အခန်းအားလုံး၏အပြင်နံရံတိုင်း၊ အတွင်းနံရံတိုင်းတို့၌ပြူတင်းပေါက်ငယ်များရှိ၏။ လမ်းကြားသို့မျက်နှာမူလျက်နေသောအတွင်းနံရံများတွင် စွန်ပလွံပင်ပုံများကိုထွင်းထုထားလေသည်။
ယေဇကျေလ 40:26 - Common Language Bible ယင်းကိုလှေကားခုနစ်ထစ်ဖြင့်တက်ရ၏။ ထိုမုခ်ပေါက်၏အဝင်ခန်းသည်လည်းအပြင်ဝင်းကိုမျက်နှာမူ၍နေ၏။ လမ်းကြားကိုမျက်နှာမူလျက်ရှိသည့်အတွင်းနံရံများတွင် စွန်ပလွံပင်ပုံများကိုထွင်းထား၏။- Garrad Bible လှေ ကား ခု နစ် ထစ် ဖြင့် တက် ရ သော မုတ် ဆောင် သည်၊ ကျော ဘက် ရှိ လျက်၊ ဝဲ ယာ ရှိ တံ ခါး တိုင် နံ ရံ များ၌၊ စွန် ပ လွံ ပင် တစ် ပုံ စီ ထု ပြီး ရှိ ၏။ Judson Bible လှေကား ခုနစ်ထစ်ဖြင့် တံခါးသို့တက်ရ၏။ မုခ်တို့သည် လှေကားနှင့် တစ်တန်းတည်းရှိကြ၏။ တစ်ဖက်တစ်ချက်တိုင်များ၌ စွန်ပလွံပင်ပုံ ထုလျက်ရှိ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုမုခ်ဆောင်ပေါ်သို့ လှေကားခုနစ်ထစ်ဖြင့် တက်ရ၏။ ရှေ့တည့်တည့်တွင် မုခ်ဆောင်ဆင်ဝင်ရှိ၏။ မုခ်ဆောင်အတွင်းတစ်ဖက်တစ်ချက်ရှိတိုင်များတွင် စွန်ပလွံပင်ပုံ ဖော်ထား၏။ |
အခန်းအားလုံး၏အပြင်နံရံတိုင်း၊ အတွင်းနံရံတိုင်းတို့၌ပြူတင်းပေါက်ငယ်များရှိ၏။ လမ်းကြားသို့မျက်နှာမူလျက်နေသောအတွင်းနံရံများတွင် စွန်ပလွံပင်ပုံများကိုထွင်းထုထားလေသည်။
အဝင်ခန်းပြူတင်းပေါက်များနှင့်ထွင်းထုထားသည့်စွန်ပလွံပင်ပုံများသည်လည်းအရှေ့မုခ်ပေါက်မှာကဲ့သို့ပင်ဖြစ်၏။ ဤမုခ်တံခါးသို့လှေကားခုနစ်ထစ်ဖြင့်တက်ရ၏။ အစွန်းဆုံးရှိအဝင်ခန်းသည်တံတိုင်းအပြင်ဝင်းကိုမျက်နှာမူလျက်နေ၏။-
ထိုမုခ်ပေါက်ရှိအစောင့်တပ်သားတို့၏အခန်းများ၊ အဝင်ခန်းနှင့်အတွင်းနံရံများသည်အခြားမုခ်ပေါက်များမှာကဲ့သို့ပင်ဖြစ်၏။ ဤမုခ်ပေါက်ရှိအခန်းများ၌လည်းပြူတင်းပေါက်များရှိ၏။ စုစုပေါင်းအလျားရှစ်ဆယ့်ငါးပေ၊ အနံလေးဆယ့်နှစ်ပေရှိ၏။-
ယင်းတွင်တံတိုင်းအပြင်ဝင်းသို့မျက်နှာမူနေသောအဝင်ခန်းရှိ၏။ မုခ်ပေါက်လမ်းကြားတစ်လျှောက်ရှိနံရံများတွင်စွန်ပလွံပင်ပုံများထွင်းထား၏။ ဤမုခ်ပေါက်သို့လှေကားရှစ်ထစ်ဖြင့်တက်ရ၏။
ထိုနောက်သူသည်အရှေ့အရပ်သို့မျက်နှာမူနေသည့်တံခါးသို့သွား၍လှေကားကိုတက်ပြီးလျှင် အပေါ်ဆုံးအထစ်မှတံခါးဝကိုတိုင်းကြည့်ရာအမြင့်ဆယ်ပေရှိသည်ကိုတွေ့ရ၏။-
သင်တို့သည်ငါတို့၏အရှင်သခင်နှင့်ကယ်တင် ရှင်ဖြစ်တော်မူသောယေရှုခရစ်၌လည်းကောင်း၊ ကိုယ်တော်၏ကျေးဇူးတော်ကိုသိကျွမ်းခြင်း ၌လည်းကောင်းကြီးပွားကြလော့။ ထိုအရှင် သည်ယခုမှစ၍ထာဝရကာလပတ်လုံး ဘုန်းအသရေထွန်းတောက်တော်မူပါစေ သတည်း။ အာမင်။ ရှင်ပေတရုသြဝါဒစာဒုတိယစောင်ပြီး၏။