ကိုယ်တော်က``တိုက်ခိုက်မှုကိုရပ်စဲကြလော့၊ ငါသည်လူမျိုးတကာတို့တွင်လည်းကောင်း၊ ကမ္ဘာတစ်ဝန်းလုံးတွင်လည်းကောင်း ဘုရားဖြစ်တော်မူသည်ကိုသိမှတ်ကြလော့'' ဟု မိန့်တော်မူ၏။
ယေဇကျေလ 39:3 - Common Language Bible ထို့နောက်သူ၏လက်ဝဲလက်မှလေးနှင့် လက်ယာလက်မှမြားတို့ကိုပုတ်ချမည်။- Garrad Bible ဘယ် လက် ကိုင် လေး ကို ပုတ် ချ လျက်၊ ညာ လက် ကိုင် မြှား ကို လည်း ခတ် ချ သ ဖြင့်၊ Judson Bible ထိုအခါ သင့်လက်ဝဲလက်မှ လေးကိုလည်းကောင်း၊ လက်ယာလက်မှ မြားတို့ကိုလည်းကောင်း၊ ငါရိုက်၍ကျစေမည်။ မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် သင့်လက်ဝဲလက်မှလေးကို ချိုး၍ လက်ယာလက်မှမြားကို ရိုက်ချပစ်မည်။ |
ကိုယ်တော်က``တိုက်ခိုက်မှုကိုရပ်စဲကြလော့၊ ငါသည်လူမျိုးတကာတို့တွင်လည်းကောင်း၊ ကမ္ဘာတစ်ဝန်းလုံးတွင်လည်းကောင်း ဘုရားဖြစ်တော်မူသည်ကိုသိမှတ်ကြလော့'' ဟု မိန့်တော်မူ၏။
ကိုယ်တော်သည်ကမ္ဘာတစ်ဝန်းလုံးတွင် တိုက်ခိုက်မှုများကိုငြိမ်းစေတော်မူ၏။ လေးတို့ကိုချိုး၍လှံတို့ကိုအပိုင်းပိုင်းဖြတ်ကာ ဒိုင်းတို့ကိုမီးရှို့တော်မူ၏။
ထိုအရပ်တွင်ကိုယ်တော်သည်ရန်သူတို့၏ မြား၊ဒိုင်းလွှား၊ဋ္ဌားနှင့်လက်နက်ရှိသမျှတို့ကို ချိုးဖျက်တော်မူ၏။
အို ဘုရားသခင်၊ ကိုယ်တော်သည်လွန်စွာဘုန်းတန်ခိုးကြီး ပါသည်တကား။ ရန်သူတို့ကိုနှိမ်နင်းရာတောင်ရိုးများမှ ကိုယ်တော်ပြန်လည်ကြွလာတော်မူသည်မှာ ဂုဏ်ကျက်သရေရှိလှပါသည်တကား။
ကိုယ်တော်က``အချင်းလူသား၊ ငါသည်အီဂျစ် ဘုရင်၏လက်ရုံးကိုကျိုးစေပြီ။ အရိုးပြန် ဆက်ပြီးလျှင်ဋ္ဌားကိုတစ်ဖန်ကိုင်နိုင်လာစေ ရန်ထိုလက်ကိုအဘယ်သူမျှကြပ်စည်း၍ အဝတ်ဖြင့်ဆွဲဆိုင်း၍မပေးကြ။-
ငါသည်သူ့အားလှည့်စေ၍ဆွဲခေါ်လာမည်။ ဣသရေလတောင်များသို့ရောက်သည့်တိုင် အောင်မြောက်မျက်နှာစွန်းမှခေါ်ဆောင်လာ မည်။-
ထိုအချိန်ကျရောက်လျှင်ငါသည်ယေဇရေလ ချိုင့်ဝှမ်းတွင် ဣသရေလနိုင်ငံ၏အာဏာစက် ကိုပျက်သုဉ်းစေမည်'' ဟုမိန့်တော်မူသည်။
လေးကိုကိုင်စွဲထားသောသူများသည်လည်း ရပ်တည်ခြင်းငှာမတတ်နိုင်ကြ။ လျင်မြန်စွာ ပြေးနိုင်သူများသည်လည်းလွတ်လိမ့်မည် မဟုတ်၊ မြင်းပေါ်မှလူများသည်လည်းမိမိ တို့အသက်ဘေးမှလွတ်မြောက်ကြလိမ့်မည် မဟုတ်။-