ယေဇကျေလ 40:45 - Common Language Bible45 ထိုလူကတောင်ဘက်သို့မျက်နှာမူလျက်နေသည့်အခန်းသည် ဗိမာန်တော်၏အမှုကိုဆောင်ရွက်ရသူယဇ်ပုရောဟိတ်များအတွက်ဖြစ်ကြောင်း၊- အခန်းကိုကြည့်ပါ။Garrad Bible45 ဗိ မာန် တော် ကို စောင့် ရှောက် သူ ပ ရော ဟိတ် တို့ အ ဖို့၊ မြောက် ဘက် သို့ မျက် နှာ မူ သော လှိုင် ကား၊ အခန်းကိုကြည့်ပါ။Judson Bible45 တောင်ဘက်သို့မျက်နှာပြုသော ဤအခန်းကား၊ အိမ်တော်အမှုကိုဆောင်သော ယဇ်ပုရောဟိတ် နေစရာဖို့၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း45 သူက ငါ့အား “တောင်ဘက်သို့မျက်နှာမူထားသောအခန်းသည် အိမ်တော်အမှုကိုထမ်းဆောင်သော ယဇ်ပုရောဟိတ်တို့အတွက်ဖြစ်၏။ အခန်းကိုကြည့်ပါ။ |
သူတို့သည်နံနက်တိုင်း၊ ညနေတိုင်း၊ နံ့သာပေါင်း နှင့်တစ်ကောင်လုံးမီးရှို့ရာယဇ်များကိုထာဝရ ဘုရားအားပူဇော်ကြသည်။ ဘာသာရေးထုံးနည်း အရသန့်စင်သည့်စားပွဲပေါ်တွင်ရှေ့တော်မုန့်ကို ပူဇော်ကြ၏။ ညနေတိုင်းရွှေမီးတင်ခုံများပေါ် ရှိမီးခွက်များကိုထွန်းညှိကြ၏။ ငါတို့သည် ထာဝရဘုရား၏အမိန့်တော်ကိုလိုက်နာ ကြ၏။ သင်တို့မူကားကိုယ်တော်ကိုစွန့်ပယ် ကြလေပြီ။-
အာရုန်နှင့်သူ၏သားမြေးတို့သည်နံ့သာ ပေါင်းကိုမီးရှို့ရာပူဇော်သကာနှင့် ပလ္လင်ပေါ် တွင်တင်၍မီးရှို့ရာယဇ်ကိုပူဇော်ဆက်သ ရကြ၏။ သူတို့သည်အလွန်သန့်ရှင်းရာ ဌာနတော်၌ကိုးကွယ်ဝတ်ပြုမှုမှန်သမျှ ကိုလည်းကောင်း၊ ဣသရေလအမျိုးသား တို့၏အပြစ်ဖြေရာယဇ်ပူဇော်မှုများ ကိုလည်းကောင်း၊ တာဝန်ယူ၍ဆောင်ရွက် ရကြ၏။ ယင်းသို့ဆောင်ရွက်ရာ၌သူတို့ သည်ဘုရားသခင်၏အစေခံဖြစ်သူ မောရှေဆင့်ဆိုညွှန်ကြားခဲ့သည့်အတိုင်း လိုက်နာကျင့်သုံးရကြပေသည်။-
မောရှေ၊ အာရုန်နှင့်သူ၏သားတို့သည်တဲ တော်အရှေ့ဘက်မျက်နှာတွင်စခန်းချရ မည်။ သူတို့သည်ဣသရေလအမျိုးသား တို့အတွက်သန့်ရှင်းရာဌာနတော်တွင် ကိုးကွယ်ဝတ်ပြုမှုဆိုင်ရာကိစ္စအဝဝတို့ ကိုဆောင်ရွက်ရသည်။ မဆိုင်သူကဝင်ရောက် ဆောင်ရွက်လျှင်ထိုသူအားသေဒဏ်စီရင် ရမည်။-
ထိုလူသည်ငါ့အားမုခ်ပေါက်ကိုဖြတ်၍ဗိမာန်တော်အပြင်တံတိုင်းထဲသို့ခေါ်ဆောင်သွား၏။ အပြင်တံတိုင်းကိုကပ်၍ဆောက်လုပ်ထားသောအခန်းပေါင်းသုံးဆယ်ရှိ၏။ ထိုအခန်းများ၏ရှေ့တွင်ကျောက်များခင်းထားသောအကွက်ရှိလေသည်။ တံတိုင်းအပြင်၏မြေမျက်နှာပြင်သည်တံတိုင်းအတွင်းရှိမြေမျက်နှာပြင်ထက်နိမ့်၏။
တံတိုင်းအပြင်ဝင်းအတွင်း၌မြောက်ဘက်အတွင်းမုခ်ပေါက်နှင့်ကပ်၍တည်ဆောက်ထားသောတိုးချဲ့ဆောင်ရှိ၏။ ထိုအဆောက်အအုံမှနေ၍တံတိုင်းအပြင်ဝင်းသို့မျက်နှာမူလျက်ရှိသည့်အဝင်ခန်းကိုဝင်နိုင်၏။ ဤအဆောက်အအုံသည်တစ်တောင်လုံးမီးရှို့ပူဇော်မည့်ယဇ်ကောင်များကိုဆေးကြောရာဖြစ်၏။-
သူတို့သည်ဗိမာန်တော်တံခါးမှူးများအဖြစ် ဖြင့်လည်းကောင်း၊ ဗိမာန်တော်၏ဝေယျာဝစ္စကို ဆောင်ရွက်သူများအဖြစ်ဖြင့်လည်းကောင်းငါ ၏အမှုတော်ကိုထမ်းဆောင်နိုင်ခွင့်ရှိကြ၏။ သူ တို့သည်မီးရှို့ရာပူဇော်သကာနှင့်ယဇ်ပူဇော်ရန် အတွက်လူတို့ပေးအပ်ကြသည့်တိရစ္ဆာန်များ သတ်နိုင်ခွင့်ရှိ၏။ ထိုမှတစ်ပါးလည်းသူတို့ သည်အကူအညီပေးရန်အတွက်ဗိမာန် တော်တွင်ရှိနေရကြမည်။-
အရှင်ထာဝရဘုရားက``သို့ရာတွင်အခြား ဣသရေလအမျိုးသားအပေါင်းတို့ငါ့အား ကျောခိုင်းသွားကြသောအခါဇာဒုတ်၏သား မြေးလေဝိအနွယ်ဝင်ယဇ်ပုရောဟိတ်တို့ သည်ဆက်လက်၍ဗိမာန်တော်တွင်ငါ၏အမှု တော်ကိုသစ္စာရှိစွာဆောင်ရွက်ခဲ့ကြ၏။ သို့ ဖြစ်၍သူတို့သည်ယခုငါ၏အမှုတော် ကိုထမ်းဆောင်ရသူများဖြစ်ကြမည်။ ငါ ၏အထံတော်သို့ဝင်၍ယဇ်ကောင်များ၏ ဆီဥနှင့်သွေးကိုပူဇော်ရကြမည်။-