ကိုယ်တော်သည်ငါ၏အပြစ်ရှိသမျှတို့ကို ဖြေလွှတ်တော်မူ၍ ငါ၏အနာရောဂါရှိသမျှတို့ကိုလည်း ပျောက်ကင်းစေတော်မူ၏။
ယေဇကျေလ 47:9 - Common Language Bible ထိုချောင်းစီးဆင်းရာအရပ်တိုင်း၌တိရစ္ဆာန် နှင့်ငါးအမျိုးမျိုးတို့ကိုတွေ့ရှိရလိမ့်မည်။ ယင်းသည်ပင်လယ်သေ၏ရေကိုရေချို ဖြစ်စေလိမ့်မည်။ မိမိစီးဆင်းရာအရပ် တိုင်း၌သက်ရှိသတ္တဝါများအားအသက် ရှင်သန်စေလိမ့်မည်။- Garrad Bible ၎င်း ပြင်၊ မြစ် ရေ ရောက် လေ ရာ ရာ၌၊ ပေါ များ သော သ တ္တ ဝါ အ မျိုး မျိုး ရှင် နေ ခွင့် ရ သည့် အ လျောက်၊ မြစ် ရောက် ရာ ဤ အိုင် ရေ ပါ ချို သ ဖြင့်၊ ငါး ပေါ များ သည့် ပြင်၊ မြစ် ရေ သောက် သ မျှ ရှင် နေ ခွင့် ရ လိမ့် မည်။ Judson Bible အသက်ရှင်၍ လှုပ်ရှားတတ်သော သတ္တဝါအမျိုးမျိုးတို့သည် ထိုမြစ်ရေ ရောက်သမျှသော အရပ်တို့၌ အသက်ရှင်၍၊ အလွန်များစွာသော ငါးတို့လည်း ရှိကြလိမ့်မည်။ ထိုမြစ်ရေသည် ချိုသောကြောင့်၊ ရောက်သမျှသောအရပ်တို့၌ သတ္တဝါအမျိုးမျိုးတို့သည် အသက်ရှင်ကြလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း ထိုမြစ်ရေစီးဆင်းသွားရာအရပ်ရပ်တို့၌ အုပ်စုလိုက်နေထိုင်သောသက်ရှိသတ္တဝါအပေါင်းတို့ ရှင်သန်နေထိုင်ကြလိမ့်မည်။ မရေမတွက်နိုင်သောငါးများ ရှိကြလိမ့်မည်။ ထိုမြစ်ရေစီးဆင်းရာအရပ်ရပ်သည် ရေချိုဖြစ်သွားလိမ့်မည်။ ထိုမြစ်ရေစီးဆင်းလေရာ၌ အရာအားလုံးသည် ရှင်သန်ကြရလိမ့်မည်။ |
ကိုယ်တော်သည်ငါ၏အပြစ်ရှိသမျှတို့ကို ဖြေလွှတ်တော်မူ၍ ငါ၏အနာရောဂါရှိသမျှတို့ကိုလည်း ပျောက်ကင်းစေတော်မူ၏။
ကိုယ်တော်သည်ကျောက်ဆောင်မှ စမ်းရေထွက်စေလျက်မြစ်သဖွယ် စီးဆင်းစေတော်မူ၏။
ထာဝရဘုရားက``သင်တို့သည်ငါ၏ စကားကိုတစ်သဝေမတိမ်းနာခံ၍ငါ နှစ်သက်သောအကျင့်ကိုကျင့်ပြီး ပညတ် သမျှတို့ကိုလိုက်နာလျှင်၊ ငါသည်အီဂျစ် အမျိုးသားတို့အပေါ်တွင်ကျရောက်စေ သောရောဂါမျိုးများကို သင်တို့အပေါ်တွင် မည်သည့်အခါမျှကျရောက်စေမည်မဟုတ်။ ငါသည်သင်တို့၏ရောဂါကိုပျောက်ကင်း စေသောထာဝရဘုရားဖြစ်တော်မူ၏'' ဟုမိန့်တော်မူ၏။
