သူသည်ယဇ်ပုရောဟိတ်ယောယဒအသက် ရှင်သမျှကာလပတ်လုံး ထာဝရဘုရား နှစ်သက်တော်မူသောအမှုကိုပြု၏။-
ယေဇကျေလ 3:20 - Common Language Bible ``သူတော်ကောင်းတစ်ယောက်သည်မကောင်းမှု ကိုပြုလာသဖြင့် ငါသည်သူ့အားအန္တရာယ် ရှိသောအခြေအနေသို့ရောက်စေ၍သူသည် သေရမည်။ ထိုအခါသင်သည်သူ့ကိုသတိ မပေးဘဲနေပါမူ သူသည်မိမိကူးလွန် သည့်အပြစ်အတွက်သေရလိမ့်မည်။ ယခင် ကသူပြုသည့်ကောင်းမှုများကိုငါသတိ ရလိမ့်မည်မဟုတ်။ ထိုအခါထိုသူသေရ သည့်အတွက်သင့်မှာတာဝန်ရှိ၏။- Garrad Bible သူ တော် ကောင်း သည် ကိုယ့် ကောင်း မှု မှဖောက် ပြန်၍၊ မ တ ရား ပြု မိ သ ဖြင့်၊ ခ လုတ် ကို ငါ ထား သည့် အ လျောက် သေ ဒဏ် ခံ သော်၊ သင် ဆုံး မ ပြီ မ ဟုတ် က၊ ပြု ဖူး သော ကောင်း မှု များ ကို အ ရေး ယူ တော် မူ ခွင့် မ ရ ဘဲ၊ ကိုယ့် အ ပြစ် ကြောင့် သေ ဒဏ် ခံ ရ လျက် ပင်၊ အ သွေး ကို ကား၊ သင့် ထံ ငါ တောင်း ဆို မည်။ Judson Bible တစ်ဖန်တုံ၊ ဖြောင့်မတ်သောသူသည် ဖောက်ပြန်၍ ဒုစရိုက်ကိုပြုလျှင်လည်းကောင်း၊ ထိမိ၍ လဲစရာအကြောင်းကို သူ့ရှေ့မှာ ငါထားလျှင်လည်းကောင်း သူသည် သေလိမ့်မည်။ သင်သည် သတိမပေးသောကြောင့်၊ သူသည် မိမိအပြစ်၌ သေလိမ့်မည်။ သူကျင့်ဖူးသော တရားကို ပမာဏမပြုရ။ သူ၏အသက်ကိုကား၊ သင်၌ငါတောင်းမည်။ မြန်မာ့စံမီသမ္မာကျမ်း ထိုနည်းတူ ဖြောင့်မတ်သောသူသည် ဖောက်ပြန်၍ မကောင်းမှုကိုပြုလျှင် ငါသည် သူ့ရှေ့၌ ခလုတ်တံသင်းချထားမည်။ သူသေရမည်။ သူဖြောင့်မတ်ခဲ့သည်များကို ပြန်မအောက်မေ့။ သူ့အပြစ်အတွက် သူသေရမည်ဖြစ်သော်လည်း သင်သည် သူ့ကိုသတိမပေးသောကြောင့် သူ့အသက်ကို သင့်ထံမှ ပြန်တောင်းမည်။ |
သူသည်ယဇ်ပုရောဟိတ်ယောယဒအသက် ရှင်သမျှကာလပတ်လုံး ထာဝရဘုရား နှစ်သက်တော်မူသောအမှုကိုပြု၏။-
သို့ဖြစ်၍ထာဝရဘုရားသည်အမျက်ထွက် တော်မူ၍ ပရောဖက်ကိုအာမဇိထံစေလွှတ် တော်မူ၏။ ပရောဖက်က``မင်းကြီး၏လက်မှ မိမိလူတို့ကိုမကယ်နိုင်သောလူမျိုးခြား ဘုရားတို့ကို မင်းကြီးသည်အဘယ်ကြောင့် ဝတ်ပြုရှိခိုးပါသနည်း'' ဟုမေး၏။
ကိုယ်တော်ရှင်၏တရားတော်ကိုနှစ်သက် မြတ်နိုးသူမားသည် ကြီးစွာသောစိတ်ခမ်းသာမှုကိုရရှိကြပါ၏။ အဘယ်အရာမှသူတို့အားပြိုလဲစေနိုင်လိမ့်မည် မဟုတ်ပါ။
