သင့်ကိုမုန်းသော သူတို့သည် ရှက်ခြင်းနှင့် ဖုံးလွှမ်းလျက်ရှိရကြလိမ့်မည်။ ဆိုးသောသူနေရာအရပ် သည်လည်း ဆုံးရှုံးခြင်းသို့ ရောက်ရလိမ့်မည်ဟု မြွက်ဆို ၏။
ယေဇကျေလ 26:16 - Common Language Bible ပင်လယ်ရေကြောင်းခရီးသွားလာသော နိုင်ငံတို့၏ဘုရင်အပေါင်းသည်ရာဇပလ္လင် များပေါ်မှဆင်းကြကာ မိမိတို့၏ဝတ်လုံ များနှင့်ပန်းထိုးထည်များကိုချွတ်၍ မြေ ပေါ်တွင်တုန်လှုပ်လျက်ထိုင်ကြလိမ့်မည်။ သင် တွေ့ကြုံရသည့်ကံကြမ္မာကိုမြင်၍ သူတို့ သည်အံ့အားသင့်လျက်အဆက်မပြတ် တုန်လှုပ်နေကြလိမ့်မည်။ Garrad Bible သ မု ဒ္ဒ ရာ စံ မင်း တို့ လည်း၊ နန်း ဆင်း ၍ မင်း မြောက် တန် ဆာ ပယ် ခြင်း၊ ပန်း ထိုး ဝတ် လဲ တော် ချွတ် ခြင်း ပြု ပြီး လျှင်၊ တုန် လှုပ် ခြင်း ကို ဝတ် ခြုံ လျက်၊ သင့် ကို အံ့ အား သင့်၍ အ လန့် တ ကြား မ ပြတ် မြေ ပေါ် တွင် ထိုင် နေ စဉ်၊ Judson Bible သမုဒ္ဒရာမင်းအပေါင်းတို့သည် ရာဇပလ္လင်ပေါ်ကဆင်း၍၊ အင်္ကျီတော်ကိုလည်းကောင်း၊ ချယ်လှယ်သော အဝတ်တော်ကိုလည်းကောင်း၊ ချွတ်ပယ်ပြီးမှ၊ တုန်လှုပ်ခြင်းအဝတ်ကိုဝတ်လျက်၊ မြေပေါ်၌ ထိုင်လျက် ခဏခဏတုန်လှုပ်၍၊ သင်၏အမှုကြောင့် မိန်းမောတွေဝေကြလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ပင်လယ်မင်းအပေါင်းတို့သည် ရာဇပလ္လင်ပေါ်မှဆင်း၍ ဝတ်လုံများ၊ ပိုးဖဲကတ္တီပါအဝတ်များကို ချွတ်ပစ်ကြလိမ့်မည်။ ကြောက်ရွံ့ခြင်းတန်ဆာကို ဝတ်ဆင်ကြလိမ့်မည်။ မြေပေါ်မှာထိုင်လျက်၊ တုန်လှုပ်လျက် သင့်ကို အံ့ဩကြလိမ့်မည်။ |
သင့်ကိုမုန်းသော သူတို့သည် ရှက်ခြင်းနှင့် ဖုံးလွှမ်းလျက်ရှိရကြလိမ့်မည်။ ဆိုးသောသူနေရာအရပ် သည်လည်း ဆုံးရှုံးခြင်းသို့ ရောက်ရလိမ့်မည်ဟု မြွက်ဆို ၏။
ကျိန်ဆဲမှုသည်သူ၏အတွက်ခါးဝတ် ပုဆိုးသဖွယ်ဖြစ်၏။ သူ၏ကျိန်ဆဲချက်များသည်ရေကဲ့သို့ သူ၏ကိုယ်ခန္ဓာထဲသို့လည်းကောင်း၊ဆီကဲ့သို့ သူ၏ အရိုးများထဲသို့လည်းကောင်းစိမ့်ဝင်ပါ စေသော။
