Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 40:29 - Common Language Bible

29-30 ထို​မုခ်​ပေါက်​ရှိ​အ​စောင့်​တပ်​သား​တို့​၏​အ​ခန်း​များ၊ အ​ဝင်​ခန်း​နှင့်​အ​တွင်း​နံ​ရံ​များ​သည်​အ​ခြား​မုခ်​ပေါက်​များ​မှာ​ကဲ့​သို့​ပင်​ဖြစ်​၏။ ဤ​မုခ်​ပေါက်​ရှိ​အ​ခန်း​များ​၌​လည်း​ပြူ​တင်း​ပေါက်​များ​ရှိ​၏။ စု​စု​ပေါင်း​အ​လျား​ရှစ်​ဆယ့်​ငါး​ပေ၊ အ​နံ​လေး​ဆယ့်​နှစ်​ပေ​ရှိ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

29 မုတ် ဆောင် ကင်း တဲ များ၊ တံ ခါး နံ ရံ များ ပါ၊ အ ထက် ပ မာ ဏ အ လိုက် တိုင်း ၏။ တံ ခါး နှင့် မုတ် ဆောင် ပတ် လည် တွင်၊ လေ သာ ပေါက် များ ရှိ၏။ တံ ခါး အ လျား အ တောင် ငါး ဆယ်၊ အ နံ နှစ် ဆယ့် ငါး တောင် တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

29 အ​ခန်း​ငယ်​များ၊ တိုင်​များ၊ မုခ်​များ​တို့​သည် အ​ရင်​ပ​မာ​ဏ​နှင့် တ​ညီ​တည်း​ရှိ​ကြ၏။ တံ​ခါး​ဝ​ပတ်​လည်၌​လည်း​ကောင်း၊ မုခ်​များ၌​လည်း​ကောင်း ပြတင်း​ပေါက်​ရှိ၍၊ အ​လျား​အ​တောင် ငါး​ဆယ်၊ အ​နံ​နှစ်​ဆယ်​ငါး​တောင်​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

29 ထို​မုခ်ဆောင်​၏​အခန်းငယ်​များ​၊ တိုင်​များ​နှင့် ဆင်ဝင်​၏​အတိုင်းအတာ​သည် အခြား​တို့​နှင့် အတူတူ​ပင်​ဖြစ်​၏​။ မုခ်ဆောင်​ပတ်ပတ်လည်​နှင့် ဆင်ဝင်​တွင် ပြတင်းပေါက်​များ​ရှိ​၏​။ မုခ်ဆောင်​သည် အလျား​အတောင်​ငါးဆယ်​၊ အနံ​နှစ်ဆယ့်​ငါး​တောင်​ရှိ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 40:29
15 ပူးပေါင်းရင်းမြစ်များ  

နံ​ရံ​နှစ်​ခု​၌​မျက်​နှာ​ချင်း​ဆိုင်​ပြူ​တင်း ပေါက်​သုံး​တန်း​စီ​ရှိ​၏။-


မင်း​ကြီး​၏​အ​မိန့်​တော်​အ​ရ​ဗိ​မာန်​တော် အ​နီး​တွင် ပစ္စည်း​သို​လှောင်​ခန်း​များ​ကို​ပြင် ဆင်​ပြီး​လျှင်၊-


ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​များ၊ နံ့​သာ​ပေါင်း၊ ဗိ​မာန်​တော်​အ​သုံး​အ​ဆောင်​များ​မှ​စ​၍ ယဇ်​ပု​ရော​ဟိတ်​များ​အ​တွက်​လှူ​ရ​သော အ​လှူ​များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​များ၊ ဗိ​မာန်​တော်​ဂီ​တ​ပ​ညာ​သည်​များ၊ ဗိ​မာန် တော်​အ​စောင့်​တပ်​သား​များ​အ​တွက် ဆယ် ဖို့​တစ်​ဖို့​ပေး​လှူ​သော​ဆန်​စ​ပါး၊ စ​ပျစ် ရည်​နှင့်​သံ​လွင်​ဆီ​ကို​သို​လှောင်​ရန်​အ​တွက် သာ​လျှင် အ​သုံး​ပြု​သော​အ​ခန်း​ကြီး​ကို တော​ဘိ​အား​အ​သုံး​ပြု​ခွင့်​ပေး​ထား​လေ သည်။-


အ​ခန်း​များ​ကို​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ သန့်​စင်​မှု​ကို​ပြု​စေ​၍​ဗိ​မာန်​တော်​အ​သုံး အ​ဆောင်​များ၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​များ နှင့်​နံ့​သာ​ပေါင်း​တို့​ကို​ပြန်​သွင်း​ရန်​အ​မိန့် ပေး​၏။


ထို​အ​ခါ​ဗာ​ရုတ်​သည်​စာ​လိပ်​ပါ​ငါ​နှုတ် တိုက်​ချ​ပေး​သ​မျှ​သော​စ​ကား​တို့​ကို ဗိ​မာန် တော်​တွင်း​ရှိ​လူ​တို့​ကြား​နိုင်​လောက်​သော​အ​ရပ် မှ​ဖတ်​ပြ​လေ​သည်။ သူ​သည်​ဂေ​မ​ရိ​၏​သား ဘု​ရင်​၏​အ​တိုင်​ပင်​ခံ​အ​မတ်​ရှာဖန်​၏​အ​ခန်း မှ​နေ​၍​ထို​စာ​လိပ်​ကို​ဖတ်​သ​တည်း။ ထို​အ​ခန်း သည်​ဗိ​မာန်​တော်​အ​ဝင်​ဝ​တံ​ခါး​သစ်​အ​နီး အ​ထက်​တံ​တိုင်း​အ​တွင်း​၌​တည်​ရှိ​လေ​သည်။


