ဟောရှေ 1:5 - Common Language Bible5 ထိုအချိန်ကျရောက်လျှင်ငါသည်ယေဇရေလ ချိုင့်ဝှမ်းတွင် ဣသရေလနိုင်ငံ၏အာဏာစက် ကိုပျက်သုဉ်းစေမည်'' ဟုမိန့်တော်မူသည်။ အခန်းကိုကြည့်ပါ။Judson Bible5 ဣသရေလလေးကို ယေဇရေလချိုင့်၌ ငါချိုးသောနေ့ချင်းတွင် ထိုအမှုပြည့်စုံလိမ့်မည်ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း5 ထိုနေ့ရက်ရောက်လျှင် ယေဇရေလချိုင့်ဝှမ်း၌ အစ္စရေး၏လေးကို ငါချိုးပစ်မည်”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ထိုအခါသူတို့က``တောင်ကုန်းဒေသသည် အကျွန်ုပ်တို့နေထိုင်ရန်အတွက်ကျဉ်းမြောင်း ပါသည်။ ဗက်ရှန်နှင့်ပတ်ဝန်းကျင်မြို့များ အနီးရှိမြေပြန့်၌လည်းကောင်း၊ ယေဇရေ လချိုင့်ဝှမ်း၌လည်းကောင်းနေထိုင်သော ခါနာန်အမျိုးသားများတွင်သံစစ်ရထား များရှိကြပါသည်'' ဟုလျှောက်ဆိုကြ၏။
သူတို့သည်ဗာဗုလုန်မြို့ကိုသုတ်သင်ဖျက်ဆီးရန် ရောက်ရှိလာကြလေပြီ။ ဗာဗုလုန်စစ်သည်တော်တို့သည် အဖမ်းခံရကြ၏။ သူတို့၏လေးများသည်လည်းကျိုး၍သွား ကြ၏။ ငါသည်ဒုစရိုက်ပြုသူတို့ဆုံးမတတ်သော ဘုရားဖြစ်၏။ ဗာဗုလုန်မြို့အားထိုက်လျောက်သည့်အတိုင်း အပြစ်ဒဏ်စီရင်မည်။
ပေကာမင်းလက်ထက်တွင်အာရှုရိဧကရာဇ် ဘုရင်တိဂလတ်ပိလေသာသည်ဣယုန်မြို့၊ အဗေလဗက်မာခါမြို့၊ ယာနောမြို့၊ ကေဒေရှ မြို့နှင့်ဟာဇော်မြို့များနှင့်တကွဂိလဒ်ပြည်၊ ဂါလိလဲနှင့်နဿလိပြည်တို့ကိုသိမ်းယူ၍ လူတို့အား အာရှုရိပြည်သို့သုံ့ပန်းများ အဖြစ်ဖမ်းဆီးသွားလေသည်။