Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 36:21 - Common Language Bible

21 သူ​တို့​သည်​ရောက်​လေ​ရာ​ရာ​အ​ရပ်​တို့​တွင် ငါ​၏​သန့်​ရှင်း​မြင့်​မြတ်​သော​နာ​မ​တော်​ကို အ​သ​ရေ​ဖျက်​ကြ​သ​ဖြင့် ငါ​သည်​မိ​မိ​၏ နာ​မ​တော်​အ​တွက်​စိတ်​မ​အေး​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

21 သို့ ရာ တွင်၊ ဣ သ ရေ လ လူ မျိုး တို့ သွား ရောက် ရာ လူ မျိုး ခြား တို့ ရှေ့၊ ရှုတ် ချ ပြီး သန့် ရှင်း သော နာ မ တော် ကို ငါ ငဲ့ ညှာ သည့် အ တွက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

21 ဣ​သ​ရေ​လ​အ​မျိုး​သား​ရောက်​ရာ တစ်​ကျွန်း​တစ်​နိုင်​ငံ​အ​ရပ်​ရပ်​တို့၌ ရှုတ်​ချ​သော ငါ၏​နာ​မ​မြတ်​ကို ငါ​နှ​မြော၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

21 အစ္စရေး​အမျိုး​တို့​သည် ရောက်​လေ​ရာ လူမျိုးခြား​တို့​အလယ်​တွင် ငါ့​နာမ​ကို​ရှုတ်ချ​သောကြောင့် သန့်ရှင်းမြင့်မြတ်​သော ငါ့​နာမ​ကို နှမြော​မိ​လေ​ပြီ​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 36:21
10 ပူးပေါင်းရင်းမြစ်များ  

``ငါ​၏​နာ​မ​တော်​ကို​လူ​တို့​ထော​မ​နာ​ပြု​ကြ​စေ​ရန်၊ ငါ​သည်​မိ​မိ​၏​အ​မျက်​ကို​ထိန်း​ချုပ်​၍​ထား​မည်။ မိ​မိ​ဒေါ​သ​ကို​ချုပ်​တည်း​၍​သင်​တို့​အား ဖျက်​ဆီး​သုတ်​သင်​မှု​ကို​မ​ပြု​ဘဲ​နေ​မည်။


သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​၏​ရန်​သူ​တို့​သည်​ကိုယ်​တော်​ရှင် အား ပြက်​ရယ်​ပြု​ကြ​သည်​ကို​လည်း​ကောင်း၊ သူ​တို့​သည်​ဘု​ရား​မဲ့​၍​ကိုယ်​တော်​ရှင်​အား မ​ထီ​မဲ့​မြင် ပြု​ကြ​သည်​ကို​လည်း​ကောင်း​သ​တိ​ရ​တော်​မူ​ပါ။


သို့​ရာ​တွင်​ငါ​၏​နာ​မ​တော်​ကို သူ​တို့​အ​တူ တ​ကွ​နေ​ထိုင်​လျက်​ရှိ​သော​နိုင်​ငံ​များ​ရှေ့​တွင် အ​သ​ရေ​မ​ပျက်​စေ​ခြင်း​ငှာ​ယင်း​သို့​မ​ပြု ခဲ့။ အ​ဘယ်​ကြောင့်​ဆို​သော်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား အီ​ဂျစ်​ပြည်​မှ​ထုတ် ဆောင်​တော်​မူ​ခြင်း​ဖြင့် သူ​တို့​နှင့်​အ​တူ​နေ ထိုင်​ကြ​သော​လူ​မျိုး​ခြား​တို့​၏​ရှေ့​တွင် ငါ သည်​ထင်​ရှား​တော်​မူ​ခဲ့​ပြီ​ဖြစ်​သော​ကြောင့် တည်း။


မ​ခံ​စေ​ခဲ့။ အ​ဘယ်​ကြောင့်​ဆို​သော်​ယင်း​သို့ ပြု​ပါ​မူ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား အီ​ဂျစ်​ပြည်​မှ​ငါ​ထုတ်​ဆောင်​ခဲ့​သည်​ကို မြင်​သော​လူ​မျိုး​တို့​၏​ရှေ့​တွင် ငါ​၏​နာ​မ တော်​အ​သ​ရေ​ပျက်​မည်​ဖြစ်​သော​ကြောင့် တည်း။-


သို့​ရာ​တွင်​ယင်း​သို့​ဖျက်​ဆီး​ပစ်​ပါ​မူ​နိုင်​ငံ တ​ကာ​ရှေ့​တွင် ငါ​၏​နာ​မ​တော်​အ​သ​ရေ ပျက်​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့ အား​အီ​ဂျစ်​ပြည်​မှ ငါ​ထုတ်​ဆောင်​ခဲ့​သည်​ကို လူ​မျိုး​တ​ကာ​တို့​မြင်​ခဲ့​ကြ​သော​ကြောင့် ဖြစ်​၏။-


ငါ​သည်​မိ​မိ​၏​ဂုဏ်​သိက္ခာ​ကို​လည်း​ကောင်း၊ ငါ​၏​အ​စေ​ခံ​ဒါ​ဝိဒ်​အား​ပေး​ခဲ့​သည့်​က​တိ တော်​ကို​လည်း​ကောင်း​ထောက်​၍​ဤ​မြို့​ကို​ကာ ကွယ်​စောင့်​ထိန်း​မည်'' ဟု​မိန့်​တော်​မူ​၏။


အို ငါ့​ဝိ​ညာဉ်၊ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ ပြု​လော့။ ငါ​၏​ကိုယ်​စိတ်​နှ​လုံး​တို့၊ကိုယ်​တော်​၏ သန့်​ရှင်း​မြင့်​မြတ်​သော​နာ​မ​တော်​အား ထော​မ​နာ​ပြု​ကြ​လော့။


အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ငါ​သည်​ငါ ၏​နာ​မ​တော်​ကို​ထောက်​၍ မိ​မိ​၏​အ​သ​ရေ ကို​ကာ​ကွယ်​ရန်​သင်​တို့​၏​ယုတ်​မာ​ဆိုး​ညစ် ဖောက်​ပြန်​သော​အ​ကျင့်​များ​အ​လျောက် သင် တို့​ကို​မ​စီ​ရင်​သော​အ​ခါ​ငါ​သည်​ထာ​ဝ​ရ ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း​သင်​တို့​သိ​ရှိ ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ ဤ​ကား အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော စကား​ဖြစ်​၏။


အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``သို့​ဖြစ်​၍​ယ​ခု ငါ​သည် ယာ​ကုပ်​၏​သား​မြေး​ဖြစ်​သူ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​က​ရု​ဏာ သက်​၍ တစ်​ဖန်​ပြန်​လည်​ကောင်း​စား​လာ စေ​မည်။ ငါ​၏​သန့်​ရှင်း​မြင့်​မြတ်​သော​နာမ တော်​ကို​ကာ​ကွယ်​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