မင်းကြီးသည်ဗေနာယကိုယွာဘ၏နေရာ တွင်တပ်မတော်ဗိုလ်ချုပ်အဖြစ်ခန့်ထား တော်မူ၍ ယဇ်ပုရောဟိတ်ဇာဒုတ်ကိုလည်း အဗျာသာ၏နေရာတွင်ခန့်ထားတော်မူ၏။
ယေဇကျေလ 40:46 - Common Language Bible မြောက်ဘက်သို့မျက်နှာမူလျက်ရှိသည့်အခန်းသည် ယဇ်ပလ္လင်ဆိုင်ရာအမှုကိုဆောင်ရွက်ရသူယဇ်ပုရောဟိတ်များအတွက်ဖြစ်ကြောင်းငါ့အားပြောပြလေသည်။ ထိုယဇ်ပုရောဟိတ်အားလုံးတို့သည် ဇာဒုတ်မှဆင်းသက်လာသူလေဝိအနွယ်ဝင်များဖြစ်ကြသည်။ သူတို့သည်သာလျှင်ထာဝရဘုရား၏ရှေ့တော်မှောက်သို့ဝင်၍ အမှုတော်ကိုဆောင်ရွက်ခွင့်ရရှိကြသတည်း။ Garrad Bible အ မှု တော် ကို ဆောင် ရွက် ရန် လေ ဝိ ဂိုဏ်း သား တို့ အ နက်၊ ထာ ဝ ရ ဘု ရား ထံ ချဉ်း ကပ် ရ သူ၊ ပူ ဇော် ရာ ပလ္လင် တော် ကို၊ စောင့် ရှောက် သော ဇာ ဒုတ် အ နွယ် သား ပ ရော ဟိတ် တို့ အ ဖို့၊ ဖြစ် သည် ဟု ဆို၏။ Judson Bible မြောက်ဘက်သို့မျက်နှာပြုသော ဤအခန်းကား၊ ယဇ်ပလ္လင်အမှုကိုဆောင်သော ယဇ်ပုရောဟိတ် နေစရာဖို့ ဖြစ်၏။ ထိုသူတို့ကား၊ ထာဝရဘုရားထံတော်သို့ ချဉ်းကပ်၍ အမှုတော်ကိုဆောင်စေခြင်းငှာ၊ လေဝိသားတို့တွင်ရွေးကောက်သော ဇာဒုတ်သားပေတည်းဟု ငါ့အားပြောဆို၏။ မြန်မာ့စံမီသမ္မာကျမ်း မြောက်ဘက်သို့မျက်နှာမူသောအခန်းသည် ယဇ်ပလ္လင်အမှုကိုထမ်းဆောင်သော ယဇ်ပုရောဟိတ်တို့အတွက်ဖြစ်၏။ ထိုသူတို့ကား ထာဝရဘုရားအထံတော်သို့ဆည်းကပ်၍ အမှုတော်ထမ်းဆောင်သော လေဝိအမျိုးဇာဒုတ်၏သားများဖြစ်ကြ၏”ဟု ပြောပြ၏။ |
မင်းကြီးသည်ဗေနာယကိုယွာဘ၏နေရာ တွင်တပ်မတော်ဗိုလ်ချုပ်အဖြစ်ခန့်ထား တော်မူ၍ ယဇ်ပုရောဟိတ်ဇာဒုတ်ကိုလည်း အဗျာသာ၏နေရာတွင်ခန့်ထားတော်မူ၏။
ထိုလူသည်ငါ့အားမုခ်ပေါက်ကိုဖြတ်၍ဗိမာန်တော်အပြင်တံတိုင်းထဲသို့ခေါ်ဆောင်သွား၏။ အပြင်တံတိုင်းကိုကပ်၍ဆောက်လုပ်ထားသောအခန်းပေါင်းသုံးဆယ်ရှိ၏။ ထိုအခန်းများ၏ရှေ့တွင်ကျောက်များခင်းထားသောအကွက်ရှိလေသည်။ တံတိုင်းအပြင်၏မြေမျက်နှာပြင်သည်တံတိုင်းအတွင်းရှိမြေမျက်နှာပြင်ထက်နိမ့်၏။
