ထွက်မြောက် 7:17 - Common Language Bible17 အရှင်မင်းကြီး၊ ထာဝရဘုရားကငါသည် ထာဝရဘုရားဖြစ်ကြောင်း ယခုငါပြု မည့်အမှုဖြင့်သင်သိရလိမ့်မည်ဟုမိန့်တော် မူပြီ။ ကျွန်ုပ်သည်ဤတောင်ဝှေးနှင့်မြစ်ရေကို ရိုက်သဖြင့်ရေသည်သွေးဖြစ်လိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible17 ငါ ထာ ဝ ရ ဘု ရား ဖြစ် ကြောင်း သင် သိ ရ မည် ဟု ထာ ဝ ရ ဘု ရား မိန့် တော် မူ သည့် အ တိုင်း၊ ကျွန် တော် ကိုင် သော တောင် ဝေး ဖြင့် မြစ်ရေ ကို ရိုက်၍ ထို ရေ သည် သွေး ဖြစ် လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible17 ထာဝရဘုရားက၊ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို သင်သည်အဘယ်သို့ သိရမည်နည်းဟူမူကား၊ ငါကိုင်သောလှံတံနှင့် မြစ်ရေကိုရိုက်၍ ထိုရေသည် အသွေးဖြစ်လိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း17 ထို့ကြောင့် ‘ထာဝရဘုရားက ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို ဤအမှုအားဖြင့် သင်သိရလိမ့်မည် ဟုမိန့်တော်မူပြီ။ ဤအမှုဟူမူကား အကျွန်ုပ်သည် နိုင်းမြစ်ရေကို အကျွန်ုပ်လက်၌ရှိသောတောင်ဝှေးဖြင့် ရိုက်သောအခါ သွေးအဖြစ်သို့ပြောင်းသွားမည်။ အခန်းကိုကြည့်ပါ။ |
ထိုအခါငါ၏လူမျိုးတော်သည်ငါ့အား မိမိတို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်တော်မူကြောင်းသိရှိကြလိမ့်မည်။ အ ဘယ်ကြောင့်ဆိုသော်ငါသည်ယခင်ကသူ တို့အားဖမ်းဆီးခေါ်ဆောင်ခြင်းကိုခံစေ တော်မူခဲ့သော်လည်း ယခုအခါ၌တစ် ယောက်မကျန်ပြန်လည်စုသိမ်းကာမိမိ တို့ပြည်သို့ပို့ဆောင်တော်မူသောကြောင့် တည်း။-
ထိုသူတို့မှာဗျာဒိတ်တော်ကိုဟောပြော သည့်အချိန်ကာလအတွင်း မိုးမရွာစေရန် မိုးကောင်းကင်ကိုပိတ်နိုင်သောတန်ခိုးရှိ၏။ ရေကိုသွေးအဖြစ်သို့ပြောင်းလဲစေနိုင် သောတန်ခိုးလည်းရှိ၏။ သူတို့သည်မိမိ တို့အလိုရှိသည့်အခါတိုင်းကမ္ဘာမြေကြီး ကိုဘေးဒဏ်အမျိုးမျိုးသင့်စေနိုင်၏။-
ကောင်းကင်ဘုံရှင်ကိုဆန့်ကျင်ဘက်ပြု၍ ဗိမာန်တော်မှရွှေဖလားများကိုရှေ့တော် သို့ယူစေတော်မူခဲ့ပါ၏။ အရှင်နှင့်တကွ အရှင့်မှူးမတ်များ၊ မိဖုရားများ၊ မောင်း မမိဿံများသည်ထိုရွှေဖလားများတွင် စပျစ်ရည်ကိုထည့်၍သောက်ပြီးလျှင် မျက်စိ မမြင်၊ နားမကြား၊ အဘယ်အရာကိုမျှ မသိသောရွှေ၊ ငွေ၊ကြေးဝါ၊ သံ၊ သစ်သား၊ ကျောက်တို့နှင့်လုပ်သောဘုရားများကို ထောမနာပြုကြပေသည်။ သို့ရာတွင် အရှင်သည်မိမိ၏အသက်ကိုလည်းကောင်း၊ မိမိပြုသောအမှုကိစ္စမှန်သမျှကို လည်းကောင်းစိုးပိုင်တော်မူသောဘုရားသခင်၏ဂုဏ်တော်ကိုကားချီးမွမ်းတော် မမူပါ။-