သို့ရာတွင်မကောင်းမှုပြုသူတို့အားအပြစ်ဒဏ် စီရင်တော်မူသောအခါ နည်းလမ်းတော်ကိုစွန့်သူတို့ကိုလည်း အပြစ်ဒဏ်စီရင်တော်မူပါ။ ဣသရေလအမျိုးသားတို့သည်ငြိမ်းချမ်း သာယာမှုကိုခံစားရကြပါစေသော။
သူပြောဆိုသောစကားသည်ညစ်ညမ်း၍ မုသားအတိဖြစ်၏။ သူသည်အကျင့်ကောင်းကိုမပြုတော့ပြီ၊ ပညာသတိလည်းမရှိတော့ပြီ။
ကျွန်တော်မျိုးတို့အားလုံးအပြစ်သားများ ဖြစ်ကြပါ၏။ ကျွန်ုပ်တို့၏အကောင်းဆုံး အကျင့်ပင်လျှင်လုံးဝဥဿုံရွံရှာဖွယ်သာ ဖြစ်ပါ၏။ ကျွန်တော်မျိုးတို့သည်မိမိတို့၏ အပြစ်များကြောင့်လေလွင့်ရွက်ခြောက်များ နှင့်တူကြပါ၏။-
ငါ၏သန့်ရှင်းမြင့်မြတ်မှုသည်ထိတ်လန့်အံ့သြ ဖွယ်ဖြစ်သဖြင့်၊ ငါသည်လူတို့တိုက်မိ၍လဲ စရာကျောက်နှင့်တူ၏။ ယုဒပြည်သူများ၊ ဣသရေလပြည်သူများနှင့်ယေရုရှလင် မြို့သားတို့အား ထောင်ဖမ်းမည့်ကျော့ကွင်း နှင့်လည်းတူ၏။-
သို့ရာတွင်သင်တို့သည်စိတ်သဘောထား ပြောင်းလဲကြပြန်၍ငါ့အားအသရေဖျက် ကြ၏။ သင်တို့အားလုံးပင်မိမိတို့လွတ်လပ် ခွင့်ပေးခဲ့ကြသည့်ကျေးကျွန်များကို ပြန် လည်ခေါ်ယူကာအတင်းအကြပ်ကျွန်ခံ စေကြပြန်၏။-
သို့ဖြစ်၍ငါသည်ဤလူတို့ရှေ့တွင်ခလုတ် များချထားသဖြင့် ခြေချော်၍လဲစေမည်။ ဖခင်များနှင့်သားများသည်လည်းကောင်း မိတ်ဆွေများနှင့်အိမ်နီးချင်းများသည် လည်းကောင်းသေရကြလိမ့်မည်'' ဟု မိန့်တော်မူ၏။
ကိုယ်တော်က``အချင်းလူသားဤသူတို့ သည်ရုပ်တုများကိုစွဲလမ်းသောစိတ်ရှိ ၍ မိမိရှေ့တွင်ထိမိ၍လဲစရာဖြစ်စေ ကြကုန်ပြီ။ သူတို့သည်အဖြေကိုငါ့ထံ မှရလိမ့်မည်ဟုထင်မှတ်ကြသလော။
``သို့ရာတွင်ဖြောင့်မတ်သောသူသည်ကောင်း မှုကိုရပ်စဲ၍ သူယုတ်မာတို့ပြုကျင့်တတ် သည့်စက်ဆုတ်ဖွယ်ရာဆိုးညစ်မှုတို့ကို ပြုလျှင် သူသည်ဆက်လက်၍အသက်ရှင် မည်လော။ အသက်မရှင်ရ။ သူပြုခဲ့သည့် ကောင်းမှုကိုငါအမှတ်ရတော့မည်မဟုတ်။ သူသည်သစ္စာမဲ့မှုကြောင့်အပြစ်ရှိ၍ မိမိကူးလွန်ခဲ့သည့်အပြစ်များ အတွက်သေရလိမ့်မည်။
သူတော်ကောင်းသည်ကောင်းမှုကိုရပ်စဲ၍ ဆိုးညစ်မှုကိုပြုပြီးနောက်သေသွားလျှင် ထိုသူသည်မိမိပြုခဲ့သည့်ဆိုးညစ်မှု ကြောင့်သေရခြင်းဖြစ်၏။-
ငါကမကောင်းမှုပြုသူတစ်စုံတစ်ယောက် သည်သေရလိမ့်မည်ဟုဆိုသော်လည်းထိုသူ မသေရလေအောင် သင်သည်သူ၏လမ်းစဉ်ကို ပြင်ဆင်ရန်သတိမပေးဘဲနေပါမူ ထိုသူ သည်မိမိကူးလွန်သည့်အပြစ်အတွက်သေ ရလိမ့်မည်။ ထိုအခါထိုသူသေရသည့်အ တွက်သင့်မှာတာဝန်ရှိသည်။-