တံတိုင်းအပြင်ဝင်းအတွင်း၌မြောက်ဘက်အတွင်းမုခ်ပေါက်နှင့်ကပ်၍တည်ဆောက်ထားသောတိုးချဲ့ဆောင်ရှိ၏။ ထိုအဆောက်အအုံမှနေ၍တံတိုင်းအပြင်ဝင်းသို့မျက်နှာမူလျက်ရှိသည့်အဝင်ခန်းကိုဝင်နိုင်၏။ ဤအဆောက်အအုံသည်တစ်တောင်လုံးမီးရှို့ပူဇော်မည့်ယဇ်ကောင်များကိုဆေးကြောရာဖြစ်၏။-
ထိုသူကငါ့အား``ဤအဆောက်အအုံနှစ် ခုစလုံးသည်သန့်ရှင်းမြင့်မြတ်၏။ ထာဝရ ဘုရား၏ရှေ့တော်သို့ဝင်ရသူယဇ်ပုရော ဟိတ်တို့သည်ထိုအဆောက်အအုံများထဲ ၌အလွန်သန့်ရှင်းမြင့်မြတ်သောပူဇော် သကာများကိုစားသောက်ရကြ၏။ ထို အခန်းများသည်သန့်ရှင်းမြင့်မြတ်သဖြင့် ယဇ်ပုရောဟိတ်တို့သည်ဘောဇဉ်ပူဇော် သကာ၊ အပြစ်ဖြေရာယဇ်နှင့်ဒုစရိုက် ဖြေရာယဇ်တည်းဟူသောအလွန်သန့်ရှင်း မြင့်မြတ်သည့်ပူဇော်သကာများကိုထား ကြသည်။-
ငါ၏ရှေ့တော်သို့ဝင်၍အမှုတော်ဆောင်သူ များမှာဇာဒုတ်၏သားမြေး၊ လေဝိအနွယ် ဝင်ယဇ်ပုရောဟိတ်များဖြစ်ရမည်။ ဤကား ငါအရှင်ထာဝရဘုရားမိန့်တော်မူသော စကားဖြစ်၏။ သင်သည်အပြစ်ဖြေရာယဇ် ပူဇော်ရန်အတွက်နွားထီးပျိုတစ်ကောင် ကိုသူတို့အားပေးရမည်။-
အရှင်ထာဝရဘုရားက``သို့ရာတွင်အခြား ဣသရေလအမျိုးသားအပေါင်းတို့ငါ့အား ကျောခိုင်းသွားကြသောအခါဇာဒုတ်၏သား မြေးလေဝိအနွယ်ဝင်ယဇ်ပုရောဟိတ်တို့ သည်ဆက်လက်၍ဗိမာန်တော်တွင်ငါ၏အမှု တော်ကိုသစ္စာရှိစွာဆောင်ရွက်ခဲ့ကြ၏။ သို့ ဖြစ်၍သူတို့သည်ယခုငါ၏အမှုတော် ကိုထမ်းဆောင်ရသူများဖြစ်ကြမည်။ ငါ ၏အထံတော်သို့ဝင်၍ယဇ်ကောင်များ၏ ဆီဥနှင့်သွေးကိုပူဇော်ရကြမည်။-
ဗိမာန်တော်တွင်ထာဝရဘုရား၏ထံတော် သို့ချဉ်းကပ်၍ အမှုတော်ကိုထမ်းဆောင်သော ယဇ်ပုရောဟိတ်တို့အတွက်သီးသန့်ထားရာ သန့်ရှင်းမြင့်မြတ်သည့်ဌာနပါရှိ၍ သူတို့ နေထိုင်ရန်အိမ်များရှိရာအပိုင်းနှင့်ဗိမာန် တော်တည်ရှိရာအပိုင်းပါရှိလိမ့်မည်။-
ဤသန့်ရှင်းမြင့်မြတ်သည့်နယ်မြေသည်ဇာဒုတ်၏သားမြေးများဖြစ်ကြသောယဇ်ပုရောဟိတ်တို့အတွက်ဖြစ်ရမည်။ သူတို့သည်ငါ၏အမှုတော်ကိုသစ္စာရှိစွာထမ်းဆောင်ခဲ့ကြ၏။ အခြားဣသရေလအမျိုးသားတို့မှောက်မှားလမ်းလွဲကြသောအခါ သူတို့သည်လေဝိအနွယ်ဝင်တို့ကဲ့သို့လမ်းမလွဲကြ။-
