ငါသည်ငါ၏ဂုဏ်တော်ကိုလည်းကောင်း၊ ငါ ၏အစေခံဒါဝိဒ်အားပေးခဲ့သည့်ကတိ တော်ကိုလည်းကောင်းထောက်၍ ဤမြို့ကိုကာ ကွယ်မည်' ဟုမိန့်တော်မူ၏'' ဟူ၍ဗျာဒိတ် တော်ကိုပြန်ကြားလေသည်။
ယေဇကျေလ 36:22 - Common Language Bible ``သို့ဖြစ်၍ဣသရေလအမျိုးသားတို့အား ငါအရှင်ထာဝရဘုရားမိန့်တော်မူသည် ကား ယခုငါပြုမည့်အမှုသည်အသင်ဣသ ရေလအမျိုးသားတို့အတွက်ကြောင့်မဟုတ် ဘဲ ရောက်လေရာရာအရပ်တွင်သင်တို့အသ ရေဖျက်ခဲ့သည့်ငါ၏သန့်ရှင်းမြင့်မြတ်သော နာမတော်အတွက်ကြောင့်ဖြစ်၏။- Garrad Bible ဣ သ ရေ လ အ မျိုး သား တို့ အား သင် ဆင့် ဆို ရ မည် မှာ၊ အ ရှင် ထာ ဝ ရ ဘု ရား က၊ အို ဣ သ ရေ လ အ မျိုး သား တို့၊ သင် တို့ ကို မ ထောက် ထား ဘဲ၊ သွား ရောက် ရာ လူ မျိုး ခြား တို့ ရှေ့ သင် တို့ ရှုတ် ချ ပြီး၊ သန့် ရှင်း သော နာ မ တော် ကို သာ ထောက် ထား လျက် ငါ စီ ရင် မည့် နည်း ဟူ မူ ကား၊ Judson Bible သို့ဖြစ်၍၊ အရှင်ထာဝရဘုရား၏အမိန့်တော်ကို ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ အို ဣသရေလအမျိုး၊ သင်တို့ကိုထောက်၍ ဤအမှုကို ငါပြုသည်မဟုတ်။ သင်တို့ရောက်သမျှသောအရပ်တို့၌ လူအမျိုးမျိုးတို့ရှေ့မှာ ရှုတ်ချသော ငါ၏နာမမြတ်ကိုသာ ထောက်၍ ပြု၏။ မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ အစ္စရေးအမျိုးအား ဘုရားရှင်ထာဝရဘုရားက ‘အို အစ္စရေးအမျိုးတို့၊ ယခု ငါပြုသောအမှုသည် သင်တို့အတွက်မဟုတ်။ သင်တို့ရောက်လေရာ လူမျိုးခြားတို့အလယ်တွင် သင်တို့ရှုတ်ချသော ငါ၏သန့်ရှင်းမြင့်မြတ်သောနာမအတွက်ဖြစ်၏’ဟု မိန့်တော်မူ၏။ |
ငါသည်ငါ၏ဂုဏ်တော်ကိုလည်းကောင်း၊ ငါ ၏အစေခံဒါဝိဒ်အားပေးခဲ့သည့်ကတိ တော်ကိုလည်းကောင်းထောက်၍ ဤမြို့ကိုကာ ကွယ်မည်' ဟုမိန့်တော်မူ၏'' ဟူ၍ဗျာဒိတ် တော်ကိုပြန်ကြားလေသည်။
သို့ရာတွင်ကိုယ်တော်သည်မိမိ၏ မဟာတန်ခိုးတော်ကိုပြရန် ကတိတော်ရှိသည်အတိုင်းသူတို့အား ကယ်တော်မူပါ၏။
သို့ရာတွင် အို ထာဝရဘုရား၊ ကျွန်တော်မျိုး၏ဘုရားသခင်၊ ကိုယ်တော်ရှင်ကတိတော်ရှိသည်အတိုင်း ကျွန်တော်မျိုးအားကူမတော်မူပါ။ ကိုယ်တော်ရှင်၏မေတ္တာတော်ကိုထောက်၍ ကျွန်တော်မျိုးအားကယ်ဆယ်တော်မူပါ။
သို့သော်လည်းငါသည်မိမိ၏ဂုဏ်သိက္ခာကို ထောက်၍၊ သင်တို့အားအပြစ်ဖြေလွှတ်တော်မူသော အရှင် ဘုရားသခင်ဖြစ်ပေသည်။
