Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယော​န 2:2 - Common Language Bible

2 ``အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည်​ဘေး​နှင့်​ကြုံ​တွေ့​နေ​ရ​သည့်​အ​တွက် ကိုယ်​တော်​အား​ဟစ်​ခေါ်​ခဲ့​ပါ​သည်။ ကိုယ်​တော်​က​လည်း​ကြား​တော်​မူ​ပါ​၏။ အ​ကျွန်ုပ်​သည်​သေ​မင်း​၏​ခံ​တွင်း​မှ​နေ​၍ ကိုယ်​တော်​အား​ဟစ်​အော်​သံ​ကို​ကိုယ်​တော် ကြား​တော်​မူ​ပါ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

2 အ ကျွန်ုပ် သည် ဒု က္ခ ခံ ရ သော ကြောင့်၊ ထာ ဝ ရ ဘု ရား ကို ဟစ် ခေါ်၍၊ ကိုယ် တော် သည် ထူး တော် မူ၏။ မ ရ ဏာ့ နိုင် ငံ၏ ဝမ်း ထဲ မှ ဟစ် သော အ သံ ကို နား ညောင်း တော် မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

2 ငါ​သည် ဒု​က္ခ​ဆင်း​ရဲ​ကို ခံ​ရ​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​ကို​ဟစ်​ခေါ်၍ ငါ့​စ​ကား​ကို ကြား​တော်​မူ၏။ မ​ရ​ဏ​နိုင်​ငံ၏​ဝမ်း​ထဲ​က ဟစ်​ခေါ်​သော စ​ကား​သံ​ကို နား​ထောင်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

2 “​အကျွန်ုပ်​သည် ဆင်းရဲဒုက္ခ​ထဲတွင် ထာဝရဘုရား​ထံ အော်ဟစ်​ဆုတောင်း​သောအခါ ကိုယ်တော်​နားညောင်း​တော်မူ​၏​။ မရဏာနိုင်ငံ​တွင်းနက်​ထဲမှ အကျွန်ုပ်​အကူအညီ​အော်ဟစ်​တောင်းခံ​သောအခါ အကျွန်ုပ်​အသံ​ကို ကိုယ်တော်​ကြား​တော်မူ​ပါ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​န 2:2
26 ပူးပေါင်းရင်းမြစ်များ  

မင်း​ကြီး​သည်​ဆင်း​ရဲ​ဒုက္ခ​ရောက်​သော​အ​ခါ မာန်​မာ​န​ကျိုး​၍ မိ​မိ​၏​ဘု​ရား​သ​ခင်​ထာ​ဝရ ဘု​ရား​ထံ​တော်​သို့​ပြန်​လာ​ပြီး​လျှင်​ကူ​မ တော်​မူ​ရန်​အ​သ​နား​ခံ​တော်​မူ​၏။-


သေ​မင်း​၏​ကျော့​ကွင်း​သည်​ငါ့​ကို​ဖမ်း​မိ​လျက် နေ​၏။ သေ​ဘေး​သည်​ငါ့​ကို​ဝိုင်း​ရံ​လျက်​နေ​၏။ ငါ​သည်​ကြောက်​လန့်​၍​စိုး​ရိမ်​ပူ​ပန်​ရ​၏။


ငါ​သည်​ဒုက္ခ​ရောက်​စဉ်​အ​ခါ​ထာ​ဝ​ရ​ဘု​ရား ကို ဟစ်​ခေါ်​ပါ​၏။ ကိုယ်​တော်​သည်​လည်း​ထူး​တော်​မူ​ပါ​၏။


အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​ရှင်​သည် ကျွန်​တော်​မျိုး​အား​မ​ရ​ဏာ​နိုင်​ငံ​သို့​လား​ရန် အ​ခွင့်​ပေး​တော်​မူ​မည်​မ​ဟုတ်​သော​ကြောင့်​တည်း။ ကျွန်​တော်​မျိုး​သည်​အ​မှု​တော်​ကို​သစ္စာ​ရှိ​စွာ ထမ်း​ခဲ့​ပါ​၏။ ကွန်​တော်​မျိုး​အား​သေ​မင်း​၏​လက်​သို့ အပ်​တော်​မူ​မည်​မ​ဟုတ်​ပါ။


ကိုယ်​တော်​သည်​ဆင်း​ရဲ​သူ​တို့​အား​ပစ်​ထား တော်​မ​မူ​ပါ။ သူ​တို့​၏​ဆင်း​ရဲ​ဒုက္ခ​များ​ကို​လည်း လျစ်​လူ​ရှု​တော်​မ​မူ​ပါ။ ကိုယ်​တော်​သည်​သူ​တို့​ကို​မျက်​နှာ​တော်​လွှဲ တော်​မ​မူ​ပါ။ ကူ​မ​တော်​မူ​ရန်​သူ​တို့​အော်​ဟစ် တောင်း​လျှောက်​သည်​ကို​နား​ညောင်း​တော်​မူ​ပါ​၏။