သူသည်လူ့အသိုင်းအဝိုင်းမှနှင်ထုတ်ခြင်း ကိုခံရကာတိရစ္ဆာန်စိတ်ပေါက်၍လာလေ သည်။ မြည်းရိုင်းတို့နှင့်အတူနေထိုင်၍နွား ကဲ့သို့မြက်ကိုစားခဲ့ရပါ၏။ အကွယ် အကာမရှိဘဲဆီးနှင်းတောတွင်စက်တော် ခေါ်ခဲ့ရလေသည်။ နောက်ဆုံး၌အမြင့်မြတ် ဆုံးသောဘုရားသခင်သည်လောကီနိုင်ငံ တို့ကိုအစိုးရတော်မူ၍ မိမိအလိုရှိသူ မည်သူအားမဆိုဤနိုင်ငံများကိုပေး တော်မူနိုင်ကြောင်းကိုမင်းကြီးဝန်ခံတော် မူခဲ့ပါ၏။-
``သို့ဖြစ်၍ငါနေဗုခဒ်နေဇာမင်းသည် ကောင်းကင်ဘုံရှင်ဘုရင်မင်းအားထောမနာ ပြုပါ၏။ ဂုဏ်တော်နှင့်ဘုန်းအသရေတော် ကိုလည်းချီးမွမ်းပါ၏။ ကိုယ်တော်ပြုလေ သမျှသောအမှုတို့သည်မှန်ကန်ပါပေ သည်။ ကိုယ်တော်သည်အစဉ်ပင်တရားမျှ တတော်မူ၍မာန်မာနထောင်လွှားသူတို့ အားနိမ့်ကျစေတော်မူပါ၏'' ဟုရေး သားဖော်ပြတော်မူလေသည်။
သင်သည်လူအသိုင်းအဝိုင်းမှအနှင်ခံရ ၍တောတိရစ္ဆာန်များနှင့်အတူနေရလတ္တံ့။ ခုနစ်နှစ်တိုင်တိုင်နွားကဲ့သို့မြက်ကိုစား ရလတ္တံ့။ ထိုအခါဘုရားသခင်သည်လော ကီနိုင်ငံများကိုအစိုးရတော်မူ၍ ယင်း တို့ကိုမိမိအလိုရှိသူအားပေးပိုင် ကြောင်းကိုသင်ဝန်ခံလိမ့်မည်'' ဟုကောင်း ကင်မှအသံထွက်ပေါ်လာလေသည်။
ဤကားနိုးကြားစောင့်ကြည့်သူကောင်းကင် တမန်များ၏စီရင်ဆုံးဖြတ်ချက်တည်း။ သို့ ဖြစ်၍အမြင့်မြတ်ဆုံးသောဘုရားသခင် သည် လောကီနိုင်ငံများအပေါ်သို့တန်ခိုး အာဏာလွှမ်းမိုးတော်မူနိုင်ကြောင်းကိုလည်း ကောင်း၊ ကိုယ်တော်သည်အသိမ်ငယ်ဆုံးသော သူကိုပင်လျှင်ရွေးချယ်၍မင်းမြှောက်တော် မူနိုင်ကြောင်းကိုလည်းကောင်း အရပ်တကာ ရှိလူအပေါင်းတို့သိရှိကြစေ' ဟုအသံ ကျယ်စွာကြွေးကြော်၏။
ပရောဖက်တစ်ပါးသည်အာဟပ်မင်းထံသို့ သွား၍``ထာဝရဘုရားက`ငါသည်တောင်ကို အစိုးရသောဘုရားဖြစ်သည်။ လွင်ပြင်ကို အစိုးမရဟုရှုရိအမျိုးသားတို့ကဆို သောကြောင့် သူတို့၏ကြီးမားသောတပ်မ တော်ကိုသင်၏လက်သို့ငါအပ်မည်။ ငါသည် ထာဝရဘုရားဖြစ်တော်မူကြောင်း သင်နှင့် တကွသင်၏ပြည်သူတို့သိရကြလိမ့်မည်' ဟုမိန့်တော်မူ၏'' ဟုဆင့်ဆို၏။