မိမိအပြစ်ကို ဝှက်ထားသောသူသည် ချမ်းသာမရ။ မိမိအပြစ်ကို ဘော်ပြဝန်ချ၍ စွန့်ပစ်သော သူမူကား၊ ကရုဏာတော်ကို ခံရလိမ့်မည်။
ယေဇကျေလ 33:14 - Common Language Bible အကယ်၍ငါသည်ဆိုးယုတ်သူအားသေရ လိမ့်မည်ဟုသတိပေးသဖြင့် သူသည်မိမိ ၏အပြစ်ဒုစရိုက်ကိုရပ်စဲကာမှန်ရာ ကောင်းရာကိုပြုကျင့်လျှင်၊- Garrad Bible တစ် နည်း၊ လူ ဆိုး အား၊ မု ချ သေ ဒဏ် ခံ ရ မည် ဟု ငါ ဆို ရာ၌၊ ပြစ် မှု မှ ကြဉ် ရှောင်၍ တ ရား သ ဖြင့် ဖြောင့် မတ် စွာ ဆောင် ရွက် လျက်၊ Judson Bible တစ်ဖန်ဆိုးသောသူအား သင်သည် စင်စစ်အသေခံရလိမ့်မည်ဟု ငါဆိုသော်လည်း၊ ထိုသူသည် မိမိဒုစရိုက်ကိုရှောင်၍၊ တရားသောအမှု၊ ဖြောင့်မတ်သောအမှုကို ပြုလျက်၊ မြန်မာ့စံမီသမ္မာကျမ်း ဆိုးယုတ်သောသူအားလည်း ‘သင်မုချသေရမည်’ဟု ငါဆိုသော်လည်း သူသည် အပြစ်ကိုစွန့်၍ တရားသောအမှု၊ ဖြောင့်မတ်သောအမှုကိုပြုလျှင်၊ |
မိမိအပြစ်ကို ဝှက်ထားသောသူသည် ချမ်းသာမရ။ မိမိအပြစ်ကို ဘော်ပြဝန်ချ၍ စွန့်ပစ်သော သူမူကား၊ ကရုဏာတော်ကို ခံရလိမ့်မည်။
သူယုတ်မာတို့မူကားအမင်္ဂလာရှိလိမ့်မည်။ မိမိတို့၏ဆိုးယုတ်သည့်အကျင့်အကြံ အပြုအမူများအတွက်အပြစ်ဒဏ်သင့် ကြလိမ့်မည်။
သူယုတ်မာတို့သည်မိမိတို့၏ဆိုးညစ်သော အကျင့်များကိုစွန့်လွှတ်၍၊ မိမိတို့၏စိတ်နေသဘောထားများကိုလည်း ပြောင်းလဲကြရာ၏။ သူတို့သည်ငါတို့ဘုရားသခင်ထာဝရဘုရား ထံတော်သို့လှည့်ကြရာ၏။ ကိုယ်တော်သည်သနားကြင်နာတတ်၍လျင်မြန်စွာ အပြစ်လွှတ်တော်မူတတ်၏။
ထာဝရဘုရားက``ဣသရေလပြည်သား တို့၊ အကယ်၍သင်တို့ပြန်လာလိုလျှင်ငါ့ ထံသို့ပြန်လာကြလော့။ ငါရွံမုန်းသည့် ရုပ်တုတို့ကိုဖယ်ရှားကာငါ့အားသစ္စာ စောင့်ကြလျှင်၊-
``သင်တို့သည် ငါမညှိုးငယ်စေလိုသော သူတော်ကောင်းတို့အားမုသားကိုသုံး၍ စိတ်ပျက်အားလျော့စေ၏။ သင်တို့သည် ဆိုးညစ်သူတို့အားအကျင့်ဆိုးများကို မစွန့်လွှတ်ကြစေရန် အားပေးအားမြှောက် ပြု၍သူတို့၏အသက်များကိုဆုံးရှုံး စေလေသည်။-