ရေကောင်းရေသန့်သည်ရေငတ်သူတို့အား ရွှင်ပြစေသကဲ့သို့ ဘုရားသခင်၏လူမျိုးတော်သည်၊ ကိုယ်တော်ကယ်တင်တော်မူသောအခါ ရွှင်လန်းဝမ်းမြောက်လိမ့်မည်။
လသည်နေတမျှထွန်းလင်းတောက်ပလျက် နေသည်လည်း ခုနစ်စင်းပြိုင်တူထွက်သကဲ့ သို့ ခါတိုင်းထက်ခုနစ်ဆထွန်းလင်းတောက်ပ လိမ့်မည်။ ကိုယ်တော်သည်မိမိ၏လူမျိုးတော် ရရှိခဲ့သည်ဒဏ်ရာဒဏ်ချက်များကိုအဝတ် နှင့်ပတ်စည်း၍ အနာများကိုကုသပျောက် ကင်းစေတော်မူသောအခါ၊ ဤအမှုအရာ အပေါင်းသည်ဖြစ်ပျက်၍လာလိမ့်မည်။
ငါ၏လူမျိုးတော်သည်ရပ်ဝေးဒေသများမှ လည်းကောင်း၊ မြောက်အရပ်နှင့်အနောက်အရပ်မှလည်းကောင်း၊ တောင်အရပ်ရှိသိနိမ်ပြည်မှလည်းကောင်း လာရောက်ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
ရေငတ်သူအပေါင်းတို့၊လာကြလော့။ ဤအရပ်တွင်ရေရှိ၏။ ကြေးငွေမရှိသူတို့လာ၍ဂျုံစပါးကို ဝယ်ယူစားသုံးကြလော့။ နို့နှင့်ပျားရည်ကိုဝယ်ယူကြလော့။ အဖိုးငွေတစ်ပြားတစ်ချပ်မျှသင်တို့ ကုန်ကျရလိမ့်မည်မဟုတ်။
ထိုအခါလူမျိုးပေါင်းမြောက်မြားစွာတို့ သည်ထာဝရဘုရားထံတော်သို့ချဉ်းကပ် ကြလျက် ကိုယ်တော်၏လူမျိုးတော်ဖြစ်လာ ကြလိမ့်မည်။ ကိုယ်တော်သည်သင်တို့အလယ် တွင်ကျိန်းဝပ်တော်မူလိမ့်မည်။ ငါ့အားကိုယ် တော်စေလွှတ်တော်မူလိုက်ကြောင်းကိုလည်း သင်တို့သိကြလိမ့်မည်။-
ကာလအနည်းငယ်ကြာလျှင်ဤလောက သားတို့သည် ငါ့ကိုမြင်ကြရတော့မည်မဟုတ် သော်လည်း သင်တို့မူကားမြင်ကြရလိမ့်မည်။ ငါ သည်အသက်ရှင်သောကြောင့်သင်တို့သည်လည်း အသက်ရှင်ကြလိမ့်မည်။-
သခင်ယေရှုက ``ငါသည်ခရီးလမ်းဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကိုအမှီမပြုဘဲအဘယ်သူမျှခမည်း တော်ထံသို့မရောက်နိုင်။-
ဘုရားသခင်သည်လောကသားတို့ကိုလွန်စွာ ချစ်တော်မူသဖြင့် သားတော်အားယုံကြည်သူ အပေါင်းတို့သည်ပျက်စီးဆုံးပါးခြင်းမရှိ ဘဲ ထာဝရအသက်ကိုရစေခြင်းငှာ မိမိ ၏တစ်ပါးတည်းသောသားတော်ကိုစွန့်တော် မူ၏။-
ငါပေးမည့်ရေကိုသောက်သူမူကားအဘယ် အခါမျှရေငတ်တော့မည်မဟုတ်။ ထိုရေသည် သူ၏အတွင်း၌ထာဝစဉ်စမ်းပေါက်လျက် သူ့ အားထာဝရအသက်ကိုရရှိစေလိမ့်မည်'' ဟုမိန့်တော်မူ၏။