ကျွန်တော်မျိုး၏ရန်သူများသည်ဂုဏ်အသရေ ပျက်ရကြပါစေသော။ သူတို့သည်အရှက်နှင့်မိမိတို့ကိုယ်ကို ဝတ်လုံသဖွယ်ဖုံးလွှမ်းရကြပါစေသော။
သူ၏ရန်သူတို့ကိုအရှက်ကွဲစေမည်။ သူ၏နိုင်ငံမူကားစည်ပင်သာယာဖွံ့ဖြိုး တိုးတက်လိမ့်မည်'' ဟုမိန့်တော်မူ၏။
ကျွန်တော်မျိုး၏ဒုက္ခကိုအကြောင်းပြုကာ နှစ်ထောင်းအားရသူတို့သည် မရှုမလှအရေးနိမ့်၍ကစဥ့်ကရဲ ဖြစ်ကြရပါစေသော။ မိမိတို့ကိုယ်ကိုကျွန်တော်မျိုးထက်သာ သည်ဟု ပြောဆိုသူတို့သည်အရှက်ကွဲ၍ မျက်နှာပျက်ကြရပါစေသော။
ဧဒုံပြည်ခေါင်းဆောင်တို့လည်းတုန်လှုပ် ချောက်ချားကြ၏။ မောဘပြည်အကြီးအကဲတို့ကြောက်လန့် ကြ၏။ ခါနာန်ပြည်သားအပေါင်းတို့သည်စိတ်ပျက် အားလျော့ကြ၏။
မြို့တံခါးများသည်ငိုကြွေးမြည်တမ်းလျက် မြို့ကြီးသည်လည်း အဝတ်အချည်းစည်းနှင့် မြေပေါ်တွင်ထိုင်လျက်နေသည့်မိန်းမနှင့် တူလိမ့်မည်။
``ရပ်ဝေးနိုင်ငံများမှလူတို့သည်ငါပြု သည့်အမှုကို တွေ့မြင်ရကြလေပြီ။ သူတို့သည်ထိတ်လန့်လျက်ကြောက်ဒူးတုန်၍ နေကြသဖြင့် လာရောက်စုဝေးကြကုန်၏။
``အို ဗာဗုလုန်မြို့တည်းဟူသောအမျိုးသမီး၊ သင်သည်ရာဇပလ္လင်ပေါ်မှဆင်း၍ မြေကြီးပေါ်တွင်ထိုင်လော့။ အခါတစ်ပါးကသင်သည်အနှောင့်အယှက် မခံရဘူးသည့်အပျိုစင်ဖြစ်ခဲ့၏။ သို့ရာတွင်ယခုသင်သည်ပျော့ပျောင်းသိမ်မွေ့သူ မဟုတ်တော့ပေ။ သင်သည်ယခုကျွန်ဘဝရောက်ခဲ့ပေပြီ။
အို ယေရုရှလင်မြို့၊သင်၏ကိုယ်ကိုရုန်းခါ၍ လွတ်မြောက်အောင်ပြုလော့။ မြေမှုန့်ထဲမှထ၍သင်၏ပလ္လင်ပေါ်တွင်ထိုင်လော့။ အို သုံ့ပန်းဇိအုန်မြို့သူမြို့သားတို့၊သင်တို့အား ချည်နှောင်ထားသည့်သံကြိုးများကိုဖြေကြလော့။
မောဘပြည်သည်ကြေမွ၍သွားလေပြီ။ မောဘပြည်သည်ငိုကြွေးလျက်နေလေပြီ။ မောဘပြည်သည်အသရေပျက်လေပြီ။ ထို ပြည်သည်ယိုယွင်းပျက်စီးလျက်နေသဖြင့် နီးနားဝန်းကျင်မှလူမျိုးအပေါင်းတို့သည် ယင်းကိုပြက်ရယ်ပြုကြကုန်၏။ ဤကား ငါထာဝရဘုရားမြွက်ဟသည့်စကား ဖြစ်၏'' ဟုမိန့်တော်မူသည်။