ခို​ကိုး​ရာ​မဲ့​သူ​တို့​သည်​ကိုယ်​တော်​ကို ခေါ်​ကြ​သော​အ​ခါ ကိုယ်​တော်​ထူး​တော်​မူ​၍​သူ​တို့​အား ဆင်း​ရဲ​ဒုက္ခ​အ​ပေါင်း​မှ​ကယ်​တော်​မူ​၏။


အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​ကို​ကွယ်​ကာ​တော်​မူ​သော​အ​ရှင်၊ ကျွန်​တော်​မျိုး​ခေါ်​သော​အ​ခါ​ထူး​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​ဒုက္ခ​ရောက်​စဉ်​အ​ခါ​၌​ကျွန်​တော် မျိုး​အား ကူ​မ​တော်​မူ​ခဲ့​ပါ​၏။ ယ​ခု​အ​ခါ​၌​လည်း​ကျွန်​တော်​မျိုး​အား သ​နား​တော်​မူ​၍ ကျွန်​တော်​မျိုး​၏​ဆု​တောင်း​ပတ္ထ​နာ​ကို နား​ညောင်း​တော်​မူ​ပါ။


ကျွန်​တော်​မျိုး​သည်​အိမ်​နှင့်​ဝေး​ကွာ​လျက် စိတ်​ပျက်​အား​လျော့​လျက်​နေ​သ​ဖြင့် ကိုယ်​တော်​ရှင်​အား​ဟစ်​ခေါ်​ပါ​၏။ ကျွန်​တော်​မျိုး​အား​ဘေး​မဲ့​လုံ​ခြုံ​ရာ​သို့ ပို့​ဆောင်​တော်​မူ​ပါ။


ကျွန်​တော်​မျိုး​အ​ပေါ်​၌​ကိုယ်​တော်​ရှင် ထား​တော်​မူ​သော​ခိုင်​မြဲ​သော​မေတ္တာ​တော်​သည် ကြီး​မား​လှ​ပါ​သည်​တ​ကား။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​မ​ရ​ဏာ နိုင်​ငံ​မှ ကယ်​နုတ်​တော်​မူ​ပါ​ပြီ။


``မ​ရ​ဏ​နိုင်​ငံ​သည် ဗာ​ဗု​လုန်​ဘု​ရင်​အား​ကြို ဆို​လက်​ခံ​ရန်​အ​သင့်​ပြင်​ဆင်​လျက်​နေ​၏။ ကမ္ဘာ မြေ​ကြီး​ပေါ်​တွင်​ရှိ​စဉ်​အ​ခါ​က​တန်​ခိုး​ကြီး မား​ခဲ့​သူ​တို့​၏​နာမ်​ဝိ​ညာဉ်​များ​သည် လှုပ်​ရှား သွား​လာ​လျက်​နေ​ကြ​၏။ ဘု​ရင်​တို့​၏​ဝိ​ညာဉ် များ​သည်​လည်း မိ​မိ​တို့​ရာ​ဇ​ပလ္လင်​များ​မှ တက်​ကြွ​လျက်​နေ​ကြ​၏။-


``အို ထာ​ဝ​ရ​ဘု​ရား​တွင်း​ထဲ​မှ​နေ​၍ ကျွန်​တော်​မျိုး​သည် ကိုယ်​တော်​ရှင်​အား​ဟစ်​ခေါ်​ပါ​၏။


ရှေး​ပ​ဝေ​သ​ဏီ​အ​ခါ​က​အ​သက်​ရှင်​ခဲ့ ကြ​သူ​တို့​နှင့်​အ​တူ​နေ​ထိုင်​ရန် သင့်​အား မြေ​အောက်​မ​ရ​ဏာ​နိုင်​ငံ​သို့​ပို့​ဆောင်​မည်။ ငါ​သည်​သင့်​အား​ထို​မြေ​အောက်​လော​က​ရှိ ထာ​ဝ​စဉ်​ယို​ယွင်း​ပျက်​စီး​လျက်​နေ​သည့် အ​ရပ်​၌​မြေ​တွင်း​ထဲ​တွင်​နေ​စေ​မည်။ သင် သည်​ထို​အ​ရပ်​မှ​အ​ဘယ်​အ​ခါ​၌​မျှ အ​သက်​ရှင်​သူ​တို့​ရှိ​ရာ​အ​ရပ်​သို့​ပြန် လာ​ရ​လိမ့်​မည်​မ​ဟုတ်။-


