ဟေရှာယ 48:11 - Common Language Bible11 ငါသည်အဘယ်အမှုကိုမဆိုမိမိ၏ ဂုဏ်သိက္ခာကိုထောက်၍ပြုတတ်၏။ ငါ၏နာမတော်အသရေပျက်စေရန်ပြု လိမ့်မည်မဟုတ်။ ငါတစ်ပါးတည်းသာလျှင်ခံယူထိုက်သည့် ဘုန်းအသရေကိုလည်း၊ အခြားအဘယ်သူအားမျှခံယူစေလိမ့် မည်မဟုတ်။ အခန်းကိုကြည့်ပါ။Garrad Bible11 နာ မ တော် သည် ရှုတ် ချ ခံ ခဲ့ ရ သော် လည်း၊ ကိုယ့် အ တွက် သာ ငါ စီ ရင် လိမ့် မည်။ ငါ့ ဘုန်း တော် ကို သူ တစ် ထူး အား လွှဲ အပ် မည် မ ဟုတ်။ အခန်းကိုကြည့်ပါ။Judson Bible11 ကိုယ်အတွက် ငါပြုဦးမည်။ ငါ့နာမသည် ရှုတ်ချခြင်းကို အဘယ်ကြောင့် ခံရမည်နည်း။ ငါ့ဂုဏ်အသရေကို သူတစ်ပါးအား ငါမပေး။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း11 ငါ့အတွက်၊ ငါ့အတွက်သာလျှင် ငါပြု၏။ ငါ့နာမသည် မည်သည့်အတွက်ကြောင့် အရှုတ်ချခံမည်နည်း။ ငါ၏ဘုန်းအသရေကို အခြားသူအား ငါမပေး။ အခန်းကိုကြည့်ပါ။ |
ငါ၏လူမျိုးတော်ကငါ့အား `ကျွန်တော်မျိုးတို့သည်မိမိတို့အပြစ်များ၏ စွပ်စွဲခြင်းကိုခံ၍နေရသော်လည်း၊ အို ထာဝရဘုရား၊ ကျွန်တော်မျိုးတို့အားကိုယ်တော်ရှင်၏ နာမတော်ကိုထောက်၍ကူမတော်မူပါ။ ကျွန်တော်မျိုးတို့သည်ကြိမ်ဖန်များစွာ ကိုယ်တော်ရှင်ကို ကျောခိုင်းမိကြပါပြီ။ ကိုယ်တော်ရှင်အားပြစ်မှားမိကြပါပြီ။
အရှင်ထာဝရဘုရားက``အချင်းဣသရေလ အမျိုးသားအပေါင်းတို့၊ ယခုသင်တို့သည်တစ် ယောက်မကျန်မိမိတို့ရှိရုပ်တုများကိုသွား၍ ရှိခိုးဝတ်ပြုကြလော့။ သို့ရာတွင်ယခုမှစ၍ သင်တို့သည်ငါ၏စကားကိုနားထောင်ရကြ မည်။ ရုပ်တုတို့အားပူဇော်သကာများဆက်သ ခြင်းအားဖြင့် ငါ၏သန့်ရှင်းမြင့်မြတ်သည့် နာမတော်ကိုနောက်တစ်ဖန်မရှုတ်ချရ။-
အို ဣသရေလအမျိုးသားတို့၊ ငါသည်ငါ ၏နာမတော်ကိုထောက်၍ မိမိ၏အသရေ ကိုကာကွယ်ရန်သင်တို့၏ယုတ်မာဆိုးညစ် ဖောက်ပြန်သောအကျင့်များအလျောက် သင် တို့ကိုမစီရင်သောအခါငါသည်ထာဝရ ဘုရားဖြစ်တော်မူကြောင်းသင်တို့သိရှိ ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။ ဤကား အရှင်ထာဝရဘုရားမိန့်တော်မူသော စကားဖြစ်၏။
သို့ရာတွင်ငါ၏နာမတော်ကို သူတို့အတူ တကွနေထိုင်လျက်ရှိသောနိုင်ငံများရှေ့တွင် အသရေမပျက်စေခြင်းငှာယင်းသို့မပြု ခဲ့။ အဘယ်ကြောင့်ဆိုသော်ဣသရေလ အမျိုးသားတို့အား အီဂျစ်ပြည်မှထုတ် ဆောင်တော်မူခြင်းဖြင့် သူတို့နှင့်အတူနေ ထိုင်ကြသောလူမျိုးခြားတို့၏ရှေ့တွင် ငါ သည်ထင်ရှားတော်မူခဲ့ပြီဖြစ်သောကြောင့် တည်း။