သူတော်ကောင်းသည်ကောင်းမှုကိုရပ်စဲ၍ မကောင်းမှုကိုပြုသောအခါ ထိုမကောင်း မှုအတွက်သူသည်သေရလိမ့်မည်။-
သို့ရာတွင်အကယ်၍ကင်းစောင့်သည်ရန်သူ လာသည်ကိုမြင်လျက်နှင့် အချက်ပေးတံပိုး ခရာကိုမမှုတ်ဘဲနေခဲ့သော် ရန်သူလွန်လာ ၍တစ်စုံတစ်ယောက်သတ်ဖြတ်ခံရလျှင်ထို သူသည်မိမိအပြစ်ကြောင့်သေရသော်လည်း ထိုသို့သေဆုံးသူ၏သွေးအတွက်ကင်းစောင့် မှာတာဝန်ရှိစေမည်။''
သူတို့သည်မိမိတို့၏ရွှေ၊ ငွေများကိုအမှိုက် သရိုက်သဖွယ် လမ်းများပေါ်သို့လွှင့်ပစ်လိုက် ကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်ထာဝရ ဘုရားအမျက်ထွက်တော်မူရာကာလ၌ သူတို့၏ ရွှေ၊ ငွေ၊ များသည်သူတို့အားမကယ် နိုင်သောကြောင့်ဖြစ်၏။ သူတို့သည်မိမိတို့ အဆာပြေစေရန်အတွက်သော်လည်းကောင်း၊ မိမိတို့ဝမ်းကိုဖြည့်တင်းမှုအတွက်သော် လည်းကောင်း ရွှေ၊ ငွေ၊ များကိုအသုံးမပြု နိုင်ကြ။ ရွှေငွေတို့သည်သူတို့အားအပြစ် ဒုစရိုက်ကိုပြုစေ၏။-
အို ဘုရားသခင်၊ အကျွန်ုပ်တို့၏လျှောက် ထားချက်ကိုနားထောင်တော်မူပါ။ အကျွန်ုပ် တို့အားကြည့်တော်မူ၍ကိုယ်တော်ရှင့်နာမ တော်ကိုခံယူထားသည့်မြို့၏ဝေဒနာကို ရှုမှတ်တော်မူပါ။ အကျွန်ုပ်တို့သည်မိမိတို့ ကောင်းမွန်၊ မှန်ကန်မှုကိုအမှီမပြု၊ ကိုယ် တော်၏ကြီးမြတ်သောကရုဏာကို အမှီပြု၍ဆုတောင်းပါ၏။-
``သူတစ်ပါးအားရန်ငြိုးမထားနှင့်။ သူ့ ကြောင့်သင်သည်အပြစ်မကူးလွန်မိစေ ရန် သူနှင့်သဘောကွဲလွဲချက်များကိုတွေ့ ဆုံဖြေရှင်းလော့။-
ငါ့နောက်သို့မလိုက်တော့ဘဲ လှည့်၍ထွက် ခွာသွားသူများအားလည်းကောင်း၊ ငါ့ထံ မချဉ်းကပ် ငါ၏ပို့ဆောင်လမ်းပြမှုကို လည်းမတောင်းခံသူများအားလည်းကောင်း ငါသုတ်သင်ပယ်ရှင်းမည်'' ဟုမိန့်တော်မူ၏။
``သင်၏ညီအစ်ကိုသည်သင့်ကိုပြစ်မှားလျှင်သူ့ အပြစ်ကိုဖော်ပြရန်သူ့ထံသို့သွားလော့။ သို့ရာ တွင်သင်တို့နှစ်ယောက်တည်းသာတွေ့ဆုံ၍ပြော ဆိုလော့။ သင်၏စကားကိုနားထောင်လျှင်ထို ညီအစ်ကိုနှင့်သင်သည်ပြန်၍သင့်မြတ်သွား လေပြီ။-
ရှုမောင်သည်သူတို့ကိုကောင်းချီးပေး၍ ``ဣသရေလ အမျိုးသားတို့တွင် ပျက်စီးဆုံးရှုံးရသူများနှင့် ကယ်တင်ခြင်းကိုခံရသူများပေါ်ပေါက်လာစေရန် ဤသူငယ်ကိုဘုရားသခင်ရွေးချယ်ခန့်ထားတော် မူပြီ။ သူသည်ဘုရားသခင်၏နိမိတ်လက္ခဏာ ဖြစ်၍သူ့အားလူအများပင်ဆန့်ကျင်ပြောဆို ကြခြင်းဖြင့်၊-