သို့​ဖြစ်​၍​မည်​မျှ​ပင်​ရေ​ရ​ရှိ​စေ​ကာ​မူ​ယ​ခု မှ​အ​စ​ပြု​၍ အ​ဘယ်​အ​ပင်​မျှ​ထို​အာ​ရစ် ပင်​ကဲ့​သို့​သစ်​ကိုင်း​သစ်​ခက်​များ​အ​ထက်​တွင် မြင့်​မား​ရ​တော့​မည်​မ​ဟုတ်။ ယင်း​တို့​၏​ထိပ်​ဖျား များ​သည်​မိုး​တိမ်​သို့​ရောက်​သည့်​တိုင်​အောင်​မြင့် တက်​ရ​ကြ​တော့​မည်​မ​ဟုတ်။ ထို​သစ်​ပင်​အား လုံး​ပင်​လူ​သား​များ​နှင့်​အ​တူ မြေ​ကြီး​ပေါ် တွင်​သေ​ကြေ​ပျက်​စီး​ကာ​မ​ရ​ဏာ​နိုင်​ငံ​သို့ ဆင်း​သက်​ရ​ကြ​ပေ​တော့​အံ့'' ဟု​မိန့်​တော် မူ​၏။


ယော​န​သည်​ငါး​ကြီး​၏​ဝမ်း​ထဲ​တွင်​သုံး​ရက်​တိုင် တိုင်​နေ​ရ​သ​ကဲ့​သို့ လူ​သား​သည်​လည်း​မြေ​ကြီး ထဲ​တွင်​သုံး​ရက်​နေ​ရ​လတ္တံ့။-


တောင်း​သူ​သည်​ရ​လိမ့်​မည်။ ရှာ​သော​သူ​သည် တွေ့​လိမ့်​မည်။ တံ​ခါး​ကို​ခေါက်​သော​သူ​အား တံ​ခါး​ကို​ဖွင့်​ပေး​လိမ့်​မည်။-


ကိုယ်​တော်​သည်​ပြင်း​ပြ​စွာ​ဝေ​ဒ​နာ​ကို​ခံ လျက်​ပို​၍​စိတ်​အား​ကြီး​စွာ​ဆု​တောင်း​တော် မူ​၏။ သို့​ဖြစ်​၍​ကိုယ်​တော်​၏​ချွေး​ပေါက်​တို့ သည်​သွေး​စက်​များ​သ​ဖွယ်​မြေ​ပေါ်​သို့​ကျ​၏။


အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​ရှင်​သည် ကျွန်​တော်​မျိုး​ကို​မ​ရ​ဏာ​နိုင်​ငံ​တွင် စွန့်​ပစ်​၍​ထား​တော်​မူ​မည်​မ​ဟုတ်၊ ကိုယ်​တော်​ရှင်​၏​သစ္စာ​ကို​စောင့်​သိ​သော​အ​စေ​ခံ​အား သင်္ချိုင်း​တွင်​ပုပ်​ပျက်​စေ​တော်​မူ​မည် မ​ဟုတ်​သော​ကြောင့်​တည်း။


ခ​ရစ်​တော်​သည်​လူ့​ဇာ​တိ​နှင့်​သက်​တော်​ထင်​ရှား ရှိ​စဉ်​အ​ခါ​က မိ​မိ​အား​သေ​ခြင်း​မှ​ကယ်​တင် တော်​မူ​နိုင်​သော​ဘု​ရား​သ​ခင်​၏​ထံ​တော်​သို့ ကြွေး​ကြော်​ကာ​မျက်​ရည်​ကျ​လျက်​ဆု​တောင်း ပတ္ထ​နာ​ပြု​တော်​မူ​၏။ ဘု​ရား​သ​ခင်​သည်​လည်း ကိုယ်​တော်​၏​ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း တော်​မူ​ပေ​သည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ် တော်​သည်​စိတ်​နှ​လုံး​နှိမ့်​ချ​လျက် ဘု​ရား သ​ခင်​၏​အ​လို​တော်​ကို​ဝန်​ခံ​တော်​မူ​သော ကြောင့်​တည်း။-


ကျွန်​မ​အား​တန်​ဖိုး​မ​ရှိ​သည့်​မိန်း​မ​ဟု​မ​ထင် မှတ်​ပါ​နှင့်။ ကျွန်​မ​သည်​အ​လွန်​စိတ်​မ​ချမ်း​မ​သာ ဖြစ်​သ​ဖြင့် ဤ​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​လျက်​နေ ခြင်း​ဖြစ်​ပါ​၏'' ဟု​ပြန်​၍​လျှောက်​၏။


ဒါ​ဝိဒ်​၏​လူ​တို့​သည်​မိ​မိ​တို့​သား​သ​မီး​များ ဆုံး​ရှုံး​ရ​ကြ​သည့်​အ​တွက် စိတ်​ညှိုး​ငယ်​လျက် ဒါ​ဝိဒ်​အား​ခဲ​နှင့်​ပေါက်​ရန်​ခြိမ်း​ခြောက်​နေ​သ​ဖြင့် ဒါ​ဝိဒ်​သည်​အ​တိ​ဒုက္ခ​ရောက်​လျက်​ရှိ​၏။ သို့​ရာ တွင်​သူ​သည်​မိ​မိ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ထံ​တော်​မှ​ခွန်​အား​ကို​ရ​ရှိ​ပေ​သည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