ဣသရေလ၏အကျင့်ပျက်မှုသည် မိမိနှင့် မဆိုင်သကဲ့သို့တိုင်းပြည်ကိုညစ်ညမ်းစေ လေသည်။ သူသည်ကျောက်တုံးများ၊ သစ်ပင် များကိုဝတ်ပြုကိုးကွယ်ခြင်းအားဖြင့်မှား ယွင်းလေ၏။-
ယေဇကျေလ 23:3 - Common Language Bible သူတို့သည်ငယ်ရွယ်စဉ်အခါက အီဂျစ် ပြည်၌နေထိုင်စဉ် ရင်သားကိုပွတ်နယ်ခံရ လျက်အပျိုရည်ပျက်၍ပြည့်တန်ဆာများ ဖြစ်သွားကြ၏။- Garrad Bible အိ ဂျစ် ပြည် တွင် ပြည့် တန် ဆာ လုပ်၍၊ ထို ပြည်၌ ပင် အ ပျို စင် ရင် သား ကို ချေ နယ် ခံ ရ ကြ၏။ Judson Bible သူတို့သည် အသက်ငယ်စဉ်အခါ၊ အဲဂုတ္တုပြည်၌ မတရားသောမေထုန်ကို ပြုကြ၏။ ထိုပြည်၌ သူတို့၏သားမြတ်ကို ပွတ်နယ်၍ အပျိုမအသရေကို ရှုတ်ချကြ၏။ မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် အီဂျစ်ပြည်တွင် အပျိုဖြန်းဘဝကတည်းက ပြည့်တန်ဆာအလုပ်ကို လုပ်ကြ၏။ သူတို့၏သားမြတ်ကို အပွတ်သပ်ခံပြီး သူတို့၏အပျိုရည်ကို ပျက်စီးစေကြ၏။ |
ဣသရေလ၏အကျင့်ပျက်မှုသည် မိမိနှင့် မဆိုင်သကဲ့သို့တိုင်းပြည်ကိုညစ်ညမ်းစေ လေသည်။ သူသည်ကျောက်တုံးများ၊ သစ်ပင် များကိုဝတ်ပြုကိုးကွယ်ခြင်းအားဖြင့်မှား ယွင်းလေ၏။-
``သို့ရာတွင်သင်သည်မိမိ၏အဆင်းလှ မှုနှင့်ထင်ပေါ်ကျော်ကြားမှုတို့ကိုအခွင့် ကောင်းယူကာ ပြည့်တန်ဆာဖြစ်လာ၏။ သင် ၏ထံသို့ရောက်ရှိလာသူမှန်သမျှနှင့် အိပ်စက်၏။ သင်၏အလှကိုပေးအပ်၏။-
သင်ငယ်စဉ်ကအဝတ်အချည်းစည်းနှင့် သွေးထဲတွင်လူးနေခဲ့သည့်အဖြစ်သနစ် ကို သင်သည်စက်ဆုပ်ဖွယ်ကောင်းသည့်လုပ် ရပ်များနှင့် ပြည့်တန်ဆာဘဝတွင်ကျင် လည်စဉ်တစ်ကြိမ်တစ်ခါမျှသတိမရ ခဲ့သလော'' ဟူ၍တည်း။
ငါသည်သူတို့၏ဘုရားသခင်ထာဝရ ဘုရားဖြစ်သဖြင့် မိမိတို့မြတ်နိုးသည့် စက်ဆုပ်ဖွယ်ရာရုပ်တုများကိုစွန့်ပစ်လိုက် ကြရန်နှင့်အီဂျစ်ဘုရားအတုများကို ကိုးကွယ်ခြင်းဖြင့် မိမိတို့ကိုယ်ကိုမညစ် ညမ်းကြစေရန်သူတို့အားပြောသော်လည်း၊-
သူတို့သည်ငါ့အားအာခံကာငါ၏စကား ကိုနားမထောင်ဘဲနေကြ၏။ သူတို့သည်မိမိ တို့မြတ်နိုးသည့်စက်ဆုပ်ဖွယ်ကောင်းသောရုပ် တုများနှင့် အီဂျစ်ဘုရားများကိုမစွန့်ကြ။ ငါသည်သူတို့အားအီဂျစ်ပြည်တွင်ငါ၏ အမျက်ဒေါသကိုသူတို့အပေါ်သို့သွန်း လောင်း၍ အမျက်တော်ဒဏ်ကိုအပြည့် အဝခံကြစေရန်အကြံရှိခဲ့၏။-
သူသည်အီဂျစ်ပြည်တွင်သူငယ်မအရွယ် မှစ၍ပြုကျင့်ခဲ့သည့်အတိုင်း ယခုလည်း ပြုကျင့်ကာပိုမိုဆိုးရွားသောပြည့်တန် ဆာဖြစ်လာ၏။-
(အချင်းအဟောလိဗ၊ သင်သည်သူငယ်မ အရွယ်ကယောကျာ်းတို့သင်၏ရင်သားတို့ ကိုပွတ်နယ်သဖြင့် အပျိုရည်ပျက်ခဲ့သည့် အီဂျစ်ပြည်တွင်ကူးလွန်ခဲ့သောကာမ ဂုဏ်လိုက်စားမှုကိုထပ်မံကူးလွန်လိုပါ သည်တကား။)
