ထာဝရဘုရားပြုတော်မူသောကျေးဇူးတော်ကို ငါသည်ဤဘဝတွင်တွေ့မြင်မည်ဟုယုံကြည်၏။
ယေဇကျေလ 26:20 - Common Language Bible ရှေးပဝေသဏီအခါကအသက်ရှင်ခဲ့ ကြသူတို့နှင့်အတူနေထိုင်ရန် သင့်အား မြေအောက်မရဏာနိုင်ငံသို့ပို့ဆောင်မည်။ ငါသည်သင့်အားထိုမြေအောက်လောကရှိ ထာဝစဉ်ယိုယွင်းပျက်စီးလျက်နေသည့် အရပ်၌မြေတွင်းထဲတွင်နေစေမည်။ သင် သည်ထိုအရပ်မှအဘယ်အခါ၌မျှ အသက်ရှင်သူတို့ရှိရာအရပ်သို့ပြန် လာရလိမ့်မည်မဟုတ်။- Garrad Bible သင်္ချိုင်း တွင် ဆင်း ရ သူ တို့ နှင့် တ ကွ၊ ရှေး လူ ဟောင်း တို့ ထံ ချ ပြီး လျှင်၊ ရှင် သူ တို့ နေ ရာ တွင် ဂုဏ် အ သ ရေ ကင်း လျက်၊ နေ သူ မဲ့ အံ့ သော ငှာ၊ ယ မန် က ဆိတ် ညံ ရာ အ ရပ်၊ မြေ ပ ထ ဝီ နက် ရှိုင်း ရာ အ ရပ် များ တွင်၊ သင်္ချိုင်း တွင်း ဆင်း ရ သူ တို့ နှင့် အ တူ နေ ရာ ပေး မည်။ Judson Bible ရှေးလူဟောင်းတို့နေရာ မြေတွင်းထဲသို့ ဆင်းသောသူတို့နှင့်အတူ သင့်ကိုငါနှိမ့်ချ၍၊ သင်၌ လူမနေစေခြင်းငှာ မြေတွင်းထဲသို့ ဆင်းသောသူတို့နှင့်အတူ၊ ရှေးကာလမှစ၍ ဆိတ်ညံရာအရပ်၊ မြေအောက်အရပ်တို့၌ ငါချထားမည်။ ထိုအခါ အသက်ရှင်သောသူတို့၏ နေရာ၌ ငါ့ဘုန်းကို ငါဖွင့်မည်။ မြန်မာ့စံမီသမ္မာကျမ်း ရှေးလူတို့ရောက်သွားရာ တွင်းထဲသို့ သင့်ကိုရောက်သွားစေမည်။ ရှေးကာလကတည်းကပြိုပျက်ရာ မြေကြီးအောက်တွင်းနက်ထဲတွင် ထိုသူတို့နှင့်အတူ သင့်ကိုနေထိုင်စေမည်။ သင်ပြန်လာရမည်မဟုတ်။ အသက်ရှင်သူတို့၏ပြည်၌ကား ဂုဏ်သရေရှိစေမည်’ဟု မိန့်တော်မူ၏။ |
ထာဝရဘုရားပြုတော်မူသောကျေးဇူးတော်ကို ငါသည်ဤဘဝတွင်တွေ့မြင်မည်ဟုယုံကြည်၏။
ကျွန်တော်မျိုး၏ကွယ်ကာရာအရှင် အို ထာဝရဘုရား၊ ကိုယ်တော်ရှင်၏ထံတော်သို့ကျွန်တော်မျိုး ဟစ်ခေါ်ပါ၏။ ထူးတော်မူပါ။ ကိုယ်တော်ရှင်ထူးတော်မမူပါလျှင် ကျွန်တော်မျိုးသည်သေရွာသွားရပါလိမ့်မည်။
သူတို့အားလုံးကဗာဗုလုန်ဘုရင်အား`သင် သည်ယခုအခါ၊ ငါတို့ကဲ့သို့ချည့်နဲ့လျက်နေ ပါပြီတကား၊ ငါတို့လူစုတွင်အပါအဝင် ဖြစ်လေပြီတကား။-
``မရဏနိုင်ငံသည် ဗာဗုလုန်ဘုရင်အားကြို ဆိုလက်ခံရန်အသင့်ပြင်ဆင်လျက်နေ၏။ ကမ္ဘာ မြေကြီးပေါ်တွင်ရှိစဉ်အခါကတန်ခိုးကြီး မားခဲ့သူတို့၏နာမ်ဝိညာဉ်များသည် လှုပ်ရှား သွားလာလျက်နေကြ၏။ ဘုရင်တို့၏ဝိညာဉ် များသည်လည်း မိမိတို့ရာဇပလ္လင်များမှ တက်ကြွလျက်နေကြ၏။-
