နာဟုံ 2:12 - Common Language Bible12 ခြင်္သေ့သည်သားကောင်ကိုသတ်ပြီးလျှင်၊ ခြင်္သေ့မနှင့် သားငယ်တို့အတွက် အပိုင်းပိုင်းအစစဖြစ်အောင်ကိုက်ဖြတ်ကာ၊ ထိုအသားစများဖြင့်မိမိသားရဲတွင်းကို ပြည့်စေတတ်၏။ အခန်းကိုကြည့်ပါ။Garrad Bible12 ခြင်္သေ့ သည် ခြင်္သေ့ မ နှင့် သား ငယ် တို့ စား လောက် ရန် ခဲ ကိုက် သတ် ဖြတ် လျက် သား ကောင် များ နှင့် အောင်း ရာ တွင်း များ ကို ဖြည့် ခဲ့ လေ စွ။ အခန်းကိုကြည့်ပါ။Judson Bible12 ခြင်္သေ့သည် သားငယ်များ ဖို့ကိုက်ဖြတ်လျက်၊ ခြင်္သေ့မတို့ လည်ပင်းကို ညှစ်လျက်၊ လုယူဖျက်ဆီးသော အကောင်များကိုဆောင်ခဲ့၍ မိမိမှီခိုရာတွင်းတို့ကို ပြည့်စေတတ်၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း12 ခြင်္သေ့ထီးသည် သားပေါက်များ စားလောက်အောင် သားကောင်ကိုသတ်ဖြတ်ကိုက်ဖဲ့ပေး၏။ ခြင်္သေ့မတို့အတွက် သားကောင်တို့ကို ဖမ်းဆီးသတ်ဖြတ်ပေး၏။ ခိုအောင်းရာဂူထဲ၌ သားကောင်များနှင့် ပြည့်စေ၏။ အခန်းကိုကြည့်ပါ။ |
အရှင်၏ခမည်းတော်ဒါဝိဒ်နှင့်သူ၏လူတို့ သည်စစ်ရည်ဝသူများဖြစ်သည်ကိုလည်း ကောင်း၊ သူတို့သည်သားငယ်ပျောက်သည့်ဝက် ဝံမကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသည်ကို လည်းကောင်းအရှင်သိတော်မူပါ၏။ အရှင့် ခမည်းတော်သည်အတွေ့အကြုံများသည့် စစ်သည်တော်တစ်ဦးဖြစ်သဖြင့် ညဥ့်အခါ မိမိ၏လူတို့နှင့်အတူအိပ်စက်တော်မမူ တတ်ပါ။-
အနန္တတန်ခိုးရှင်ထာဝရဘုရားက``ငါသည် သင်၏ရန်သူဖြစ်၏။ သင့်ရထားများကိုငါ မီးရှို့ပစ်မည်။ သင်၏စစ်သည်တပ်သားတို့သည် စစ်ပွဲတွင်ကျဆုံးကြလိမ့်မည်။ သူတစ်ပါး တို့ထံမှ သင်သိမ်းယူထားသည့်ဥစ္စာပစ္စည်း မှန်သမျှကိုငါဖယ်ရှားမည်။ သင်၏သံတမန် တို့၏တောင်းဆိုသံများကိုကြားကြရ တော့မည်မဟုတ်'' ဟုမိန့်တော်မူ၏။