``ရပ်ဝေးနိုင်ငံများမှလူတို့သည်ငါပြု သည့်အမှုကို တွေ့မြင်ရကြလေပြီ။ သူတို့သည်ထိတ်လန့်လျက်ကြောက်ဒူးတုန်၍ နေကြသဖြင့် လာရောက်စုဝေးကြကုန်၏။
ယေဇကျေလ 26:18 - Common Language Bible ယင်းမြို့ပြိုလဲသောနေ့၌ကမ်းခြေဒေသ တို့သည် တုန်လှုပ်ကြကုန်၏။ ပင်လယ်ထဲရှိကျွန်းများတို့သည်လည်းဤမြို့ ပျက်စီးရပုံကိုမြင်၍ကြောက်လန့်ကြ၏။'' ဟူ၍တည်း။ Garrad Bible သင် ပြို လဲ သည့် ကာ လ၊ သ မု ဒ္ဒ ရာ ကမ်း ခြေ တုန် လှုပ် ခြင်း၊ ကွယ် လွန် သ ဖြင့်၊ သ မု ဒ္ဒ ရာ ရှိ ကျွန်း များ ထိတ် လန့် ခြင်း၊ ခံ ရ ကြ လ တ္တံ့ ဟု မိန့် ဆို ၏။ Judson Bible သင်ပြိုလဲသောနေ့တွင် တစ်ကျွန်းတစ်နိုင်ငံအရပ်တို့သည် တုန်လှုပ်၍၊ သင်ကွယ်ပျောက်သောကြောင့် ပင်လယ်၌ရှိသော ကျွန်းများတို့သည် ထိတ်လန့်ကြလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း ယခု သင်ပြိုလဲသောနေ့တွင် ကမ်းရိုးတန်းဒေသတို့သည် ကြောက်ရွံ့တုန်လှုပ်ကြလေပြီ။ သင်ကွယ်ပျောက်သွားသောနေ့တွင် ပင်လယ်ကမ်းရိုးတန်းဒေသတို့သည် ထိတ်လန့်ကြလေပြီဟု သင့်အား ဆိုကြလိမ့်မည်’ဟု မိန့်တော်မူ၏။ |
``ရပ်ဝေးနိုင်ငံများမှလူတို့သည်ငါပြု သည့်အမှုကို တွေ့မြင်ရကြလေပြီ။ သူတို့သည်ထိတ်လန့်လျက်ကြောက်ဒူးတုန်၍ နေကြသဖြင့် လာရောက်စုဝေးကြကုန်၏။
ဧဒုံပြည်ပြိုလဲသောအခါကြီးစွာသော အသံဖြစ်ပေါ်လာသဖြင့်ကမ္ဘာမြေကြီး သည်တုန်လှုပ်၍သွားလိမ့်မည်။ ကြောက်လန့် အော်ဟစ်ကြသောအသံများကိုလည်း အ္ဂဗာပင်လယ်ကွေ့တိုင်အောင်ကြားရ ကြလိမ့်မည်။-
ဗာဗုလုန်မြို့ပြိုလဲသောအခါကြီးစွာ သောအသံဖြစ်ပေါ်လာသဖြင့် ကမ္ဘာမြေ ကြီးသည်တုန်လှုပ်၍သွားလိမ့်မည်။ ကြောက် လန့်အော်ဟစ်ကြသောအသံများကိုလည်း လူမျိုးတကာတို့ကြားရကြလိမ့်မည်'' ဟု မိန့်တော်မူ၏။
တုရုမြို့အားအရှင်ထာဝရဘုရားမိန့် တော်မူသည်ကား``သင့်အားရန်သူတို့တိုက် ခိုက်အောင်မြင်နေချိန်၌ အသတ်ခံရသူတို့ နှင့်ဒဏ်ရာရသူတို့အော်ဟစ်သံများကြောင့် ပင်လယ်ကမ်းခြေတစ်လျှောက်တွင်နေထိုင် ကြသူတို့သည်ကြောက်လန့်တုန်လှုပ်ကြ လိမ့်မည်။-
``ပင်လယ်ကမ်းခြေတွင်နေထိုင်သူအပေါင်း တို့သည်သင်၏ကံကြမ္မာကိုမြင်၍တအံ့တ သြဖြစ်ကြကုန်၏။ သူတို့၏ဘုရင်များပင် လျှင်ထိတ်လန့်တုန်လှုပ်ကြလျက် မျက်နှာတွင် သွေးမရှိကြတော့ပေ။-
အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား``မရ ဏာနိုင်ငံသို့အာရစ်ပင်သက်ဆင်းသောနေ့၌ ငါသည်မြေအောက်ရှိမြစ်များကိုငိုကြွေး မြည်တမ်းသည့်လက္ခဏာဖြင့်ဖုံးလွှမ်းစေမည်။ ငါသည်မြစ်များကိုရပ်တန့်စေ၍ချောင်း များကိုရေမစီးစေဘဲထားမည်။ ထိုအာရစ် ပင်သေပြီဖြစ်သောကြောင့် ငါသည်လေဗနုန် တောင်တွင်မှောင်မိုက်ကျစေ၍ တောအတွင်း ရှိသစ်ပင်အပေါင်းကိုညှိုးနွမ်းခြောက်သွေ့ သွားစေမည်။-