သင်တို့သည်ရန်သူ့ခံတပ်များကိုဖမ်းဆီး သိမ်းယူကာ သူတို့အားသတ်ဖြတ်လိုက်သော အခါ၊ တောင်ကုန်း၊ တောင်တန်းရှိသမျှပေါ် မှချောင်းရေတို့သည်စီးဆင်း၍လာလိမ့် မည်။-
ယေဇကျေလ 38:20 - Common Language Bible ကမ္ဘာမြေပြင်ပေါ်တွင်ရှိသမျှသော လူ၊ ငါး၊ ငှက်နှင့်တိရစ္ဆာန်များ၊ မြေပေါ်၌သွားလာ လျက်ရှိသောအခြားသတ္တဝါကြီးငယ် အပေါင်းတို့သည် ငါ့အားကြောက်လန့်တုန် လှုပ်ကြလိမ့်မည်။ တောင်တို့သည်ပြို၍ ကျောက်ဆောင်တို့သည်ကြေမွကာ တံတိုင်း ရှိသမျှတို့သည်လဲကျပျက်စီးလိမ့်မည်။- Garrad Bible ရေ သ တ္တ ဝါ၊ လေ သ တ္တ ဝါ၊ မြေ သ တ္တ ဝါ၊ မြေ ပေါ် မှာ တွား တတ် သော သ တ္တ ဝါ တို့ သည်၊ မြေ မျက် နှာ ပြင် ရှိ လူ သ တ္တ ဝါ တို့ ပါ၊ ရှေ့ တော် တွင် တုန် လှုပ် လျက်၊ တောင် များ မှောက် လန် ခြင်း၊ ကမ်း ပါး များ ပြို ကျ ခြင်း၊ ရှိ သ မျှ သော မြို့ ရိုး များ ပြို လဲ ခြင်း ကို ခံ ရ လ တ္တံ့။ Judson Bible ပင်လယ်ငါး၊ မိုးကောင်းကင်ငှက်၊ တောတိရစ္ဆာန်နှင့် မြေ၌တွားတတ်သောတိရစ္ဆာန်၊ မြေပေါ်မှာရှိသော လူအပေါင်းတို့သည် ငါ့ရှေ့မှာ တုန်လှုပ်ကြလိမ့်မည်။ တောင်တို့သည်ပြိုလျက်၊ အဇောက်မြင့်သော အရပ်တို့သည် လဲလျက်၊ အလုံးစုံသောအုတ်ရိုး ပြုတ်လျက် ရှိကြလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း ပင်လယ်ငါးများ၊ မိုးကောင်းကင်ငှက်များ၊ တောရိုင်းတိရစ္ဆာန်များ၊ မြေပေါ်မှာတွားသွားသောသတ္တဝါများအပါအဝင် ကမ္ဘာမြေပေါ်ရှိလူသားအားလုံးတို့သည် ငါ့မျက်မှောက်တွင် တုန်လှုပ်ကြလိမ့်မည်။ တောင်များလည်း ပြိုကျလိမ့်မည်။ ချောက်ကမ်းပါးများလည်း လဲပြိုကျလိမ့်မည်။ မြို့ရိုးလည်း မြေတိုင်အောင် လဲပြိုကျလိမ့်မည်’ဟု မိန့်တော်မူ၏။ |
သင်တို့သည်ရန်သူ့ခံတပ်များကိုဖမ်းဆီး သိမ်းယူကာ သူတို့အားသတ်ဖြတ်လိုက်သော အခါ၊ တောင်ကုန်း၊ တောင်တန်းရှိသမျှပေါ် မှချောင်းရေတို့သည်စီးဆင်း၍လာလိမ့် မည်။-
ငါသည်တောင်ကြီးတောင်ငယ်တို့ကိုဖြိုဖျက်၍ မြက်နှင့်သစ်ပင်များကိုခြောက်သွေ့စေမည်။ ငါသည်မြစ်ဝှမ်းတို့ကိုသဲကန္တာရများ အဖြစ်သို့ ပြောင်းလဲစေ၍ရေကန်များကိုခန်းခြောက်စေမည်။
သို့ဖြစ်၍ဤပြည်သည်ခြောက်သွေ့လျက် သက်ရှိသတ္တဝါအပေါင်းတို့သည်သေကြေ ပျက်စီးကြလိမ့်မည်။ တိရစ္ဆာန်များ၊ ငှက်များ နှင့်ပင်လယ်ထဲရှိငါးများပင်သေကြေ ပျက်စီးကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
ငါတို့စွဲကိုင်သည့်လက်နက်များသည်လူသား တို့စွဲကိုင်သည့်လက်နက်များမဟုတ်။ ခံတပ်များ ကိုဖြိုဖျက်နိုင်သည့်ဘုရားသခင်၏တန်ခိုး တော်နှင့်ပြည့်စုံသောလက်နက်များဖြစ်၏။ ငါ တို့သည်မမှန်ကန်သည့်ဆွေးနွေးငြင်းခုံချက် များကိုလည်းကောင်း၊-
မိုးကောင်းကင်သည်စာစောင်ကိုလိပ်သကဲ့သို့ ပျောက်ကွယ်သွား၏။ တောင်များနှင့်ကျွန်းရှိ သမျှသည်မိမိတို့နေရာမှရွေ့သွားကြကုန်၏။-