ကိုယ်တော်အမိန့်ပေးတော်မူသောအခါ လေပြင်းမုန်တိုင်းကျရောက်လာ၍ လှိုင်းတံပိုးများထလေ၏။
ယေဇကျေလ 26:3 - Common Language Bible ``သို့ဖြစ်၍ယခုငါအရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အချင်းတုရုမြို့၊ ငါ သည်သင်၏ရန်သူဖြစ်၏။ သင့်အားတိုက်ခိုက် ကြစေရန်လူမျိုးတကာတို့ကိုငါခေါ် ဆောင်ခဲ့မည်။ သူတို့သည်ပင်လယ်လှိုင်းလုံး များသဖွယ်သင်ရှိရာသို့ချီတက်လာ ကြလိမ့်မည်။- Garrad Bible ငါ အ ရှင် ထာ ဝ ရ ဘု ရား က၊ အို တု ရု မြို့၊ ငါ သည် သင့် တစ် ဘက် နေ၍၊ သ မု ဒ္ဒ ရာ လှိုင်း တံ ပိုး တက် သည့် နည်း တူ၊ မြောက် မြား သော လူ မျိုး တို့ ကို သင့် ထံ ချီ တက် စေ ပြီး လျှင်၊ Judson Bible အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အိုတုရုမြို့၊ သင့်တစ်ဖက်၌ ငါနေ၏။ သမုဒ္ဒရာလှိုင်းတံပိုးတက်သကဲ့သို့၊ လူအမျိုးမျိုးတို့သည် သင့်ကိုတက်၍ တိုက်စေမည်။ မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက ‘အို တိုင်ရာမြို့၊ ကြည့်ရှုလော့။ သင့်ကို ငါဆန့်ကျင်မည်။ ပင်လယ်လှိုင်းတံပိုးကြီးကြွတက်လာသကဲ့သို့ လူအလုံးအရင်းကြီးကို သင့်ထံချီတက်လာစေမည်။ |
ကိုယ်တော်အမိန့်ပေးတော်မူသောအခါ လေပြင်းမုန်တိုင်းကျရောက်လာ၍ လှိုင်းတံပိုးများထလေ၏။
ထိုကာလ၌သူတို့သည်ပင်လယ်မြည်ဟည်းသံ ကဲ့သို့ ကျယ်စွာဣသရေလပြည်တွင်ကြွေးကြော် ကြလိမ့်မည်။ ထိုပြည်ကိုကြည့်ရှုကြလော့။ ယင်း သည်မှောင်အတိ၊ ဆင်းရဲဒုက္ခအတိဖြစ်၍နေလိမ့် မည်။ အလင်းကားအမှောင်တွင်ကွယ်ပျောက် သွားလေတော့သတည်း။
အို ယေရုရှလင်မြို့၊ သင်သည်လွင်ပြင်ပေါ်မှ ကျောက်ဆောင်ကြီးသဖွယ်ချိုင့်ဝှမ်းများအ ထက်တွင်မြင့်မားစွာရပ်တည်လျက်ရှိ၏။ သို့ သော်ငါထာဝရဘုရားသည်သင့်အားတိုက် ခိုက်တော်မူမည်။ သင်သည်မိမိအားအဘယ် သူမျှမတိုက်မခိုက်နိုင်။ သင်၏ခံတပ်များ ကိုလည်းမဖြိုမခွင်းနိုင်ဟုဆိုချေသည်။-
``အို ဗာဗုလုန်မြို့၊ သင်သည်မာန်မာနနှင့် ပြည့်ဝလျက်နေသဖြင့် အနန္တတန်ခိုးရှင် ဘုရားသခင်၊ ငါထာဝရဘုရားသည်သင့် ကိုအတိုက်အခံပြုမည်။ သင့်အားငါ အပြစ်ဒဏ်ခတ်ရမည့်နေ့ရက်ကာလ သည်ကျရောက်လာလေပြီ။-
သူတို့သည်မိမိတို့လေးများနှင့်ဋ္ဌားများကို ကိုင်စွဲကြလေပြီ။ သူတို့သည်ရက်စက်ကြမ်းကြုတ်၍ ကရုဏာကင်းမဲ့သူများဖြစ်ပေသည်။ သူတို့၏မြင်းခွာသံများသည်ပင်လယ်ရေ မြည်ဟီးသံနှင့်တူ၏။ သူတို့သည်ဗာဗုလုန်မြို့ကိုတိုက်ရန် အသင့်ရှိကြလေပြီ။
ပင်လယ်ရေသည်ဗာဗုလုန်ပြည်ပေါ်သို့ လှိမ့်တက်ကာလှိုင်းတံပိုးများဖြင့်ဖုံး လွှမ်းလိုက်လေပြီ။-
သူတို့သည်လေးများ၊ လှံများကိုစွဲကိုင်ကြ လေပြီ။ သူတို့သည်ရက်စက်ကြမ်းကြုတ်၍ သနားကရုဏာကင်းမဲ့သူများဖြစ်ကြ၏။ မြင်းများကိုစီး၍လာချိန်၌သူတို့၏အသံ သည်ပင်လယ်မြည်ဟည်းသံနှင့်တူ၏။ သူတို့ သည်ဇိအုန်မြို့ကိုတိုက်ခိုက်ရန်အသင့်ရှိ လေပြီ။''
