ယေဇကျေလ 22:4 - Common Language Bible
သင်သည်ထိုလူသတ်မှုများအတွက်အပြစ် ရှိသည့်ပြင် မိမိပြုလုပ်သည့်ရုပ်တုများအား ဖြင့် မိမိကိုယ်ကိုညစ်ညမ်းစေသည်ဖြစ်၍သင် ၏နေ့ရက်ကာလသည်ကျရောက်လာလေပြီ။ သင်၏နှစ်များကုန်ဆုံးချိန်စေ့ပြီ။ သို့ဖြစ်၍ ငါသည်သင့်အားလူမျိုးတကာတို့ပြက် ရယ်ပြုစရာ၊ အတိုင်းတိုင်းအပြည်ပြည် ၏ပြောင်လှောင်စရာဖြစ်စေတော်မူပြီ။-
အခန်းကိုကြည့်ပါ။
သင် သည် သွန်း ခဲ့ သော အ သွေး ကြောင့် ပြစ် ဒဏ် ခံ ထိုက် လျက်၊ ထု လုပ် သော ရုပ် တု များ ကြောင့် မ သန့် ရာ ရောက် လျက်၊ ရက် တာ ရောက် လု စေ ပြီ။ နှစ် တာ ကုန် ခန်း စေ ပြီ တ ကား၊ သို့ ဖြစ်၍၊ အ သ ရေ ပျက် လျက် သောင်း ကျန်း တတ် သော အို မြို့ တော်၊ ငါ သည် လူ အ မျိုး မျိုး တွင် ကဲ့ ရဲ့ ရာ၊ အ ပြည် ပြည် တွင် ပြောင် လှောင် ရာ၊ သင့် ကို ဖြစ် စေ သည့် အ တိုင်း၊ နီး စပ် သူ၊ ဝေး ကွာ သူ တို့ သည် ပြောင် လှောင် ကြ လ တ္တံ့။
အခန်းကိုကြည့်ပါ။
သင်သည် လူအသက်ကို သတ်သောအားဖြင့် အပြစ်ရောက်၏။ လုပ်သောရုပ်တုအားဖြင့် ညစ်ညူးခြင်းရှိ၏။ သင်၏ နေ့ရက်ကာလအချိန်ကို ကိုယ်တိုင်ရောက်စေပြီ။ ထိုကြောင့်၊ ငါသည် သင့်ကို အတိုင်းတိုင်းအပြည်ပြည်တို့တွင် ကဲ့ရဲ့ရာ၊ ပျက်ချော်ရာဖြစ်စေမည်။
အခန်းကိုကြည့်ပါ။
လူ့အသက်ကိုသတ်သောကြောင့် သင့်အပေါ် အပြစ်သက်ရောက်ပြီ။ သင်ထုလုပ်သောရုပ်တုများအားဖြင့် သင်ညစ်ညူးလေပြီ။ သင်အပြစ်ဒဏ်ခံရမည့်နေ့ရက်ကို သင်နီးစေလေပြီ။ သင်၏နှစ်ကာလ ကုန်ဆုံးတော့မည်။ ထို့ကြောင့် ငါသည် သင့်ကို အတိုင်းတိုင်းအပြည်ပြည်တွင် လူမျိုးတကာတို့ ကဲ့ရဲ့ပြောင်လှောင်စရာဖြစ်စေပြီ။
အခန်းကိုကြည့်ပါ။