ယေရုရှလင်မြို့၏အသက်ကြီးသူတို့သည် လျှော်တေကိုဝတ်၍ မိမိတို့ဦးခေါင်းပေါ်သို့မြေမှုန့်များတင် ပြီးလျှင် မြေပေါ်၌ဆိတ်ငြိမ်စွာထိုင်နေကြ၏။ မြို့သူကညာများသည်လည်းခေါင်းကို ငိုက်စိုက်ညွှတ်လျက်နေကြလေသည်။
သင့်အားပန်းထိုးထည်အဝတ်အစားများ ကိုဝတ်ဆင်စေ၍ အကောင်းဆုံးသားရေဖိနပ် ကိုစီးစေ၏။ ပိတ်ချောထည်ဖြင့်လည်းတန်ဆာ ဆင်စေ၍ အဖိုးတန်ဝတ်လုံများကိုဝတ်စေ၏။-
ငါသည်သင့်ကိုကြောက်လန့်ဖွယ်ရာဇာတ် သိမ်းခန်းရောက်ရပေတော့အံ့။ လူတို့သည် ရှာသော်လည်းသင့်ကိုတွေ့ရတော့မည်မ ဟုတ်'' ဟုမိန့်တော်မူ၏။ ဤကားအရှင် ထာဝရဘုရားမိန့်တော်မူသောစကား ဖြစ်၏။
သင်သည်မိမိ၏အဆင်းကြောင့်ဂုဏ်ယူဝါ ကြွားကာ မိမိ၏ဂုဏ်သတင်းကြောင့်လူမိုက် ကဲ့သို့ပြု၏။ သို့ဖြစ်၍ငါသည်သင့်ကိုမြေ တိုင်အောင်နှိမ့်ချ၍ အခြားဘုရင်များအား သတိပေးသည့်စံနမူနာဖြစ်စေမည်။-
အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား``မရ ဏာနိုင်ငံသို့အာရစ်ပင်သက်ဆင်းသောနေ့၌ ငါသည်မြေအောက်ရှိမြစ်များကိုငိုကြွေး မြည်တမ်းသည့်လက္ခဏာဖြင့်ဖုံးလွှမ်းစေမည်။ ငါသည်မြစ်များကိုရပ်တန့်စေ၍ချောင်း များကိုရေမစီးစေဘဲထားမည်။ ထိုအာရစ် ပင်သေပြီဖြစ်သောကြောင့် ငါသည်လေဗနုန် တောင်တွင်မှောင်မိုက်ကျစေ၍ တောအတွင်း ရှိသစ်ပင်အပေါင်းကိုညှိုးနွမ်းခြောက်သွေ့ သွားစေမည်။-
သင့်အားငါပြုသောအမှုကြောင့်သူတို့ သည်အံ့အားသင့်ကြလိမ့်မည်။ ငါသည်ဋ္ဌား ကိုဝှေ့ယမ်းလိုက်သောအခါရှင်ဘုရင် များသည်ထိတ်လန့်တုန်လှုပ်ကြလိမ့်မည်။ သင်ပြိုလဲသောနေ့၌သူတို့အားလုံးပင် မိမိတို့၏အသက်အန္တရာယ်အတွက်စိုး ရိမ်ပူပန်ကာ ထိတ်လန့်တုန်လှုပ်ကြလိမ့် မည်'' ဟုမိန့်တော်မူ၏။
မင်းကြီးသည်ညည်းတွားမြည်တမ်းလျက်နေ လိမ့်မည်။ မင်းသားသည်လည်းမျှော်လင့်ရာမဲ့ ဖြစ်၍နေလိမ့်မည်။ ပြည်သူတို့ကားကြောက် လန့်တုန်လှုပ်လျက်နေကြလိမ့်မည်။ ငါသည် သင်တို့အားမိမိတို့ပြုခဲ့သမျှသောအမှု များအတွက်အပြစ်ဒဏ်ပေးမည်။ သင်တို့သူ တစ်ပါးအားတရားစီရင်ခဲ့ကြသည်နည်း တူ သင်တို့အားငါတရားစီရင်မည်။ ဤနည်း အားဖြင့်ငါသည်ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိရကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
