ထာဝရဘုရားသည်ဖြောင့်မှန်စွာ တရားစီရင်တော်မူခြင်းအားဖြင့်မိမိကိုယ် ကို ပေါ်လွင်ထင်ရှားစေတော်မူပြီ။ သူယုတ်မာတို့သည်မိမိတို့၏အကျင့်များ အားဖြင့် ပြန်၍ကျော့မိကြကုန်၏။
ယေဇကျေလ 25:17 - Common Language Bible သူတို့အားပြင်းထန်စွာအပြစ်ပေး၍အ ပြည့်အဝလက်စားချေမည်။ သူတို့သည် ငါ၏အမျက်တော်ဒဏ်ကိုခံရကြလိမ့် မည်။ ထိုအခါငါသည်ထာဝရဘုရားဖြစ် တော်မူကြောင်းသူတို့သိရှိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။ Garrad Bible အ မျက် တော် နှင့် ဆုံး မ၍၊ လက် စား ချေ ခြင်း ကို အ ပြင်း အ ထန် ပြု သ ဖြင့်၊ ပြု သော ငါ သည် ထာ ဝ ရ ဘု ရား ဖြစ် ကြောင်း သူ တို့ သိ ရ ကြ လ တ္တံ့ ဟု မိန့် ဆို သည် ဟူ ၍ တည်း။ Judson Bible ပြင်းစွာသော ဆုံးမခြင်းနှင့်တကွ ကြီးစွာသောအပြစ်ဒဏ်ကို ပေးမည်။ ထိုသို့ ငါ၏ချင်ရဲပြေစေခြင်းငှာဒဏ်ပေးသောအခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သူတို့သိရကြလိမ့်မည်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ငါသည် အမျက်ပြင်းစွာထွက်၍ သူတို့ကို အကြီးအကျယ်လက်တုံ့ပြန်မည်။ ထိုသို့ သူတို့ကို လက်တုံ့ပြန်မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။ |
ထာဝရဘုရားသည်ဖြောင့်မှန်စွာ တရားစီရင်တော်မူခြင်းအားဖြင့်မိမိကိုယ် ကို ပေါ်လွင်ထင်ရှားစေတော်မူပြီ။ သူယုတ်မာတို့သည်မိမိတို့၏အကျင့်များ အားဖြင့် ပြန်၍ကျော့မိကြကုန်၏။
အရှင်မင်းကြီး၊ ထာဝရဘုရားကငါသည် ထာဝရဘုရားဖြစ်ကြောင်း ယခုငါပြု မည့်အမှုဖြင့်သင်သိရလိမ့်မည်ဟုမိန့်တော် မူပြီ။ ကျွန်ုပ်သည်ဤတောင်ဝှေးနှင့်မြစ်ရေကို ရိုက်သဖြင့်ရေသည်သွေးဖြစ်လိမ့်မည်။-
မောဘပြည်သားတို့ကိုငါအပြစ်ဒဏ်ပေး မည်။ ငါသည်ထာဝရဘုရားဖြစ်တော်မူ ကြောင်းသူတို့သိရှိကြလိမ့်မည်'' ဟုမိန့် တော်မူ၏။
ငါ၏လူမျိုးတော်ဣသရေလအမျိုး သားတို့သည် ငါ၏ကိုယ်စားဧဒုံပြည်သား တို့ကိုလက်စားချေလျက် ငါ၏ပြင်းထန်သော အမျက်ဒေါသဒဏ်ကိုခံစေလိမ့်မည်။ ငါ ၏လက်စားချေမှုကိုဧဒုံပြည်သားတို့ သိရကြလိမ့်မည်'' ဟုမိန့်တော်မူ၏။ ဤ ကားအရှင်ထာဝရဘုရားမိန့်တော်မူ သောစကားဖြစ်၏။
ရဗ္ဗာမြို့ကိုကုလားအုတ်တင်းကုတ်၊ အမ္မုန် ပြည်တစ်ခုလုံးကိုသိုးစားကျက်ဖြစ်စေ မည်။ ငါသည်ထာဝရဘုရားဖြစ်တော်မူ ကြောင်းကိုသင်တို့သိရှိကြလိမ့်မည်။''
ငါတို့ပြည်နှင်ဒဏ်ခံသောတစ်ဆယ့်တစ်နှစ် မြောက်၊ ပထမလ၊ လဆန်းတစ်ရက်နေ့၌ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၏။-
``ငါသည်သင့်အားအမျက်ဒေါသပြင်း စွာထွက်၍ နာကျင်စွာအပြစ်ဒဏ်ခတ်သော အခါ ပတ်ဝန်းကျင်မှလူမျိုးတကာတို့ သည်ထိတ်လန့်ကြလျက် သင့်အားစက်ဆုပ် သည့်အမူအရာဖြင့်ကြည့်၍သတိပေး လျက်ပြက်ရယ်ပြုကြလိမ့်မည်။-
နေရာတကာတွင်လူတို့သည်အသတ်ခံရ ကြလိမ့်မည်။ ဤသည်ကားငါသည်ထာဝရ ဘုရားဖြစ်ကြောင်းသိရကြလိမ့်မည်။