ကိုယ်တော်သည်သူယုတ်မာတို့အပေါ်သို့ မီးကျီးခဲများကိုလည်းကောင်း၊ပူလောင်လှသည့် မီးလျှံကိုလည်းကောင်းကျစေတော်မူ၏။ သူတို့အားပူလောင်လှသောလေပူဖြင့် အပြစ်ဒဏ်ခတ်တော်မူ၏။
ယေဇကျေလ 30:15 - Common Language Bible အီဂျစ်ပြည်၏ခံတပ်မြို့ကြီးဖြစ်သောသိန် မြို့အား ငါ၏အမျက်တော်ဒဏ်ကိုခံစေ မည်။ နောမြို့၏ဋ္ဌနအင်အားကိုဖျက်ဆီး မည်။- Garrad Bible အိ ဂျစ် ပြည် ရှိ၊ သိန် ခေါ် ခံ မြို့ ပေါ် သို့ အ မျက် တော် ကို သွန်း လောင်း ခြင်း၊ နော မြို့ သူ မြို့ သား တို့ ကို ပယ် ရှား ခြင်း၊ Judson Bible အဲဂုတ္တုပြည်၏ အစွမ်းသတ္တိဖြစ်သော သိန်မြို့အပေါ်သို့ ငါသည် အမျက်ကိုသွန်းလောင်း၍၊ နောမြို့သား အလုံးအရင်းကို ပယ်ဖြတ်မည်။ မြန်မာ့စံမီသမ္မာကျမ်း အီဂျစ်ပြည်၏ခံတပ်မြို့ဖြစ်သော သိန်မြို့ပေါ်သို့ ငါ့အမျက်ကိုသွန်ချမည်။ နောမြို့၏အင်အားထုကြီးကို ဖျက်ဆီးပစ်မည်။ |
ကိုယ်တော်သည်သူယုတ်မာတို့အပေါ်သို့ မီးကျီးခဲများကိုလည်းကောင်း၊ပူလောင်လှသည့် မီးလျှံကိုလည်းကောင်းကျစေတော်မူ၏။ သူတို့အားပူလောင်လှသောလေပူဖြင့် အပြစ်ဒဏ်ခတ်တော်မူ၏။
ဣသရေလအမျိုးသားအပေါင်းတို့သည် ဧလိမ်အရပ်မှထွက်ခွာခဲ့ကြသည်။ အီဂျစ် ပြည်မှထွက်လာပြီးနောက်ဒုတိယလတစ် ဆယ်ငါးရက်နေ့တွင် ဧလိမ်အရပ်နှင့်သိနာ တောင်စပ်ကြားရှိသိန်ဟုခေါ်သောတော ကန္တာရသို့ရောက်ရှိကြ၏။-
အီဂျစ်ပြည်တောင်ပိုင်းကိုလူသူဆိတ်ငြိမ် ရာအရပ်ဖြစ်စေ၍ မြောက်ပိုင်းတွင်ရှိသော ဇောနမြို့ကိုမီးရှို့မည်။ နောမြို့တော်ကို လည်းအပြစ်ဒဏ်ခတ်မည်။-
ငါသည်အီဂျစ်ပြည်ကိုမီးလောင်စေ၍ သိန်မြို့ကိုလည်းပြင်းထန်စွာနာကျင်စေ မည်။ ထိုမြို့၏မြို့ရိုးများသည်ဖြိုဖျက် ခြင်းခံရသဖြင့်ထိုမြို့ကိုရေလွှမ်းမိုး လိမ့်မည်။-
ကိုယ်တော်အမျက်ထွက်တော်မူသောအခါ အဘယ်သူသည်ခံရပ်နိုင်ပါမည်နည်း။ ကိုယ်တော်၏ကြောက်မက်ဖွယ်ရာအမျက်တော် အရှိန်ကိုအဘယ်သူခံရပ်နိုင်ပါမည်နည်း။ ကိုယ်တော်သည်မီးလျှံထသောအမျက်တော်ကို သွန်းလောင်းတော်မူသဖြင့်၊ ရှေ့တော်၌ကျောက်တို့သည်ကြေမွကာ အမှုန့်ဖြစ်၍သွားကုန်၏။
ထိုနောက်ဗိမာန်တော်ထဲမှကျယ်သောအသံ ထွက်ပေါ်လာ၏။ ထိုအသံက``ကမ္ဘာမြေပေါ် သို့ဘုရားသခင်၏အမျက်တော်ဖလား ခုနစ်လုံးကိုသွန်းလောင်းလော့'' ဟုကောင်းကင် တမန်ခုနစ်ပါးတို့အားပြောဆိုသည်ကို ငါကြားရ၏။