ထိုအခါမောရှေကအာရုန်အား``ထာဝရ ဘုရားက`ငါ၏အမှုတော်ကိုဆောင်ရွက်သူ အပေါင်းတို့သည် ငါ၏သန့်ရှင်းခြင်းဂုဏ်တော် ကိုရိုသေလေးစားရကြမည်။ ငါ၏လူမျိုး တော်အားငါ့ဘုန်းအသရေကိုပေါ်လွင်ထင် ရှားစေမည်' ဟူ၍မိန့်တော်မူရာဤအမှုကို ရည်ဆောင်၍မိန့်တော်မူခြင်းဖြစ်သည်'' ဟု ဆိုလေ၏။ ထိုအခါအာရုန်သည်တိတ် ဆိတ်စွာနေလေ၏။
တစ်စုံတစ်ယောက်သည်ဣသရေလအမျိုး သားချင်းတစ်ဦးက အပ်နှံထားသောအာမခံ ငွေကိုပြန်ပေးရန်ငြင်းဆိုလျှင်သော်လည်း ကောင်း၊ သူ့ထံမှပစ္စည်းတစ်စုံတစ်ခုကိုခိုး ယူခြင်းသို့မဟုတ်သူ့အားလိမ်လည်လှည့် ဖြားခြင်းပြုလျှင်လည်းကောင်း၊-
သူသည်ထာဝရဘုရားအားပူဇော်ရန် အပြစ် ဒဏ်ပြေရာယဇ်အဖြစ်အပြစ်အနာကင်း သောသိုးထီး သို့မဟုတ်ဆိတ်ထီးကိုယဇ် ပုရောဟိတ်ထံသို့ယူဆောင်ခဲ့ရမည်။ သိုး သို့မဟုတ်ဆိတ်၏တန်ဖိုးကိုကျပ်ချိန်တော် အရအဖိုးဖြတ်သည့်ငွေကိုပါဆက်သ ရမည်။-
အာရုန်၏အဆက်အနွယ်မဟုတ်သူမည် သူတစ်စုံတစ်ယောက်မျှ ထာဝရဘုရား အားနံ့သာပေါင်းကိုပူဇော်ရန်ယဇ်ပလ္လင် သို့မချဉ်းကပ်ရဟုကြေးဝါအဖုံးက ဣသရေလအမျိုးသားတို့ကိုသတိပေး ၏။ ဤပညတ်ကိုမလိုက်နာသူသည်ကောရ နှင့်သူ၏နောက်လိုက်များနည်းတူ ပျက်စီး ဆုံးရှုံးရလိမ့်မည်။ မောရှေမှတစ်ဆင့် ထာဝရဘုရားမိန့်မှာတော်မူသမျှ တို့ကို ဧလာဇာဆောင်ရွက်လေသည်။
ထိုနောက်သူသည်ကောရနှင့်အပေါင်းပါတို့ အား``နက်ဖြန်နေ့နံနက်တွင်ထာဝရဘုရား သည်မည်သူ့ကိုရွေးကောက်ကြောင်းပြတော် မူမည်။ ထာဝရဘုရားသည်မိမိရွေးကောက် သောသူအားကိုယ်တော်၏ယဇ်ပလ္လင်အနီး သို့ချဉ်းကပ်စေတော်မူမည်။-
သင်နှင့်သင်၏သားများသာလျှင်သန့်ရှင်း ရာဌာနတော်နှင့်ယဇ်လ္လင်ဆိုင်ရာတာဝန် များကိုထမ်းဆောင်ရမည်။ သို့မှသာလျှင် ငါသည်နောက်တစ်ဖန်ဣသရေလအမျိုး သားတို့အားအမျက်ထွက်တော်မူမည် မဟုတ်။-
သို့ရာတွင်ယခုအခါ၌ခရစ်တော်ယေရှုနှင့် တစ်လုံးတစ်ဝတည်းဖြစ်ကြပြီဖြစ်သဖြင့် ယခင် ကဝေးလျက်နေခဲ့ကြသောသင်တို့သည်ခရစ် တော်အသေခံတော်မူခြင်းကြောင့် အပါးတော် သို့ရောက်ကြရလေပြီ။-