သင်သည်ယင်းကိုအကုန်အစင်သောက်ပြီးမှ အစိတ်စိတ်အမြွှာမြွှာခွဲ၍ ဖလား၏အစအနများဖြင့်မိမိ၏ရင်သားကို လှီးဖြတ်လိမ့်မည်။ ဤကားငါအရှင်ထာဝရဘုရားမိန့်တော်မူသော စကားဖြစ်၏'' ဟူ၍တည်း။
အစ်မဖြစ်သူသည်အဟောလ၊ ညီမကား အဟောလိဗဟုနာမည်တွင်၏။ (အဟောလ သည်ရှမာရိမြို့ကိုသရုပ်ဆောင်၍အဟော လိဗကယေရုရှလင်မြို့ကိုသရုပ်ဆောင်၏။) ငါသည်သူတို့နှစ်ဦးစလုံးနှင့်ထိမ်းမြား မင်္ဂလာပြု၍သူတို့နှင့်သားသမီးများကို ရ၏။-
ထိုသူတို့သည်မျောက်မထားမှုဖြင့်နွမ်းနယ် နေပြီဖြစ်သော အမျိုးသမီးကိုပြည့်တန်ဆာ အဖြစ်အသုံးပြုကြပါစေဟုငါတွေး တောမိ၏။-
သူသည်မိမိအပျိုရည်ပျက်ရသည့်အီဂျစ် ပြည်တွင် စတင်ခဲ့သည့်ပြည့်တန်ဆာအလုပ် ကိုဆက်၍လုပ်၏။ သူငယ်မအရွယ်ကပင် လျှင်ယောကျာ်းတို့သည် သူနှင့်အတူအိပ်စက် ကာသူ့အားပြည့်တန်ဆာကဲ့သို့ပြုကျင့် ခဲ့ကြ၏။-
ထာဝရဘုရားသည်ဟောရှေမှတစ်ဆင့် ဣသရေလအမျိုးသားတို့အားဦးစွာ မိန့်တော်မူသည်မှာ``သင်သည်သွား၍အမျိုး သမီးတစ်ဦးနှင့်အိမ်ထောင်ပြုလော့။ သင် ၏ဇနီးသည်သစ္စာမဲ့သူဖြစ်လိမ့်မည်။ သင်၏ သားသမီးများသည်လည်းသင်၏ဇနီးကဲ့ သို့သစ္စာမဲ့သူများဖြစ်လိမ့်မည်။ ငါ၏ လူစုသည်လည်းထိုနည်းတူစွာငါ့ကို စွန့်၍သစ္စာဖောက်ကြပြီ'' ဟုမိန့်တော် မူ၏။-
သူ၏စပျစ်ခြံများကိုလည်းပြန်လည်ရှင် သန်စေ၍ အာခေါ်ဟူသောဒုက္ခချိုင့်ဝှမ်းကို မျှော်လင့်ရာတံခါးဖြစ်စေမည်။ သူသည် အသက်အရွယ်ငယ်စဉ်အီဂျစ်ပြည်မှထွက် လာသောအခါကကဲ့သို့ ငါ့အားမေတ္တာတုံ့ ပြန်လိမ့်မည်။-
ဣသရေလအမျိုးသားတို့သည် ထာဝရ ဘုရားအားသစ္စာဖောက်၍ကွင်းပြင်များတွင် တိရစ္ဆာန်များကိုသတ်ပြီး နတ်မိစ္ဆာတို့အား နောက်တစ်ဖန်မပူဇော်ရ။ ဣသရေလအမျိုး သားတို့သည် ဤပညတ်ကိုထာဝစဉ်စောင့်ထိန်း ရကြမည်။
``အီဂျစ်ပြည်၌လည်းကောင်း၊ အခြားလူ မျိုးတို့၏နယ်မြေကိုဖြတ်သန်းသွားရာ ၌လည်းကာင်း၊ ငါတို့၏ဘဝအတွေ့ အကြုံကိုသင်တို့သိကြ၏။-
ယောရှုကဆက်လက်၍``ယခုသင်တို့သည် ထာဝရဘုရားကိုကြောက်ရွံ့ရိုသေ၍ ကိုယ် တော်၏အမှုတော်ကိုစိတ်ထက်သန်စွာသစ္စာ ဖြင့်ဆောင်ရွက်ကြလော့။ မက်ဆိုပိုတေးမီးယား ပြည်နှင့်အီဂျစ်ပြည်တွင်သင်တို့၏ဘိုးဘေး များကိုးကွယ်ခဲ့သောဘုရားများကိုစွန့်ပယ် ၍ထာဝရဘုရားကိုသာကိုးကွယ်ကြလော့။-
သူတို့၏အလောင်းများသည်မြို့ကြီးများ ၏လမ်းပေါ်တွင်ကျန်ရစ်ကြလိမ့်မည်။ ထိုမြို့ ကားသူတို့၏အရှင်သခင်လက်ဝါးကပ်တိုင် တွင်တင်၍အသတ်ခံရာမြို့ဖြစ်၏။ ယင်းမြို့ သည် သောဒုံမြို့သို့မဟုတ်အီဂျစ်ပြည်ကို သရုပ်ဆောင်သောမြို့ဖြစ်သတည်း။-