ယေရမိ 49:21 - Common Language Bible21 ဧဒုံပြည်ပြိုလဲသောအခါကြီးစွာသော အသံဖြစ်ပေါ်လာသဖြင့်ကမ္ဘာမြေကြီး သည်တုန်လှုပ်၍သွားလိမ့်မည်။ ကြောက်လန့် အော်ဟစ်ကြသောအသံများကိုလည်း အ္ဂဗာပင်လယ်ကွေ့တိုင်အောင်ကြားရ ကြလိမ့်မည်။- အခန်းကိုကြည့်ပါ။Judson Bible21 သူတို့ပြိုလဲသော အသံကြောင့် မြေကြီးလှုပ်ရှား၏။ သူတို့အော်ဟစ်သောအသံကို ဧဒုံပင်လယ်တိုင်အောင် ကြားရ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း21 သူတို့လဲကျသောအသံကြောင့် မြေကြီးတုန်ခါသွားလိမ့်မည်။ သူတို့အော်ဟစ်သောအသံကို ပင်လယ်နီတိုင်အောင် ကြားရမည်။ အခန်းကိုကြည့်ပါ။ |
သင့်အားငါပြုသောအမှုကြောင့်သူတို့ သည်အံ့အားသင့်ကြလိမ့်မည်။ ငါသည်ဋ္ဌား ကိုဝှေ့ယမ်းလိုက်သောအခါရှင်ဘုရင် များသည်ထိတ်လန့်တုန်လှုပ်ကြလိမ့်မည်။ သင်ပြိုလဲသောနေ့၌သူတို့အားလုံးပင် မိမိတို့၏အသက်အန္တရာယ်အတွက်စိုး ရိမ်ပူပန်ကာ ထိတ်လန့်တုန်လှုပ်ကြလိမ့် မည်'' ဟုမိန့်တော်မူ၏။