အမှန်အကန်သင်တို့အားငါဆိုသည်ကား သူသေတို့သည် ဘုရားသခင်၏သားတော် အသံကိုကြားရသည့်အချိန်ကျရောက် လာလိမ့်မည်။ ထိုအချိန်သည်ယခုပင်ကျ ရောက်လျက်ရှိပြီ။ သားတော်၏အသံကို ကြားရသောသူတို့သည်အသက်ပြန်၍ ရှင်ကြလိမ့်မည်။-
ဘုရားသခင်၏ဝိညာဉ်တော်ကသာလျှင် အသက်ကိုရှင်စေနိုင်၏။ လူတို့၏တန်ခိုး စွမ်းရည်မူကားမည်သို့မျှမတတ်နိုင်။ သင် တို့အားငါပြောသောစကားသည်အသက် ရှင်စေသည့်ဝိညာဉ်တော်နှင့်သက်ဆိုင်၏။-
လူအမြောက်အမြားပင်သူ၏တရားစကား ကိုလက်ခံယုံကြည်ကာ ဗတ္တိဇံမင်္ဂလာခံယူ ကြသဖြင့် ထိုနေ့၌တပည့်တော်အရေအတွက် သုံးထောင်မျှတိုးလာ၏။-
သူတို့သည်ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းလျက် လူအပေါင်းတို့၏ရှေ့တွင်မျက်နှာ ပွင့်လန်းလျက်ရှိကြ၏။ သခင်ဘုရားသည်ကယ် တင်ခြင်းခံရသူအရေအတွက်ကို နေ့စဉ်နေ့ တိုင်းတိုးပွားစေတော်မူ၏။
ထိုသို့တင်ပြသည်ကိုကြားသောအခါ ထိုသူ တို့သည်ဘုရားသခင်၏ဂုဏ်တော်ကိုချီးကူး ကြ၏။ ထိုနောက်ပေါလုအား ``ငါတို့ညီ၊ ယုံကြည် သူယုဒအမျိုးသားတို့ထောင်ပေါင်းများစွာ ရှိကြောင်း၊ သူတို့အားလုံးပင်ပညတ်တရား ကိုစွဲလန်းသူများဖြစ်ကြောင်းသင်အသိ ပင်ဖြစ်သည်။-
သို့ရာတွင်တရားနာသောသူအမြောက် အမြားပင် ကိုယ်တော်ကိုသက်ဝင်ယုံကြည် လာကြ၏။ ယုံကြည်သူအရေအတွက် ငါးထောင်ခန့်တိုးပွားလာသတည်း။
သို့ရာတွင်သခင်ဘုရားကိုသက်ဝင်ယုံကြည် သူ အမျိုးသားအမျိုးသမီးအရေအတွက် သည်ပို၍ပို၍များလာ၏။-
သို့ဖြစ်၍ဘုရားသခင်၏နှုတ်ကပတ်တရား တော်သည်ပျံ့နှံ့၍ တပည့်တော်အရေအတွက် သည် ယေရုရှလင်မြို့တွင်များစွာတိုးပွားလျက် နေ၏။ ယဇ်ပုရောဟိတ်အမြောက်အမြားပင် သတင်းကောင်းကိုလက်ခံယုံကြည်လာကြ၏။
အဘယ်ကြောင့်ဆိုသော်ခရစ်တော်ယေရှုနှင့်တစ် လုံးတစ်ဝတည်းဖြစ်စေသည့် ဝိညာဉ်တော်နှင့် ဆိုင်သောတရားသည်သေခြင်းတရားနှင့် အပြစ် တရား၏လက်မှငါတို့ကိုလွတ်မြောက်စေသော ကြောင့်တည်း။-
ကျမ်းစာတော်တွင် ``ပထမလူအာဒံသည် အသက်ရှင်သောသတ္တဝါဖြစ်လာ၏'' ဟုဖော် ပြ၏။ နောက်ဆုံးဖြစ်သောအာဒံသည်ကား အသက်ရှင်စေတတ်သောဝိညာဉ်ဖြစ်၏။-