(မုခ်​ပေါက်​လမ်း​ကြား​၏​ဝဲ​ယာ​တွင်​ရှိ​သော​အ​စောင့်​တပ်​သား​တို့​၏​အ​ခန်း​သုံး​ခန်း​စီ​သည် အ​ရွယ်​ပ​မာ​ဏ​ချင်း​တူ​ညီ​ကြ​၏။ ယင်း​တို့​ကို​ပိုင်း​ခြား​ထား​သည့်​နံ​ရံ​များ​သည်​လည်း​ထု​ချင်း​တူ​ညီ​ကြ​၏။)


အ​စောင့်​တပ်​သား​တို့​၏​အ​ခန်း​တစ်​ခု​စီ​ရှေ့​တွင်​အ​မြင့်​လက်​မ​နှစ်​ဆယ်၊ အ​ကျယ်​လက်​မ​နှစ်​ဆယ်​ရှိ​သော​တံ​တိုင်း​ရှိ​၏။ (ထို​အ​ခန်း​တို့​သည်​အ​လျား​ဆယ်​ပေ၊ အ​နံ​ဆယ်​ပေ​ရှိ​သ​တည်း။-)


အ​ခန်း​အား​လုံး​၏​အ​ပြင်​နံ​ရံ​တိုင်း၊ အ​တွင်း​နံ​ရံ​တိုင်း​တို့​၌​ပြူ​တင်း​ပေါက်​ငယ်​များ​ရှိ​၏။ လမ်း​ကြား​သို့​မျက်​နှာ​မူ​လျက်​နေ​သော​အ​တွင်း​နံ​ရံ​များ​တွင် စွန်​ပ​လွံ​ပင်​ပုံ​များ​ကို​ထွင်း​ထု​ထား​လေ​သည်။


ဤ​မုခ်​ပေါက်​မှ​အ​ခန်း​များ​တွင် အ​ခြား​မုခ်​ပေါက်​များ​မှ​အ​ဆောင်​များ​မှာ​ကဲ့​သို့​ပင်​ပြူ​တင်း​ပေါက်​များ​ရှိ​၏။ မုခ်​ပေါက်-သည်​စု​စု​ပေါင်း​အ​လျား​ရှစ်​ဆယ့်​ငါး​ပေ၊ အ​နံ​လေး​ဆယ့်​နှစ်​ပေ​ရှိ​၏။-


ယင်း​မုခ်​ပေါက်​ရှိ​အ​စောင့်​တပ်​သား​တို့​၏​အ​ခန်း​များ၊ အ​ဝင်​ခန်း​နှင့်​အ​တွင်း​နံ​ရံ​များ​သည် အ​ခြား​မုခ်​ပေါက်​များ​မှာ​ကဲ့​သို့​ပင်​အ​တိုင်း​အ​တာ​ရှိ​ကြ​၏။ မုခ်​ပေါက်​ပတ်​လည်​နှင့်​အ​ဝင်​ခန်း​၌​ပြူ​တင်း​ပေါက်​များ​ရှိ​၏။ စု​စု​ပေါင်း​အ​လျား​ရှစ်​ဆယ့်​ငါး​ပေ၊ အ​နံ​လေး​ဆယ့်​နှစ်​ပေ​ရှိ​၏။-


ယင်း​တွင်​အ​ခြား​မုခ်​ပေါက်​များ​မှာ​ကဲ့​သို့​အ​စောင့်​တပ်​သား​များ​အ​တွက်​အ​ခန်း​များ၊ လှ​ပ​စွာ​တန်​ဆာ​ဆင်​ထား​သည့်​အ​တွင်း​နံ​ရံ​များ၊ အဝင်​ခန်း​ပြူ​တင်း​ပေါက်​များ​ရှိ​၏။ စု​စု​ပေါင်း​အ​လျား​လေး​ရာ​ရှစ်​ဆယ့်​ငါး​ပေ၊ အ​နံ​လေး​ဆယ့်​နှစ်​ပေ​ရှိ​၏။-


တံ​ခါး​၏​အ​လွန်​တွင်​လမ်း​ကြား​တစ်​ခု​ရှိ​၏။ ထို​လမ်း​၏​ဝဲ​ယာ​တွင်​အ​စောင့်​တပ်​သား​များ​အ​တွက် အ​ခန်း​သုံး​ခန်း​စီ​ရှိ​၏။ ထို​အ​ခန်း​တိုင်း​ပင်​စ​တု​ရန်း​ပုံ​သဏ္ဌာန်​ရှိ​၍​နံ​ရံ​တစ်​ခု​လျှင်​ဆယ်​ပေ​ရှည်​၏။ အ​ခန်း​တစ်​ခု​နှင့်​တစ်​ခု​အ​ကြား​မှ​နံ​ရံ​သည်​ထု​ရှစ်​ပေ​ရှိ​၏။ ဤ​အ​ခန်း​များ​အ​လွန်​၌​ဆယ်​ပေ​ရှည်​သော​လမ်း​ကြား​တစ်​ခု​ရှိ​၏။ ထို​လမ်း​သည်​ဗိ​မာန်​တော်​ကို​မျက်​နှာ​မူ​လျက်​နေ​သည့်​အ​ခန်း​ကြီး​တစ်​ခု​သို့​သွား​ရာ​လမ်း​ဖြစ်​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