ငါသည်အဘယ်အမှုကိုမဆိုမိမိ၏ ဂုဏ်သိက္ခာကိုထောက်၍ပြုတတ်၏။ ငါ၏နာမတော်အသရေပျက်စေရန်ပြု လိမ့်မည်မဟုတ်။ ငါတစ်ပါးတည်းသာလျှင်ခံယူထိုက်သည့် ဘုန်းအသရေကိုလည်း၊ အခြားအဘယ်သူအားမျှခံယူစေလိမ့် မည်မဟုတ်။
သင်၏အစ်မနှင့်ညီမတို့သည်သင့်ထံသို့ ပြန်လည်ရောက်ရှိလာသောအခါ သင်သည် မိမိပြုကျင့်ခဲ့သည့်အမှုကိုသတိရ၍ ရှက်လိမ့်မည်။ သင်နှင့်ငါဖွဲ့ခဲ့သောပဋိညာဉ် တွင်မပါရှိသော်လည်း ငါသည်သူတို့အား သင်၏သမီးများသဖွယ်ဖြစ်စေမည်။-
အို ဣသရေလအမျိုးသားတို့၊ ငါသည်ငါ ၏နာမတော်ကိုထောက်၍ မိမိ၏အသရေ ကိုကာကွယ်ရန်သင်တို့၏ယုတ်မာဆိုးညစ် ဖောက်ပြန်သောအကျင့်များအလျောက် သင် တို့ကိုမစီရင်သောအခါငါသည်ထာဝရ ဘုရားဖြစ်တော်မူကြောင်းသင်တို့သိရှိ ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။ ဤကား အရှင်ထာဝရဘုရားမိန့်တော်မူသော စကားဖြစ်၏။
သို့ရာတွင်ငါ၏နာမတော်ကို သူတို့အတူ တကွနေထိုင်လျက်ရှိသောနိုင်ငံများရှေ့တွင် အသရေမပျက်စေခြင်းငှာယင်းသို့မပြု ခဲ့။ အဘယ်ကြောင့်ဆိုသော်ဣသရေလ အမျိုးသားတို့အား အီဂျစ်ပြည်မှထုတ် ဆောင်တော်မူခြင်းဖြင့် သူတို့နှင့်အတူနေ ထိုင်ကြသောလူမျိုးခြားတို့၏ရှေ့တွင် ငါ သည်ထင်ရှားတော်မူခဲ့ပြီဖြစ်သောကြောင့် တည်း။
ဣသရေလအမျိုးသားတို့၊ ငါသည်သင် တို့ကိုထောက်ထား၍ ဤအမှုတို့ကိုပြု ခြင်းမဟုတ်ကြောင်းသင်တို့အားသိစေ လို၏။ သင်တို့ယခုပြုနေသောအမှုများ အတွက်အရှက်ရစေလို၏။ ဤကားငါ အရှင်ထာဝရဘုရားမိန့်တော်မူသော စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
အရှင်ထာဝရဘုရားက``သို့ဖြစ်၍ယခု ငါသည် ယာကုပ်၏သားမြေးဖြစ်သူ ဣသရေလအမျိုးသားတို့အားကရုဏာ သက်၍ တစ်ဖန်ပြန်လည်ကောင်းစားလာ စေမည်။ ငါ၏သန့်ရှင်းမြင့်မြတ်သောနာမ တော်ကိုကာကွယ်မည်။-
အို ဘုရားသခင်၊ အကျွန်ုပ်တို့၏လျှောက် ထားချက်ကိုနားထောင်တော်မူပါ။ အကျွန်ုပ် တို့အားကြည့်တော်မူ၍ကိုယ်တော်ရှင့်နာမ တော်ကိုခံယူထားသည့်မြို့၏ဝေဒနာကို ရှုမှတ်တော်မူပါ။ အကျွန်ုပ်တို့သည်မိမိတို့ ကောင်းမွန်၊ မှန်ကန်မှုကိုအမှီမပြု၊ ကိုယ် တော်၏ကြီးမြတ်သောကရုဏာကို အမှီပြု၍ဆုတောင်းပါ၏။-
သို့ဖြစ်၍ဣသရေလအမျိုးသားအပေါင်း တို့၊ မေရှိယအဖြစ်ဖြင့်လည်းကောင်း၊ အရှင် သခင်အဖြစ်ဖြင့်လည်းကောင်း ဘုရားသခင် ခန့်ထားတော်မူသောသူကား သင်တို့လက်ဝါး ကပ်တိုင်တွင်တင်၍သတ်ကြသည့် ယေရှုပင် ဖြစ်ကြောင်းအတပ်ဧကန်သိမှတ်ကြလော့'' ဟုဟောလေ၏။