``ဆိုးညစ်သူသည်အပြစ်ဒုစရိုက်ကိုရပ်စဲ ၍ ငါ၏ပညတ်တော်တို့ကိုစောင့်ထိန်း၏။ မှန် ရာကောင်းရာကိုလည်းပြုကျင့်၏။ ထိုသူ သည်သေရမည်မဟုတ်။ မုချပင်အသက် ရှင်ရလိမ့်မည်။-
ဆိုးညစ်သူသည်အပြစ်ဒုစရိုက်ကိုရပ်စဲ ၍မှန်ရာကောင်းရာကိုပြုကျင့်လျှင် သူသည် မိမိ၏အသက်ကိုချမ်းသာရာရစေသူ ဖြစ်၏။-
ဆိုးယုတ်သူသည်အပြစ်ဒုစရိုက်ကိုစွန့် လွှတ်၍မှန်ရာကောင်းရာကိုပြုကျင့်သော အခါ အသက်ရှင်ခွင့်ကိုရရှိလိမ့်မည်။-
အကယ်၍ငါကဆိုးယုတ်သူတစ်စုံတစ် ယောက်အားသေရလိမ့်မည်ဟုဆိုလျှင် သင် သည်ထိုသူအသက်မသေစေရန်သူ၏ အပြုအမူပြောင်းလဲဖို့သတိပေးရမည်။ မပေးဘဲနေပါမူသူသည်အပြစ်ကူး လွန်သူအဖြစ်ဖြင့်ပင်သေလိမ့်မည်။ ထို အခါငါသည်ထိုသေဆုံးသူ၏သွေး အတွက်သင့်မှာတာဝန်ရှိစေမည်။-
ဣသရေလပြည်သားတို့၊ သင်တို့၏ဘုရားသခင်ထာဝရဘုရားထံတော်သို့ပြန်လာ ကြလော့။ သင်တို့သည်သင်တို့၏အပြစ်ကြောင့် ခြေချော်၍လဲကြပြီ။-
ထာဝရဘုရားက၊ ``ငါ၏လူမျိုးတော်ကိုငါ့ထံသို့ ပြန်လာစေမည်။ ငါသည်သူတို့အားအကြွင်းမဲ့ချစ်မည်။ သူတို့အပေါ်၌အမျက်တော်ပြေပြီ။
ထာဝရဘုရားသည်ကောင်းသောအရာကို ပြတော်မူပြီ။ ကိုယ်တော်အလိုရှိတော်မူ သောအရာကိုဖော်ပြတော်မူခဲ့ပြီ။ ကိုယ် တော်အလိုရှိသောအရာသည်ကားတရား မျှတစွာပြုကျင့်ခြင်း၊ မေတ္တာကရုဏာထား ရှိခြင်း၊ စိတ်နှိမ့်ချစွာသင်၏ဘုရားသခင် နှင့်အတူသွားလာနေထိုင်ခြင်းတို့ဖြစ် သတည်း။
`ငါသည်သနားကြင်နာခြင်းကိုယဇ်ပူဇော် ခြင်းထက်ပို၍နှစ်သက်၏' ဟူသောကျမ်းစကား ၏အနက်အဋ္ဌိပ္ပါယ်ကိုသင်တို့သွား၍လေ့လာ ကြလော့။ ငါသည်ဂုဏ်အသရေရှိသူများကို ကယ်ရန်ကြွရောက်လာသည်မဟုတ်။ အပယ်ခံ သူများကိုကယ်ရန်ကြွရောက်လာသတည်း'' ဟု မိန့်တော်မူ၏။
သို့ဖြစ်၍ဘုရားသခင်သည်သင်တို့၏အပြစ် များကိုဖြေလွှတ်တော်မူစေရန် နောင်တရ၍ ပြောင်းလဲကြလော့။ သို့မှသာ၊-