ယေဇကျေလ 31:14 - Common Language Bible14 သို့ဖြစ်၍မည်မျှပင်ရေရရှိစေကာမူယခု မှအစပြု၍ အဘယ်အပင်မျှထိုအာရစ် ပင်ကဲ့သို့သစ်ကိုင်းသစ်ခက်များအထက်တွင် မြင့်မားရတော့မည်မဟုတ်။ ယင်းတို့၏ထိပ်ဖျား များသည်မိုးတိမ်သို့ရောက်သည့်တိုင်အောင်မြင့် တက်ရကြတော့မည်မဟုတ်။ ထိုသစ်ပင်အား လုံးပင်လူသားများနှင့်အတူ မြေကြီးပေါ် တွင်သေကြေပျက်စီးကာမရဏာနိုင်ငံသို့ ဆင်းသက်ရကြပေတော့အံ့'' ဟုမိန့်တော် မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible14 ထို သို့ သော အား ဖြင့်၊ သင်္ချိုင်း တွင်း ဆင်း ရ သော လူ့ သား တို့ နှင့် တ ကွ၊ မြေ ပ ထ ဝီ နက် ရှိုင်း ရာ သေ မင်း အား၊ လွှဲ အပ် ခံ ရ လျက် ပင်၊ ရေ အ နီး ပေါက် သ ဖြင့် ရေ သောက် သော အ ပင် အ ပေါင်း တို့ သည် မြင့် လှ၍ ခေါင် ညွန့် ကို မိုး သား ထိ မ မြှင့် သည် ပြင် အ ပင် ကြီး အ ပင် မြတ် တို့ လည်း၊ မတ် တတ် မ ရပ် ရ ဟု မိန့် ဆို၏။ အခန်းကိုကြည့်ပါ။Judson Bible14 အကြောင်းမူကား၊ ရေနားမှာရှိသမျှသော သစ်ပင်တို့တွင် တစ်ပင်မျှ အရပ်မြင့်သောကြောင့် မဝါကြွား။ ထူထပ်သော အခက်အလက်တို့တွင် မိမိထိပ်ဖျားကို မချီးမြှောက်မည်အကြောင်း၊ ရေကိုသောက်သမျှသော အပင်တစ်ပင်မျှ အရပ်မြင့်လျက် မပြိုင်ဝံ့မည်အကြောင်းတည်း။ ထိုအပင်အပေါင်းတို့သည် မြေတွင်းထဲသို့ဆင်းတတ်သော လူသားတို့နှင့်အတူ သေခြင်းသို့လည်းကောင်း၊ မြေအောက်အရပ်သို့လည်းကောင်း ရောက်စေခြင်းငှာ ငါအပ်လေပြီ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း14 ထို့ကြောင့် ရေနားမှာရှိသောအပင်တို့သည် မြင့်နိုင်တော့မည်မဟုတ်။ အပင်ထိပ်ဖျားသည် မိုးတိမ်ထိအောင် မြင့်နိုင်တော့မည်မဟုတ်။ ရေအလုံအလောက်ရသောအပင်အားလုံးတို့လည်း မြင့်နိုင်တော့မည်မဟုတ်။ အကြောင်းမူကား ထိုအပင်ရှိသမျှတို့ကို သေခြင်းလက်သို့ ပေးအပ်ထားပြီဖြစ်၍ လူသားတို့နှင့်အတူ မြေကြီးအောက်တွင်းနက်ထဲသို့ ဆင်းသွားရမည်’ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ရှေးပဝေသဏီအခါကအသက်ရှင်ခဲ့ ကြသူတို့နှင့်အတူနေထိုင်ရန် သင့်အား မြေအောက်မရဏာနိုင်ငံသို့ပို့ဆောင်မည်။ ငါသည်သင့်အားထိုမြေအောက်လောကရှိ ထာဝစဉ်ယိုယွင်းပျက်စီးလျက်နေသည့် အရပ်၌မြေတွင်းထဲတွင်နေစေမည်။ သင် သည်ထိုအရပ်မှအဘယ်အခါ၌မျှ အသက်ရှင်သူတို့ရှိရာအရပ်သို့ပြန် လာရလိမ့်မည်မဟုတ်။-
