Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 25:14 - Common Language Bible

14 ငါ​၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည် ငါ​၏​ကိုယ်​စား​ဧ​ဒုံ​ပြည်​သား တို့​ကို​လက်​စား​ချေ​လျက် ငါ​၏​ပြင်း​ထန်​သော အ​မျက်​ဒေါ​သ​ဒဏ်​ကို​ခံ​စေ​လိမ့်​မည်။ ငါ ၏​လက်​စား​ချေ​မှု​ကို​ဧ​ဒုံ​ပြည်​သား​တို့ သိ​ရ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ ဤ ကား​အ​ရှင်​ထာ​ဝ​ရ​ဘုရား​မိန့်​တော်​မူ သော​စ​ကား​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

14 ဣ သ ရေ လ လူ မျိုး တော် လက် ဖြင့် လည်း၊ လက် စား ချေ တော် မူ ခြင်း ကို ငါ စီ ရင် လျက်၊ ဒေါ သ အ မျက် တော် အ လျောက်၊ ဧ ဒုံ လူ မျိုး အား ပြု ကြ သ ဖြင့်၊ ငါ လက် စား ချေ သော အ မှု ကို သိ ရ ကြ လ တ္တံ့ ဟု၊ ငါ အ ရှင် ထာ ဝ ရ ဘုရား မိန့် ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

14 ငါ၏​လူ​ဣ​သ​ရေ​လ​အ​မျိုး​သား​များ​အား​ဖြင့်၊ ဧ​ဒုံ​ပြည်​ကို​ငါ၏ ချင်​ရဲ​ပြေ​စေ​ခြင်း​ငှာ ဒဏ်​ပေး​မည်။ သူ​တို့​သည် ငါ၏​အ​မျက်​အ​ရှိန် အား​ကြီး​သည်​အ​တိုင်း ဧ​ဒုံ​ပြည်​ကို​ပြု​ကြ​လိမ့်​မည်။ ငါ​ပေး​သော​အ​ပြစ်​ဒဏ်​ကို​သိ​ရ​ကြ​လိမ့်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 ‘ငါ့​လူမျိုး​တော်​အစ္စရေး​တို့​၏​လက်ချက်​ဖြင့် ဧဒုံ​ပြည်​ကို လက်တုံ့ပြန်​မည်​။ သူ​တို့​သည် ငါ့​အမျက်​ဒေါသ​အလျောက် ဧဒုံ​ပြည်​ကို ပြု​ကြ​လိမ့်မည်​။ ထိုအခါမှ ငါ​လက်တုံ့ပြန်​ကြောင်း​ကို သူ​တို့​သိ​ကြ​လိမ့်မည်’​ဟု ဘုရားရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 25:14
14 ပူးပေါင်းရင်းမြစ်များ  

တိုင်း​နိုင်​ငံ​တို့​သည်​သင်​၏​အ​စေ​ကို​ခံ​ရ​ကြ စေ​သ​တည်း။ လူ​မျိုး​အ​ပေါင်း​တို့​သည်​သင့်​အား ဦး​ညွှတ်​ရ​ကြ​စေ​သ​တည်း။ သင်​သည်​ဆွေ​မျိုး သား​ချင်း​တို့​ကို​ကြီး​စိုး​ရ​စေ​သ​တည်း။ သင်​၏ အ​မိ​အ​ဆက်​အ​နွယ်​တို့​သည်​သင့်​အား​ဦး​ညွှတ် ရ​ကြ​စေ​သ​တည်း။ သင့်​အား​ကျိန်​စာ​သင့်​သော သူ​တို့​ကို​ကျိန်​စာ​သင့်​စေ​သ​တည်း။ သင့်​အား ကောင်း​ချီး​ပေး​သူ​တို့​သည်​ကောင်း​ချီး​ခံ​စား ရ​ကြ​စေ​သ​တည်း'' ဟု​ကောင်း​ချီး​ပေး​လေ ၏။


