ဟေရှာယ 47:1 - Common Language Bible1 ``အို ဗာဗုလုန်မြို့တည်းဟူသောအမျိုးသမီး၊ သင်သည်ရာဇပလ္လင်ပေါ်မှဆင်း၍ မြေကြီးပေါ်တွင်ထိုင်လော့။ အခါတစ်ပါးကသင်သည်အနှောင့်အယှက် မခံရဘူးသည့်အပျိုစင်ဖြစ်ခဲ့၏။ သို့ရာတွင်ယခုသင်သည်ပျော့ပျောင်းသိမ်မွေ့သူ မဟုတ်တော့ပေ။ သင်သည်ယခုကျွန်ဘဝရောက်ခဲ့ပေပြီ။ အခန်းကိုကြည့်ပါ။Garrad Bible1 အို သ တို့ သ မီး က ညာ ဗာ ဗု လုန်၊ ဆင်း ကျ လျက် မြေ မုန့် တွင် ထိုင် နေ လော့။ အို သ တို့ သ မီး ခါ လ ဒဲ လူ မျိုး၊ နန်း ကျ လျက် မြေ ပေါ် တွင် ထိုင် နေ လော့။ နောက် တစ် ဖန် နူး ညံ့ ပျော် မွေ့ သူ ဟူ ၍ အ ခေါ် မ ခံ ရ။ အခန်းကိုကြည့်ပါ။Judson Bible1 အို ဗာဗုလုန် သတို့သမီးကညာ၊ ဆင်း၍ မြေမှုန့်၌ထိုင်လော့။ အို ခါလဒဲသတို့သမီး၊ ရာဇပလ္လင်မရှိဘဲ မြေပေါ်မှာထိုင်လော့။ သင့်ကို နူးညံ့သိမ်မွေ့သောသူဟူ၍ နောက်တစ်ဖန်မခေါ်ရ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း1 အို ဘေဘီလုံသမီးပျို၊ မြေမှုန့်ပေါ်တွင် ဆင်းထိုင်လော့။ အို ခါလဒဲသမီး၊ ရာဇပလ္လင်ပေါ်မဟုတ်၊ မြေကြီးပေါ်တွင် ထိုင်လော့။ သင့်ကို နူးညံ့သိမ်မွေ့သောသူဟု ခေါ်တော့မည်မဟုတ်။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားသည်မိမိ၏လူမျိုးတော်ဣသ ရေလအမျိုးသားတို့အား တစ်ဖန်ကရုဏာသက် တော်မူပြန်၏။ မိမိပိုင်ဆိုင်သူများအဖြစ်ဖြင့် ရွေးချယ်တော်မူလိမ့်မည်။ ကိုယ်တော်သည်သူ တို့အားမိမိတို့နေရင်းပြည်၌ပြန်လည်နေ ထိုင်ခွင့်ပြုတော်မူလိမ့်မည်။ လူမျိုးခြားများ သည်သူတို့နှင့်အတူလာရောက်နေထိုင် ကြလိမ့်မည်။-
ပင်လယ်ရေကြောင်းခရီးသွားလာသော နိုင်ငံတို့၏ဘုရင်အပေါင်းသည်ရာဇပလ္လင် များပေါ်မှဆင်းကြကာ မိမိတို့၏ဝတ်လုံ များနှင့်ပန်းထိုးထည်များကိုချွတ်၍ မြေ ပေါ်တွင်တုန်လှုပ်လျက်ထိုင်ကြလိမ့်မည်။ သင် တွေ့ကြုံရသည့်ကံကြမ္မာကိုမြင်၍ သူတို့ သည်အံ့အားသင့်လျက်အဆက်မပြတ် တုန်လှုပ်နေကြလိမ့်မည်။
သူသည်မိမိကိုယ်ကိုချီးမြှောက်၍ကာမဂုဏ် စည်းစိမ်ခံစားသည်နှင့်အမျှ သူ့အားဝမ်းနည်းကြေကွဲဆင်းရဲ ဒုက္ခရောက်စေကြလော့။ အဘယ်ကြောင့်ဆိုသော်သူက``ငါသည် မိဖုရားဖြစ်၏။ မုဆိုးမမဟုတ်။ ငါသည်အဘယ်အခါ၌မျှဝမ်းနည်းကြေကွဲ ရလိမ့်မည်မဟုတ်'' ဟု မိမိကိုယ်ကိုပြောဆိုနေတတ်သောကြောင့်ဖြစ်၏။