Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 31:15 - Common Language Bible

15 အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား``မ​ရ ဏာ​နိုင်​ငံ​သို့​အာ​ရစ်​ပင်​သက်​ဆင်း​သော​နေ့​၌ ငါ​သည်​မြေ​အောက်​ရှိ​မြစ်​များ​ကို​ငို​ကြွေး မြည်​တမ်း​သည့်​လက္ခ​ဏာ​ဖြင့်​ဖုံး​လွှမ်း​စေ​မည်။ ငါ​သည်​မြစ်​များ​ကို​ရပ်​တန့်​စေ​၍​ချောင်း များ​ကို​ရေ​မ​စီး​စေ​ဘဲ​ထား​မည်။ ထို​အာ​ရစ် ပင်​သေ​ပြီ​ဖြစ်​သော​ကြောင့် ငါ​သည်​လေ​ဗ​နုန် တောင်​တွင်​မှောင်​မိုက်​ကျ​စေ​၍ တော​အ​တွင်း ရှိ​သစ်​ပင်​အ​ပေါင်း​ကို​ညှိုး​နွမ်း​ခြောက်​သွေ့ သွား​စေ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

15 ငါ အ ရှင် ထာ ဝ ရ ဘု ရား က လည်း၊ မ ရ ဏာ့ နိုင် ငံ သို့ ထို သစ် ပင် ဆင်း ရ သော နေ့ ရက်၌၊ မြစ် ကြီး ရေ ပိတ် ခြင်း၊ ချောင်း ရေ တန့် ခြင်း၊ လက် ကြား ရေ ရပ် ခြင်း၊ လေ ဗ နုန် တော ညှိုး နွမ်း ခြင်း များ ကို ငါ ပြု သည့် အ လျောက်၊ တော ပင် ရှိ သ မျှ မူး မော် ကြ ရ မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15 အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သူ​သည် မ​ရ​ဏနိုင်​ငံ​ထဲ​သို့​ဆင်း​သွား​သော​နေ့၌ နက်​နဲ​သော​အ​ရပ်​ကို သူ့​အ​ဖို့ မ​သာ​အ​ဝတ်​နှင့် ငါ​ဖုံး​လွှမ်း၏။ လှိုင်း​တံ​ပိုး​တို့​ကို ငါ​ကန့်​ကွက်၍ ကြီး​စွာ​သော​ရေ​ကို ချုပ်​ထား၏။ လေ​ဗ​နုန်​တောင်​ကို သူ့​အ​ဖို့ မ​သာ​အ​ဝတ်​ကို ဝတ်​စေ၍၊ တော​သစ်​ပင်​အ​ပေါင်း​တို့​သည် စိတ်​ပျက်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 ဘုရားရှင်​ထာဝရဘုရား​က ‘မရဏာနိုင်ငံ​သို့ ကျသွား​သော​နေ့​တွင် သူ့​အတွက် ငိုကြွေးမြည်တမ်း​ကြ​မည်​။ နက်ရှိုင်း​ရာ​အရပ်​၌ သူ့​ကို ငါ​ပိတ်​ထား​မည်​။ မြစ်​များ​ကို တားဆီး​ထား​သဖြင့် ရေ​များ ရပ်တန့်​နေ​မည်​။ သူ့​ကြောင့် လက်ဘနွန်​တောင်​ကြီး ဝမ်းနည်း​ပူဆွေး​ရ​လိမ့်မည်​။ တော​ထဲရှိ​သစ်ပင်​အားလုံး အားလျော့​ကြ​လိမ့်မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 31:15
8 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ​၌​ယု​ဒ​ပြည်​သူ​များ​နှင့်​ယေ​ရု​ရှ လင်​မြို့​သား​တို့​ထာ​ဝ​ရ​ဘု​ရား​၏​ထံ​တော် သို့ ယူ​ဆောင်​လာ​သည့်​ပူ​ဇော်​သ​ကာ​များ​သည် ရှေး​ကာ​လ​မှာ​ကဲ့​သို့​ပင်​ထာ​ဝ​ရ​ဘု​ရား နှစ်​သက်​တော်​မူ​ဖွယ်​ရာ​ဖြစ်​လိမ့်​မည်။


``ဂိ​လ​ဗော​တောင်​ကုန်း​များ​ပေါ်​၌ မိုး​မ​ရွာ​နှင်း​မ​ကျ​ပါ​စေ​နှင့်။ ထို​တောင်​ကုန်း​များ​မှ​လယ်​ယာ​များ​သည် ထာ​ဝ​စဉ်​အ​သီး​အ​နှံ​ကင်း​မဲ့​ပါ​စေ​သော။ အ​ဘယ်​ကြောင့်​ဆို​သော်​ထို​အ​ရပ်​သည် သူ​ရဲ​ကောင်း​တို့​၏​ဒိုင်း​လွှား​များ​အ​သ​ရေ ပျက်​၍ ကျန်​ရစ်​ရာ၊ ရှော​လု​၏​ဒိုင်းလွှား​သံ​ချေး​တက်​လျက်​နေ​ရာ ဖြစ်​သော​ကြောင့်​တည်း။


သင့်​အား​သုတ်​သင်​ဖျက်​ဆီး​ချိန်​၌​ငါ​သည် မိုး​ကောင်း​ကင်​ကို​ဖုံး​အုပ်​ကွယ်​ကာ​၍ ကြယ် တာ​ရာ​များ​ကို​ကွယ်​ပျောက်​စေ​မည်။ နေ​ကို မိုး​တိမ်​များ​ဖုံး​အုပ်​လိမ့်​မည်။ လ​သည် လည်း​အ​လင်း​ရောင်​ပေး​လိမ့်​မည်​မ​ဟုတ်။-


ပင်​လယ်​ရေ​ကြောင်း​ခ​ရီး​သွား​လာ​သော နိုင်​ငံ​တို့​၏​ဘုရင်​အ​ပေါင်း​သည်​ရာ​ဇ​ပလ္လင် များ​ပေါ်​မှ​ဆင်း​ကြ​ကာ မိ​မိ​တို့​၏​ဝတ်​လုံ များ​နှင့်​ပန်း​ထိုး​ထည်​များ​ကို​ချွတ်​၍ မြေ ပေါ်​တွင်​တုန်​လှုပ်​လျက်​ထိုင်​ကြ​လိမ့်​မည်။ သင် တွေ့​ကြုံ​ရ​သည့်​ကံ​ကြမ္မာ​ကို​မြင်​၍ သူ​တို့ သည်​အံ့​အား​သင့်​လျက်​အ​ဆက်​မ​ပြတ် တုန်​လှုပ်​နေ​ကြ​လိမ့်​မည်။


ယင်း​မြို့​ပြို​လဲ​သော​နေ့​၌​ကမ်း​ခြေ​ဒေ​သ တို့​သည် တုန်​လှုပ်​ကြ​ကုန်​၏။ ပင်​လယ်​ထဲ​ရှိ​ကျွန်း​များ​တို့​သည်​လည်း​ဤ​မြို့ ပျက်​စီး​ရ​ပုံ​ကို​မြင်​၍​ကြောက်​လန့်​ကြ​၏။'' ဟူ​၍​တည်း။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