သင်တို့၏ဘိုးဘေးများသည်ဒုစရိုက်ကို ပြုသဖြင့် ဘုရားသခင်သည်ဤမြို့ကို ဖျက်ဆီးစေခြင်းအားဖြင့်သူတို့အားဒဏ် ခတ်တော်မူ၏။ သို့ပါလျက်သင်တို့သည် ဥပုသ်နေ့ကိုညစ်ညမ်းစေသောအားဖြင့် ဣသရေလအမျိုးသားတို့အပေါ်သို့ ဘုရားသခင်၏အမျက်တော်ကို ပိုမို ပြင်းထန်စွာသက်ရောက်စေကြမည်လော'' ဟုပြစ်တင်ပြောဆို၏။
သင်သည်လူအသိုင်းအဝိုင်းမှအနှင်ခံရ ၍တောတိရစ္ဆာန်များနှင့်အတူနေရလတ္တံ့။ ခုနစ်နှစ်တိုင်တိုင်နွားကဲ့သို့မြက်ကိုစား ရလတ္တံ့။ ထိုအခါဘုရားသခင်သည်လော ကီနိုင်ငံများကိုအစိုးရတော်မူ၍ ယင်း တို့ကိုမိမိအလိုရှိသူအားပေးပိုင် ကြောင်းကိုသင်ဝန်ခံလိမ့်မည်'' ဟုကောင်း ကင်မှအသံထွက်ပေါ်လာလေသည်။
အရှင်ထာဝရဘုရားက``အာရစ်ပင်ကား အီဂျစ်ဘုရင်နှင့်သူ၏ပြည်သူတို့ဖြစ်၏။ ဧဒင်ဥယျာဉ်ထဲမှသစ်ပင်များပင်လျှင် ထို အပင်လောက်မမြင့်မားမခန့်ညားကြ။ သို့ ရာတွင်ထိုအပင်သည်ဧဒင်ဥယျာဉ်မှ သစ်ပင်များကဲ့သို့ပင် မရဏာနိုင်ငံသို့ ဆင်းသက်ကာအရေဖျားလှီးမင်္ဂလာ မခံရသူများ၊ စစ်ပွဲတွင်ကျဆုံးသူ များနှင့်ပေါင်းဆုံရပေတော့အံ့။ ဤကား ငါမိန့်တော်မူသောစကားဖြစ်၏'' ဟု မိန့်တော်မူ၏။
အို ကပေရနောင်မြို့၊ သင်သည်ကောင်းကင်ဘုံတိုင်အောင် မြှောက်စားခြင်းကိုခံရလိမ့်မည်ဟုထင်မှတ်ပါသ လော။ မရဏာနိုင်ငံအထိနှိမ့်ချခြင်းကိုခံရလတ္တံ့။ အဘယ်ကြောင့်ဆိုသော်သင့်ထံတွင် ငါပြုခဲ့သည့် အံ့ဖွယ်အမှုအရာများကိုသောဒုံမြို့တွင်သာပြု ခဲ့ပါမူ ထိုမြို့သည်ယနေ့တိုင်အောင်တည်လျက် ရှိပေမည်။-
သို့ရာတွင်ထာဝရဘုရားသည်ယခင်က မကြားစဖူးသောအမှုကိုပြုတော်မူခြင်း အားဖြင့် သူတို့နှင့်တကွသူတို့ပိုင်ဆိုင်သမျှ ပစ္စည်းများကိုမြေမျိုလိုက်သောကြောင့် သူတို့ သည်အရှင်လတ်လတ်သေဆုံးကြသော် သူ တို့ကိုထာဝရဘုရားပစ်ပယ်သည်ဟုသိ မှတ်ကြလော့'' ဟုလူအပေါင်းတို့အားပြော လေသည်။