ထိုနောက်ဇိအုန်တောင်တော်နှင့်ထိုအရပ်တွင် စုရုံးလျက်နေသောသူအပေါင်းတို့အပေါ် သို့ ထာဝရဘုရားသည်နေ့အချိန်၌မိုးတိမ်၊ ညဥ့်အချိန်၌မီးခိုးနှင့်မီးတောက်မီးလျှံ စေလွှတ်တော်မူလိမ့်မည်။ ဘုရားသခင်၏ ဘုန်းအသရေတော်သည် တစ်မြို့လုံးကိုလွှမ်း ခြုံလျက်ကာကွယ်စောင့်ရှောက်တော်မူပေအံ့။-
ငါတို့သည်မျက်မမြင်များကဲ့သို့လက်နှင့် စမ်း၍သွားလာရကြ၏။ မွန်းတည့်ချိန်၌ပင် ငါတို့သည်ညဥ့်အခါမှာကဲ့သို့ သန်စွမ်းသူ တို့၏အလယ်၌ မှောင်မိုက်ရာမရဏာနိုင်ငံ သို့ရောက်ရှိနေဘိသကဲ့သို့ခြေချော်၍ လဲကျကြ၏။-
ယေရုရှလင်မြို့သည်ငါဝမ်းမြောက်ဂုဏ်ယူ ဝါကြွားစရာဖြစ်လိမ့်မည်။ ကမ္ဘာပေါ်ရှိလူ မျိုးအပေါင်းတို့သည် ထိုမြို့အားငါပေး အပ်သည့်ကောင်းကျိုးချမ်းသာအကြောင်း ကိုလည်းကောင်း၊ ထိုမြို့သို့ငါဆောင်ယူ လာသည့်စည်ပင်ဝပြောမှုအကြောင်းကို လည်းကောင်း ကြားသိရသောအခါကြောက် လန့်တုန်လှုပ်၍သွားကြလိမ့်မည်'' ဟု မိန့်တော်မူ၏။
သို့ဖြစ်၍မည်မျှပင်ရေရရှိစေကာမူယခု မှအစပြု၍ အဘယ်အပင်မျှထိုအာရစ် ပင်ကဲ့သို့သစ်ကိုင်းသစ်ခက်များအထက်တွင် မြင့်မားရတော့မည်မဟုတ်။ ယင်းတို့၏ထိပ်ဖျား များသည်မိုးတိမ်သို့ရောက်သည့်တိုင်အောင်မြင့် တက်ရကြတော့မည်မဟုတ်။ ထိုသစ်ပင်အား လုံးပင်လူသားများနှင့်အတူ မြေကြီးပေါ် တွင်သေကြေပျက်စီးကာမရဏာနိုင်ငံသို့ ဆင်းသက်ရကြပေတော့အံ့'' ဟုမိန့်တော် မူ၏။
ငါသည်ငါ၏သန့်ရှင်းမြင့်မြတ်သောနာမ တော်ကို ငါ့လူမျိုးတော်ဣသရေလအမျိုး သားတို့သိရှိကြစေရန်ငါပြုမည်။ သူတို့ သည်ထိုသန့်ရှင်းသောနာမတော်ကိုနောက် တစ်ဖန်မရှုတ်ချရ။ ထိုအခါငါထာဝရ ဘုရားသည် ဣသရေလအမျိုးသားတို့ ၏သန့်ရှင်းမြင့်မြတ်တော်မူသောဘုရားသခင်ဖြစ်တော်မူကြောင်းလူမျိုးတကာ တို့သိရှိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
မြေအောက်သို့တွင်းတူးပြီးသေမင်းနိုင်ငံ၌ ပုန်းအောင်းနေလင့်ကစား ငါသည်သူတို့ကို အမိအရဖမ်းဆီးမည်။ မိုးပေါ်သို့တက် ပြေးလျှင်လည်းသူတို့ကိုငါဆွဲချမည်။-
