ယေဇကျေလ 22:3 - Common Language Bible3 ငါအရှင်ထာဝရဘုရားသည်ထိုမြို့အား အဘယ်သို့မိန့်တော်မူသည်ကိုဤသို့ဆင့် ဆိုလော့။ သင်သည်မိမိ၏လူတို့ကိုအမြောက် အမြားသတ်ခဲ့ပြီးရုပ်တုများကိုဝတ်ပြု ရှိခိုးခြင်းအားဖြင့် မိမိကိုယ်ကိုညစ်ညမ်း စေခဲ့သဖြင့်သင်၏နေ့ရက်ကာလသည် ကျရောက်လာလေပြီ။- အခန်းကိုကြည့်ပါ။Garrad Bible3 အ ရှင် ထာ ဝ ရ ဘု ရား က၊ အ ချိန် ကာ လ ရောက် စေ ခြင်း ငှာ၊ အ တွင်း တွင် သွေး သွန်း မှု ပြု လျက်၊ မ သန့် ရာ ရောက် စေ ခြင်း ငှာ၊ ရုပ် တု များ ကို ထု လုပ် သော အို မြို့ တော်၊ အခန်းကိုကြည့်ပါ။Judson Bible3 အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ မိမိအချိန်ရောက်စေခြင်းငှာ၊ မိမိအလယ်၌ လူအသက်ကိုသတ်၍၊ မိမိကိုညစ်ညူးစေဖို့ မိမိတစ်ဖက်၌ ရုပ်တုတို့ကိုလုပ်တတ်သောမြို့၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း3 ဘုရားရှင်ထာဝရဘုရားက ‘လူ့အသက်ကို သတ်သောမြို့၊ ရုပ်တုများကိုပြုလုပ်ပြီး မိမိကိုယ်ကို ညစ်ညူးစေသောကြောင့် သူပျက်စီးရမည့်အချိန် ကျရောက်လေပြီ။ အခန်းကိုကြည့်ပါ။ |
သင်သည်ထိုလူသတ်မှုများအတွက်အပြစ် ရှိသည့်ပြင် မိမိပြုလုပ်သည့်ရုပ်တုများအား ဖြင့် မိမိကိုယ်ကိုညစ်ညမ်းစေသည်ဖြစ်၍သင် ၏နေ့ရက်ကာလသည်ကျရောက်လာလေပြီ။ သင်၏နှစ်များကုန်ဆုံးချိန်စေ့ပြီ။ သို့ဖြစ်၍ ငါသည်သင့်အားလူမျိုးတကာတို့ပြက် ရယ်ပြုစရာ၊ အတိုင်းတိုင်းအပြည်ပြည် ၏ပြောင်လှောင်စရာဖြစ်စေတော်မူပြီ။-
ငါထာဝရဘုရားသည်သူတို့အားဗျာဒိတ် ပေးတော်မူသည်အတိုင်းပြုရမည်။ ကြန့်ကြာ မှုရှိတော့မည်မဟုတ်။ အချင်းပုန်ကန်တတ်သူ တို့၊ သင်တို့အားငါသတိပေးခဲ့သည့်အတိုင်း သင်တို့လက်ထက်၌ပင်ငါပြုမည်။ ဤကားငါ မိန့်မြွက်တော်မူသည့်စကားဖြစ်၏'' ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။
ဘုရားသခင်က``ဣသရေလနှင့်ယုဒပြည် သူပြည်သားတို့၏အပြစ်များသည်အကယ် ပင်ကြီးလေး၏။ သူတို့သည်ပြည်တွင်းနေရာ တကာတွင်လူသတ်မှုများ၊ ပြစ်မှုများဖြင့် ပြည့်နှက်စေကြလျက်`ထာဝရဘုရားသည် ငါတို့ပြည်ကိုစွန့်တော်မူလေပြီ။ ထာဝရ ဘုရားသည်ငါတို့ကိုမြင်တော်မမူ' ဟု ဆိုကြ၏။-
ထာဝရဘုရားသည်မနာရှေပြုခဲ့သည့် ဒုစရိုက်အပေါင်းတို့ကြောင့် အထူးသဖြင့် အပြစ်မဲ့သူတို့ကိုသတ်ဖြတ်ခဲ့သည့်အပြစ် ကြောင့် ယုဒပြည်သူတို့အားမျက်မှောက်တော် မှနှင်ထုတ်တော်မူလိုသဖြင့် ဤသို့စီရင် တော်မူခြင်းဖြစ်သတည်း။ ထိုပြစ်မှုကြောင့် ထာဝရဘုရားသည်မနာရှေအားအပြစ် ဖြေလွှတ်တော်မမူနိုင်။