လူတို့အားငါထာဝရဘုရားသည်သူတို့ ၏ရန်သူဖြစ်ကြောင်း ငါ၏ဋ္ဌားလွယ်အိမ်မှ ဋ္ဌားတော်ကိုထုတ်ယူ၍ သူတို့အပေါင်းအား လူဆိုးလူကောင်းမရွေးသုတ်သင်ပစ်မည် ဖြစ်ကြောင်း၊-
အရှင်ထာဝရဘုရားက``ငါသည်သင့်အား လူသူမနေသည့်မြို့ပျက်များကဲ့သို့ဖြစ်စေ မည်။ သမုဒ္ဒရာရေကိုယူဆောင်ခဲ့၍ ပင်လယ်ရေ ဖြင့်ဖုံးလွှမ်းစေမည်။-
သင့်အားလှော်ခတ်သူတို့သည်ပင်လယ်ထဲသို့ ထုတ်ဆောင်လာသောအခါ၊ အရှေ့လေသည်ပင်လယ်ထဲ၌သင့်ကို ပျက်စီးသွားစေ၏။
ထိုမြို့ရှိလူတို့အားငါအရှင်ထာဝရ ဘုရားမိန့်တော်မူသည်ကိုဆင့်ဆိုလော့။ ဇိဒုန် မြို့၊ ငါသည်သင်၏ရန်သူဖြစ်၏။ သင့်ကိုငါ ပြုသည့်အမှုအတွက်လူတို့သည် ငါ့အား ထောမနာပြုကြလိမ့်မည်။ ငါသည်သင်၏ လူတို့အားအပြစ်ဒဏ်ပေး၍ ငါ၏သန့်ရှင်း မြင့်မြတ်မှုကိုပြသောအခါငါသည်ထာ ဝရဘုရားဖြစ်တော်မူကြောင်းသူတို့သိ ရှိကြလိမ့်မည်။-
ငါသည်သင်၏ရန်သူ၊ နိုင်းမြစ်၏ရန်သူ ဖြစ်၏။ မြောက်ဘက်ရှိမိဂဒေါလမြို့မှသည် တောင်ဘက်သုဏေမြို့တိုင်အောင်၊ ဆူဒန်နယ် စပ်အထိအီဂျစ်ပြည်တစ်ပြည်လုံးကို လူသူဆိတ်ငြိမ်ရာအရပ်ဖြစ်စေမည်။-
ငါအရှင်ထာဝရဘုရားသည်မေရှက်နှင့် တုဗလလူမျိုးတို့၏အကြီးဆုံးဖြစ်သူ ဂေါဂမင်း၏ရန်သူဖြစ်ကြောင်းဆင့်ဆို လော့။-
သို့ဖြစ်၍ငါအရှင်ထာဝရဘုရားမိန့် တော်မူသည်ကား ယေရုရှလင်မြို့၊ ငါသည် သင့်ရန်သူဖြစ်၍လူမျိုးတကာတို့ရှေ့ တွင်သင့်အားအပြစ်ဒဏ်စီရင်မည်။-
လူမျိုးများစွာတို့သည်သင်တို့ကိုတိုက်ခိုက် ရန် စုရုံးရောက်ရှိလာကြပြီ။ သူတို့က``ယေရု ရှလင်မြို့ကိုဖြိုဖျက်ကြကုန်အံ့၊ ငါတို့သည် မြို့ပျက်ကိုမြင်ရသဖြင့်ဝမ်းသာအားရ ကြလိမ့်မည်'' ဟုဆိုကြ၏။-
ခြင်္သေ့သည်သားကောင်ကိုသတ်ပြီးလျှင်၊ ခြင်္သေ့မနှင့် သားငယ်တို့အတွက် အပိုင်းပိုင်းအစစဖြစ်အောင်ကိုက်ဖြတ်ကာ၊ ထိုအသားစများဖြင့်မိမိသားရဲတွင်းကို ပြည့်စေတတ်၏။
အနန္တတန်ခိုးရှင်ထာဝရဘုရားက ``အို နိနေဝေမြို့ငါသည်သင့်ကိုအပြစ်ဒဏ် ခတ်မည်။ အဝတ်အချည်းစည်းဖြစ်စေ၍၊လူမျိုးတကာ တို့အား ရှုကြည့်ခွင့်ပေးမည်။ သင်အရှက်ကွဲသည်ကိုနိုင်ငံများ တွေ့မြင်ရကြလိမ့်မည်။
ယေရုရှလင်မြို့ကိုစစ်ဆင်ရန်ထာဝရ ဘုရားသည် လူမျိုးတကာတို့အားစုရုံး ခေါ်ဆောင်ကာလာတော်မူလိမ့်မည်။ ထိုမြို့ သည်အသိမ်းခံရလိမ့်မည်။ အိမ်များသည် အလုခံရလျက်အမျိုးသမီးများသည် လည်း မတော်မတရားပြုကျင့်ခြင်းကိုခံရ ကြလိမ့်မည်။ လူဦးရေထက်ဝက်မျှပြည်နှင် ဒဏ်သင့်ကြမည်ဖြစ်သော်လည်း ကျန်ထက် ဝက်မှာထိုမြို့မှပြောင်းရွှေ့ရကြလိမ့်မည် မဟုတ်။-
သို့ရာတွင်ထာဝရဘုရားသည်ထိုမြို့၏ စည်းစိမ်ဥစ္စာမှန်သမျှကိုသိမ်းယူတော် မူ၍ ပင်လယ်ထဲသို့ပစ်ချတော်မူလိမ့်မည်။ ထိုမြို့သည်လည်းမီးလောင်ကျွမ်း၍သွား လိမ့်မည်။
``နေလကြယ်နက္ခတ်များ၌ပုဗ္ဗနိမိတ်များပေါ်ထွန်း လာလိမ့်မည်။ ကမ္ဘာပေါ်တွင်လူမျိုးအပေါင်းတို့သည် ပင်လယ်လှိုင်းတံပိုးမြည်ဟီးသံကြောင့်စိတ်ပျက် အားလျော့ကြောက်ရွံ့ကြလိမ့်မည်။-