``မကြာမီပင်သင်သည် ငါ၏အမျက်တော် ဒဏ်ကိုအပြည့်အဝသင့်အပေါ်သို့သွန်း လောင်းလိမ့်မည်။ ငါသည်သင်ပြုခဲ့သောအမှု များအတွက် သင့်အားတရားစီရင်မည်။ သင် ပြုသည့်စက်ဆုပ်ဖွယ်ရာအမှုများ၏အကျိုး ဆက်ကိုသင့်အားငါပေးအပ်မည်။-
မျက်နှာညှိုးငယ်၍သွားတော်မူ၏။ သူသည် အလွန်ကြောက်လန့်ကာမျက်နှာဖြူဖတ်ဖြူ ရော်ဖြစ်လျက်ဒူးများပင်ခိုက်ခိုက်တုန်၍ လာ၏။-
``ခြင်္သေ့ဟောက်သကဲ့သို့ငါသည် ရန်သူများ ကိုဟောက်သည့်အခါငါ၏လူမျိုးတော်သည် ငါ့နောက်သို့လိုက်ကြလိမ့်မည်။ သူတို့သည် အနောက်အရပ်မှငါ့ထံသို့အဆော တလျင်လာကြလိမ့်မည်။-
ထိုကြေညာချက်ကိုနိနေဝေမင်းကြား တော်မူသောအခါ ရာဇပလ္လင်ပေါ်မှထ၍ ဝတ်လဲတော်ကိုချွတ်ပြီးလျှင်လျှော်တေကို ဝတ်တော်မူ၏။ ထိုနောက်ပြာထဲတွင်ထိုင် နေတော်မူ၏။-
တိုင်းနိုင်ငံတို့ကိုဖြိုခွင်းကာသူတို့၏တန် ခိုးအာဏာကိုပျက်သုဉ်းစေမည်။ စစ်မြင်း ရထားများကိုရထားထိန်းများနှင့်တကွ မှောက်လှန်ပစ်မည်။ မြင်းတို့သည်သေကြ လိမ့်မည်။ မြင်းစီးသူရဲတို့သည်လည်း အချင်းချင်းသတ်ဖြတ်ကြလိမ့်မည်။-
ထိုနည်းတူစွာသင်တို့လူငယ်လူရွယ်များသည် လူကြီးတို့၏စကားကိုနားထောင်ရကြမည်။ သင်တို့အားလုံးပင်နှိမ့်ချသောစိတ်တည်းဟူ သောတန်ဆာကိုဆင်လျက်တစ်ဦး၏အစေကို တစ်ဦးခံရကြမည်။ အဘယ်ကြောင့်ဆိုသော် ကျမ်းစာတော်တွင်``ဘုရားသခင်သည်မာန ကြီးသူကိုဆီးတားတော်မူ၏။ သို့ရာတွင် စိတ်နှိမ့်ချသူကိုမူကားကျေးဇူးပြုတော် မူ၏'' ဟုဖော်ပြပါရှိသောကြောင့်တည်း။-
သူနှင့်ကာမဂုဏ်စည်းစိမ်ခံစားခဲ့ကြသောကမ္ဘာ တစ်ဝန်းလုံးရှိဘုရင်တို့သည် သူ့ကိုကျွမ်းလောင် လျက်ရှိသည့်မီးမှမီးခိုးများကိုမြင်သော အခါငိုကြွေးမြည်တမ်းကြလိမ့်မည်။-