Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 26:19 - Common Language Bible

19 အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​သင့်​အား လူ​သူ​မ​နေ​သည့်​မြို့​ပျက်​များ​ကဲ့​သို့​ဖြစ်​စေ မည်။ သမုဒ္ဒ​ရာ​ရေ​ကို​ယူ​ဆောင်​ခဲ့​၍ ပင်​လယ်​ရေ ဖြင့်​ဖုံး​လွှမ်း​စေ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

19 ငါ အ ရှင် ထာ ဝ ရ ဘု ရား က လည်း၊ နေ သူ မဲ့ မြို့ ရွာ များ ကဲ့ သို့ သင့် ကို ဆိတ် ညံ ရာ မြို့ ဖြစ် စေ လျက်၊ မ ဟာ သ မု ဒ္ဒ ရာ ဖုံး လွှမ်း အောင်၊ ရေ ထု ကို ငါ တက် စေ သည့် ကာ လ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

19 အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ လူ​မ​နေ​သော​မြို့​ကဲ့​သို့ ငါ​သည် သင့်​ကို​ဆိတ်​ညံ​စေ​လျက်၊ ပင်​လယ်​ကို သင့်​အ​ပေါ်​သို့​ဆောင်​ခဲ့၍၊ လှိုင်း​တံ​ပိုး​တို့​သည် သင့်​ကို​လွှမ်း​မိုး​သော​အ​ခါ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

19 ဘုရားရှင်​ထာဝရဘုရား​က ‘လူ​မ​နေ​သော​မြို့​ကဲ့သို့ သင့်​ကို တိတ်ဆိတ်​ခြောက်ကပ်​စေ​သောအခါ​၊ ဟုန်းဟုန်းထ​သော​သမုဒ္ဒရာ​ရေ​ဖြင့် သင့်​ကို လွှမ်းမိုး​စေ​သောအခါ

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 26:19
7 ပူးပေါင်းရင်းမြစ်များ  

``သို့​ဖြစ်​၍​ယ​ခု​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အ​ချင်း​တု​ရု​မြို့၊ ငါ သည်​သင်​၏​ရန်​သူ​ဖြစ်​၏။ သင့်​အား​တိုက်​ခိုက် ကြ​စေ​ရန်​လူ​မျိုး​တ​ကာ​တို့​ကို​ငါ​ခေါ် ဆောင်​ခဲ့​မည်။ သူ​တို့​သည်​ပင်​လယ်​လှိုင်း​လုံး များ​သ​ဖွယ်​သင်​ရှိ​ရာ​သို့​ချီ​တက်​လာ ကြ​လိမ့်​မည်။-


သင့်​အား​လှော်​ခတ်​သူ​တို့​သည်​ပင်​လယ်​ထဲ​သို့ ထုတ်​ဆောင်​လာ​သော​အ​ခါ၊ အ​ရှေ့​လေ​သည်​ပင်​လယ်​ထဲ​၌​သင့်​ကို ပျက်​စီး​သွား​စေ​၏။


ကိုယ်​တော်​က``အ​ချင်း​လူ​သား​ဤ​အ​ရိုး​တို့ သည်​ပြန်​၍​အ​သက်​ရှင်​နိုင်​ကြ​မည်​လော'' ဟု​ငါ့​အား​မေး​တော်​မူ​လျှင်၊ ငါ​က``အို အ​ရှင်​ထာ​ဝရ​ဘု​ရား၊ ဤ​မေး​ခွန်း ကို​ကိုယ်​တော်​ရှင်​သာ​လျှင်​ဖြေ​ကြား​တော် မူ​နိုင်​ပါ​၏'' ဟု​လျှောက်​ထား​၏။


``ဆီး​ရီး​ယား​ဘု​ရင်​၏​နန်း​သက်​ကုန်​ဆုံး ချိန်​နီး​သော​အ​ခါ အီ​ဂျစ်​ဘု​ရင်​သည်​ထို မင်း​ကို​စစ်​ချီ​တိုက်​ခိုက်​လိမ့်​မည်။ ဆီး​ရီး ယား​ဘု​ရင်​က​လည်း​မြင်း​စီး​သူ​ရဲ​များ နှင့် သင်္ဘော​အ​မြောက်​အ​မြား​ကို​အ​သုံး ပြု​ကာ​အ​စွမ်း​ကုန်​ပြန်​လည်​တိုက်​ခိုက် လိမ့်​မည်။ သူ​သည်​မြစ်​လျှံ​ရေ​သ​ဖွယ်​နိုင်​ငံ များ​စွာ​ကို​ချဉ်း​နင်း​ဝင်​ရောက်​လိမ့်​မည်။-


ထို​ကာ​လ​သီ​တင်း​နှစ်​ခြောက်​ဆယ့်​နှစ်​နှစ် ကုန်​ဆုံး​ချိန်​၌ ဘု​ရား​သ​ခင်​ရွေး​ချယ်​တော် မူ​သော​ခေါင်း​ဆောင်​သည် မ​တ​ရား​လုပ်​ကြံ သတ်​ဖြတ်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။ အ​ခြား အ​ရပ်​မှ​ချင်း​နင်း​ဝင်​ရောက်​လာ​သူ တန်​ခိုး ကြီး​မင်း​တစ်​ပါး​၏​စစ်​သည်​ဗိုလ်​ခြေ​တို့ သည် ယေ​ရု​ရှ​လင်​မြို့​နှင့်​ဗိ​မာန်​တော်​ကို ဖြို​ဖျက်​ကြ​လိမ့်​မည်။ နောက်​ဆုံး​၌​ဘု​ရား​သ​ခင်​ပြင်​ဆင်​စီ​ရင်​တော်​မူ​သည်​အ​တိုင်း စစ်​မှု​နှင့်​ပျက်​စီး​မှု​တို့​သည်​ရေ​လွှမ်း​မိုး သ​ကဲ့​သို့​ဖြစ်​ပွား​ရ​လိမ့်​မည်။-


ထို​နောက်​ကောင်း​ကင်​တ​မန်​က​ငါ့​အား``ပြည့် တန်​ဆာ​မ​ထိုင်​လျက်​နေ​သည့်​ရေ​သည်​တိုင်း​နိုင်​ငံ များ​ရှိ​ဘာ​သာ​စကား​အ​မျိုး​မျိုး​ကို​ပြော​သော လူ​မျိုး​များ၊ ပြည်​သူ​ပြည်​သား​များ​ဖြစ်​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