မြေကောင်းမြေသန့်တွင်ကျသောမျိုးစေ့မူကား နှုတ်ကပတ်တော်ကိုကြားပြီးနောက် ရိုးဖြောင့် ကောင်းမွန်သောစိတ်နှလုံးတွင်စွဲမြဲစွာခံယူ ကာအသီးသီးသူများကိုဆိုလိုသတည်း။
ထို့အပြင်ဒါဝိဒ်မင်းက၊ ``သူတို့၏စားသောက်ပွဲများသည်သူတို့အတွက် ကျော့ကွင်းကဲ့သို့လည်းကောင်း၊ ထောင်ချောက်ကဲ့သို့လည်းကောင်းဖမ်းမိလျက် ဒဏ်ခတ်ခံရပါစေသော။
ငါတို့ကမူလက်ဝါးကပ်တိုင်တွင်အသေခံ တော်မူသောခရစ်တော်၏အကြောင်းကိုဟော ပြောကြေညာကြ၏။ ထိုအကြောင်းအရာသည် ယုဒအမျိုးသားတို့အတွက်မနှစ်မြို့စရာ၊ လူမျိုးခြားတို့အတွက်အနက်အဋ္ဌိပ္ပါယ်မရှိ သည့်အရာဖြစ်၏။-
ထိုသူ၏စကားကိုနားမထောင်ရ။ သင်တို့ သည်ထာဝရဘုရားအား ကိုယ်စိတ်နှလုံး ဖြင့်ချစ်သည်မချစ်သည်ကိုသိနိုင်ရန် သင် တို့၏ဘုရားသခင်ထာဝရဘုရားသည် ထိုသူအားဖြင့်သင်တို့ကိုစစ်ဆေးခြင်း ဖြစ်၏။-
ဖြောင့်မတ်သူများဖြစ်ကြသောငါ၏လူစု တော်သည် ယုံကြည်၍အသက်ရှင်လိမ့်မည်။ သို့ရာတွင်တွန့်ဆုတ်သွားသူကိုမူကား ငါသည်နှစ်သက်လိမ့်မည်မဟုတ်'' ဟုကျမ်းစာတော်တွင်ဖော်ပြပါရှိ၏။-
သင်တို့ခေါင်းဆောင်များ၏စကားကိုနား ထောင်ကြလော့။ သူတို့ပြောသည့်အတိုင်းပြု ကြလော့။ သူတို့သည်မိမိတို့ပြုသည့်အမှု ကိုဘုရားသခင်အားအစီရင်ခံရမည် ဖြစ်၍ သင်တို့၏စိတ်ဝိညာဉ်ကိုနေ့ရောည ပါကြည့်ရှုစောင့်ရှောက်လျက်နေကြပေ သည်။ သင်တို့သည်သူတို့စကားကိုနား ထောင်ပါလျှင် သူတို့ရွှင်လန်းဝမ်းမြောက် စွာလုပ်ဆောင်ကြလိမ့်မည်။ သို့မဟုတ်လျှင် သူတို့ဝမ်းနည်းရကြသဖြင့်သင်တို့ တွင်အဘယ်သို့မျှအကျိုးရှိလိမ့်မည် မဟုတ်။
အခြားကျမ်းတစ်ပုဒ်တွင်၊ ``ထိုကျောက်သည်လူတို့အားခလုတ်ထိစေ၍ ပြိုလဲစေသောကျောက်ဖြစ်၏'' ဟုဖော်ပြပါရှိ၏။ သူတို့သည်နှုတ်ကပတ်တော် ကို မယုံကြည်ကြသဖြင့်ခလုတ်ထိရကြ၏။ ဤကားထိုသူတို့အတွက်ဘုရားသခင်၏ အလိုတော်ပင်ဖြစ်သတည်း။
ထိုသူတို့သည်အမှန်စင်စစ်အဘယ်အခါကမျှ ငါတို့မိတ်သဟာယတွင်မပါဝင်ခဲ့ကြသဖြင့် ငါတို့ထံမှထွက်ခွာသွားကြ၏။ အကယ်၍သူ တို့သည်ငါတို့မိတ်သဟာယတွင်ပါဝင်ခဲ့ပါမူ ငါတို့နှင့်အတူရှိနေကြမည်ဖြစ်၏။ သူတို့ သည်အမှန်ပင်ငါတို့မိတ်သဟာယတွင်မပါ ဝင်ကြောင်းသိသာထင်ရှားစေရန် သူတို့သည် ငါတို့ထံမှထွက်ခွာသွားကြ၏။