စိမ်း တို့ လက် တွင်း သို့၊ လက် ရ လု ယူ ရာ အ ဖြစ် လွှဲ အပ် မည့် အ လျောက်၊ မ သန့် အောင် သုံး စွဲ ကြ လိမ့် မည်။
တစ်ပါးအမျိုးသားတည်းဟူသော အဓမ္မလူတို့သည် လုယူဖျက်ဆီးစေခြင်းငှာ သူတို့လက်သို့ ငါအပ်သဖြင့်၊ သူတို့သည် ညစ်ညူးစေကြလိမ့်မည်။
တိုင်းတစ်ပါးသားတို့ လုယူရာ၊ ဆိုးယုတ်သောမြေကြီးသားတို့ တိုက်ယူရာ ဖြစ်စေမည်။ သူတို့သည် ထိုတန်ဆာတို့ကို ညစ်ညူးစရာ ဖြစ်စေကြလိမ့်မည်။
ဗိမာန်တော်နှင့်နန်းတော်ဘဏ္ဍာရှိသမျှကို ဗာဗုလုန်ပြည်သို့သိမ်းယူသွားတော်မူ၏။ ထာဝရဘုရား၏ဗျာဒိတ်တော်အတိုင်း နေဗုခဒ်နေဇာသည် ဗိမာန်တော်တွင်သုံးရန် ရှောလမုန်မင်းပြုလုပ်ထားသည့်ရွှေတန်ဆာ ရှိသမျှကိုချွတ်ယူလေသည်။-
ဗိမာန်တော်၊ နန်းတော်နှင့်ယေရုရှလင်မြို့ရှိ အရေးပါအရာရောက်သူအပေါင်းတို့၏နေ အိမ်များကိုမီးရှို့လေသည်။-
ကြွေးရှင်တို့သည်သူ၏ဥစ္စာပစ္စည်းရှိသမျှတို့ကို သိမ်းယူကြလျက်သူစိမ်းတစ်ရံဆံတို့သည် သူလုပ်ကိုင်၍ရသမျှသောအကျိုးခံစား ရကြပါစေသော။
အို ဘုရားသခင်၊ ပြည်တော်ထဲသို့ဘုရားမဲ့သူတို့ချဉ်းနင်း ဝင်ရောက်ကြပါပြီ။ သူတို့သည်ကိုယ်တော်ရှင်၏သန့်ရှင်းမြင့်မြတ်သည့် ဗိမာန်တော်ကိုညစ်ညမ်းစေကြပါပြီ။ ယေရုရှလင်မြို့ကိုလည်းဖြိုဖျက်လိုက်ကြ ပါပြီ။
``ယေရုရှလင်မြို့ရှိအိမ်များနှင့်ယုဒဘုရင် တို့၏နန်းတော်များ မိမိတို့အမိုးပေါ်တွင် ကြယ်နက္ခတ်များအားနံ့သာပေါင်းဖြင့်မီးရှို့ ပူဇော်ရာအိမ်များနှင့်အခြားဘုရားများ အား စပျစ်ရည်ပူဇော်သကာသွန်းလောင်း ကြသည့်အိမ်မှန်သမျှတို့သည်တောဖက်မြို့ ကဲ့သို့ မသန့်စင်သည့်အရပ်များဖြစ်ရကြ လိမ့်မည်'' ဟုမိန့်တော်မူ၏။
ရက်စက်ကြမ်းကြုတ်သောလူမျိုးခြားတို့ သည် ထိုအပင်ကိုခုတ်လှဲ၍ပစ်ထားခဲ့ကြ လိမ့်မည်။ ယင်း၏အကိုင်းအခက်များနှင့် ကျိုးပဲ့ကုန်သောအခက်အလက်ကြီးများ သည်တစ်ပြည်လုံးရှိတောင်များ၊ ချောင်းများ၊ ချိုင့်ဝှမ်းများအပေါ်သို့လဲကျကြလိမ့် မည်။ ထိုအပင်၏အရိပ်တွင်ခိုလှုံနေ ကြသောလူမျိုးအပေါင်းတို့သည်လည်း ထွက်ခွာသွားကြလိမ့်မည်။-