``အို ထာဝရဘုရား၊ အကျွန်ုပ်သည်ဘေးနှင့်ကြုံတွေ့နေရသည့်အတွက် ကိုယ်တော်အားဟစ်ခေါ်ခဲ့ပါသည်။ ကိုယ်တော်ကလည်းကြားတော်မူပါ၏။ အကျွန်ုပ်သည်သေမင်း၏ခံတွင်းမှနေ၍ ကိုယ်တော်အားဟစ်အော်သံကိုကိုယ်တော် ကြားတော်မူပါ၏။
အကျွန်ုပ်သည်တောင်များ၏အောက်ခြေသို့ တိုင်အောင်လည်းကောင်း၊ ပြန်လမ်းမရှိသည့်မရဏာနိုင်ငံသို့ လည်းကောင်း နစ်မြုပ်သွားပါသည်။ သို့ဖြစ်လျက်ပင်အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည်အကျွန်ုပ်၏အသက်ကို နက်ရာမှ ကယ်ဆယ်တော်မူခဲ့ပါ၏။
သင်တို့အားထိပါးလာသူသည်ငါတန်ဘိုး အထားဆုံးသောအရာကိုထိပါးသူဖြစ် ၏'' ဟုမိန့်တော်မူ၏။ ကိုယ်တော်၏လူမျိုးတော်တို့အားတိုက်ခိုက် ချေမှုန်းသူတို့အား ဤကဲ့သို့သတင်းစကား ပြောကြားရန် ငါ့အားအနန္တတန်ခိုးရှင်ထာ ဝရဘုရားသည်စေလွှတ်တော်မူသည်။
သို့ရာတွင်ထာဝရဘုရားသည်ယခင်က မကြားစဖူးသောအမှုကိုပြုတော်မူခြင်း အားဖြင့် သူတို့နှင့်တကွသူတို့ပိုင်ဆိုင်သမျှ ပစ္စည်းများကိုမြေမျိုလိုက်သောကြောင့် သူတို့ သည်အရှင်လတ်လတ်သေဆုံးကြသော် သူ တို့ကိုထာဝရဘုရားပစ်ပယ်သည်ဟုသိ မှတ်ကြလော့'' ဟုလူအပေါင်းတို့အားပြော လေသည်။
ထိုသို့အားဖြင့်သူတို့ပိုင်ဆိုင်သမျှပစ္စည်း တို့နှင့်အတူ သူတို့သည်သေမင်းနိုင်ငံသို့ အရှင်လတ်လတ်သက်ဆင်းရကြလေသည်။ သူတို့သည်မြေမျိုသဖြင့်ပျောက်ကွယ် သွားကြလေ၏။-
အို ကပေရနောင်မြို့၊ သင်သည်ကောင်းကင်ဘုံတိုင်အောင် မြှောက်စားခြင်းကိုခံရလိမ့်မည်ဟုထင်မှတ်ပါသ လော။ မရဏာနိုင်ငံအထိနှိမ့်ချခြင်းကိုခံရလတ္တံ့။ အဘယ်ကြောင့်ဆိုသော်သင့်ထံတွင် ငါပြုခဲ့သည့် အံ့ဖွယ်အမှုအရာများကိုသောဒုံမြို့တွင်သာပြု ခဲ့ပါမူ ထိုမြို့သည်ယနေ့တိုင်အောင်တည်လျက် ရှိပေမည်။-
အို ကပေရနောင်မြို့၊ သင်သည်ကောင်းကင်ဘုံ တိုင်အောင်မြှောက်စားခြင်းကိုခံလိုသလော။ မရဏာနိုင်ငံအထိနှိမ့်ချခြင်းခံရလတ္တံ့'' ဟုမိန့်တော်မူ၏။
ကိုယ်တော်သည်ရှေးခေတ်ကမ္ဘာသူကမ္ဘာသား တို့ကိုလည်းချမ်းသာပေးတော်မမူခဲ့ပေ။ ထိုစဉ်အခါကကိုယ်တော်သည်ဘုရားမဲ့နေ သူတို့၏ကမ္ဘာမြေကြီးကိုရေလွှမ်းမိုးစေတော် မူ၏။ ဖြောင့်မတ်ခြင်းတရားကိုဟောပြောသူ နောဧကိုမူကားအခြားသူခုနစ်ယောက်နှင့် အတူကယ်တင်တော်မူ၏။-