ယေဇကျေလ 30:21 - Common Language Bible21 ကိုယ်တော်က``အချင်းလူသား၊ ငါသည်အီဂျစ် ဘုရင်၏လက်ရုံးကိုကျိုးစေပြီ။ အရိုးပြန် ဆက်ပြီးလျှင်ဋ္ဌားကိုတစ်ဖန်ကိုင်နိုင်လာစေ ရန်ထိုလက်ကိုအဘယ်သူမျှကြပ်စည်း၍ အဝတ်ဖြင့်ဆွဲဆိုင်း၍မပေးကြ။- အခန်းကိုကြည့်ပါ။Garrad Bible21 အ ချင်း လူ့ သား၊ ငါ ချိုး ခဲ့ သော အိ ဂျစ် ဘု ရင် ဖာ ရော မင်း လက် ရုံး သည်၊ ဓား လက် နက် စွဲ ကိုင် နိုင် ရန် သန် မာ စေ ခြင်း ငှာ၊ ဆေး လိမ်း ခြင်း၊ ကျပ် စည်း ခြင်း မ ခံ ရ။ အခန်းကိုကြည့်ပါ။Judson Bible21 အချင်းလူသား၊ အဲဂုတ္တုရှင်ဘုရင်ဖာရောမင်း၏ လက်ရုံးကို ငါချိုးပြီး။ ဆေးကု၍ မထုပ်ရ။ ဓားကိုင်စေဖို့ ပကတိခွန်အားရှိစေခြင်းငှာ အဝတ်နှင့် မစည်းရ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း21 “အချင်းလူသား၊ အီဂျစ်ဘုရင်ဖာရောမင်းကြီး၏လက်ရုံးကို ငါချိုးပစ်ပြီ။ အနာပျောက်ကင်းအောင် ပတ်တီးစည်းပေးမည်မဟုတ်။ ဓားပြန်ကိုင်နိုင်သည်အထိ သန်မာလာအောင် ကျပ်စည်းပေးမည်မဟုတ်။ အခန်းကိုကြည့်ပါ။ |
ငါသည်ယုဒဘုရင်ဇေဒကိကိုမိမိအား သတ်ဖြတ်လို၍ မိမိ၏ရန်သူဖြစ်သောဗာဗု လုန်ဘုရင်နေဗုခဒ်နေဇာထံအပ်နှင်းသကဲ့ သို့ အီဂျစ်ဘုရင်ဟောဖရာကိုလည်းမိမိ အားသတ်ဖြတ်လိုသောရန်သူများလက် သို့အပ်နှင်းမည်'' ဟုမိန့်တော်မူကြောင်းလူ အပေါင်းတို့အား အထူးသဖြင့်အမျိုး သမီးများအားဆင့်ဆိုလေသည်။
တန်ဖိုးမရှိသောသိုးထိန်းမိုက်သည်အမင်္ဂ လာရှိ၏။ သူသည်မိမိ၏သိုးစုကိုစွန့်ပစ် ထားလေပြီ။ စစ်မက်ဘေးဒဏ်ကြောင့်သူ၏ လက်ရုံးနှင့်ညာမျက်စိသည်ပျက်ပြုန်း၍ သွားလိမ့်မည်။ သူ့၏ညာလက်ရုံးသည်ရှုံ့တွ တွန့်လိမ်လျက်၊ ညာမျက်စိသည်လည်းအလင်း ကွယ်၍သွားလိမ့်မည်'' ဟုမိန့်တော်မူ၏။