ထို​ပြည်​သူ​နှစ်​ရပ်​တို့​သည်​ပူး​ပေါင်း​၍ အ​နောက်​ဘက်​ရှိ​ဖိ​လိတ္တိ​အ​မျိုး​သား​တို့ အား​တိုက်​ခိုက်​၍ အ​ရှေ့​ပြည်​တွင်​နေ​ထိုင် ကြ​သူ​တို့​၏​ဥစ္စာ​ပစ္စည်း​များ​ကို​လု​ယူ​ကြ လိမ့်​မည်။ သူ​တို့​သည်​ဧ​ဒုံ​အ​မျိုး​သား​များ နှင့်​မော​ဘ​အ​မျိုး​သား​တို့​ကို​အ​နိုင်​ရ​၍ အမ္မုန်​အ​မျိုး​သား​တို့​အား​လည်း​မိ​မိ​တို့ ၏​သြ​ဇာ​ခံ​ဖြစ်​စေ​ကြ​လိမ့်​မည်။-


ငါ​သည်​ရဗ္ဗာ​မြို့​သူ​မြို့​သား​တို့​အား​စစ်​တိုက် သံ​များ​ကို ကြား​စေ​မည့်​အ​ချိန်​ကာ​လ​ကျ ရောက်​လာ​လိမ့်​မည်။ ထို​မြို့​သည်​ပျက်​စီး​လျက် ယင်း​၏​ကျေး​လက်​တော​ရွာ​များ​သည်​လည်း မီး​လောင်​ကျွမ်း​လိမ့်​မည်။ ထို​အ​ခါ​ဣ​သ​ရေ​လ အမျိုး​သား​တို့​သည်​မိ​မိ​တို့​ပြည်​ကို​သိမ်း​ယူ ထား​သူ​တို့​၏​လက်​မှ​ပြန်​လည်​ရ​ရှိ​ကြ လိမ့်​မည်။-


သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​ယေ​ရု​ရှ​လင် မြို့​သူ​မြို့​သား​တို့​အား``ငါ​သည်​သင်​တို့​၏ အ​ကျိုး​ကို​ပြု​စု​၍​သင်​တို့​အ​တွက်​လက်​စား ချေ​မည်။ ဗာ​ဗု​လုန်​ပြည်​၏​စမ်း​ရေ​တွင်း​များ နှင့်​မြစ်​များ​ကို​ခန်း​ခြောက်​စေ​မည်။-


သူ​တို့​အား​ပြင်း​ထန်​စွာ​အ​ပြစ်​ပေး​၍​အ ပြည့်​အ​ဝ​လက်​စား​ချေ​မည်။ သူ​တို့​သည် ငါ​၏​အ​မျက်​တော်​ဒဏ်​ကို​ခံ​ရ​ကြ​လိမ့် မည်။ ထို​အ​ခါ​ငါ​သည်​ထာ​ဝရ​ဘု​ရား​ဖြစ် တော်​မူ​ကြောင်း​သူ​တို့​သိ​ရှိ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။


သို့​ဖြစ်​၍​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​သည် အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​ဖြစ်​သည် အ​တိုင်း ငါ​၏​လူ​မျိုး​တော်​အား​သင်​အ​မျက် ထွက်​ခြင်း၊ ငြူ​စူ​ခြင်း၊ မုန်း​ထား​ခြင်း​ကြောင့် သင့်​အား​ငါ​စီ​ရင်​မည်။ သင်​သည်​သူ​တို့ အား​ပြု​ခဲ့​သည့်​အ​မှု​များ​အ​တွက်​အ​ပြစ် ဒဏ်​ခံ​ရ​ကြောင်း​ကို​သူ​တို့​သိ​ရှိ​ကြ​လိမ့် မည်။-


ငါ​သည်​ပြောင်​လက်​သော​ဋ္ဌား​ကို​သွေး​၍ တ​ရား​မျှ​တ​စွာ​စီ​ရင်​မည်။ ငါ​၏​ရန်​သူ​တို့​ကို​လက်​စား​ချေ​၍​ငါ့​အား မုန်း​သူ​တို့​ကို​ဒဏ်​စီ​ရင်​မည်။


``တိုင်း​နိုင်​ငံ​တို့၊ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး တော်​ကို ချီး​ကူး​ကြ​လော့။ ကိုယ်​တော်​သည်​မိ​မိ​လူ​မျိုး​တော်​ကို​သတ်​သူ ရှိ​သ​မျှ​တို့​အား​ဒဏ်​ခတ်​တော်​မူ​မည်။ ကိုယ်​တော်​၏​ရန်​သူ​တို့​ကို​လက်​စား​ချေ​မည်။ မိ​မိ​လူ​မျိုး​တော်​၏​အ​ပြစ်​များ​ကို​လွှတ်​တော် မူ​မည်။''


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