ယေဇကျေလ 24:7 - Common Language Bible7 ထိုမြို့ထဲ၌လူသတ်မှုဖြစ်ပွားခဲ့၏။ သို့ ရာတွင်သွေးသည်မြေပေါ်သို့မကျ။ ရှင်း လင်းသောကျောက်သားပေါ်သို့ကျသဖြင့် မြေမှုန့်နှင့်ဖုံးအုပ်ထားရန်မဖြစ်နိုင်။- အခန်းကိုကြည့်ပါ။Garrad Bible7 သွန်း သော အ သွေး ကို၊ မြေ မုန့် ဖြင့် လုံ အောင် မြေ ပေါ် သို့ မ လောင်း ဘဲ၊ ရှင်း လင်း သော ကျောက် ပြား ထက်၊ မြို့ အ တွင်း တွင် ထား လျက် ရှိ သေး ၏။ အခန်းကိုကြည့်ပါ။Judson Bible7 အကြောင်းမူကား၊ ထိုမြို့သတ်သောသူ၏ အသွေးသည် မြို့အလယ်၌ရှိ၏။ ထိုအသွေးကို မြေမှုန့်နှင့်ဖုံးခြင်းငှာ မြေပေါ်မှာ သွန်းသည်မဟုတ်၊ ရှင်းလင်းသော ကျောက်ပေါ်မှာ တင်ထားပြီ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း7 ထိုမြို့တွင် လူအသက်သတ်သောသွေး စွန်းလျက်ရှိ၏။ ထိုသွေးသည် မြေပေါ်တွင်ကျသည်မဟုတ်။ ရှင်းလင်းနေသောကျောက်ပေါ်တွင် ကျ၏။ မြေမှုန့်နှင့် ဖုံး၍မရ။ အခန်းကိုကြည့်ပါ။ |
သူတို့သည်စက်ဆုတ်သည့်အမှုတို့ကိုပြုကျင့် သည့်အတွက်ရှက်ကြပါသလော။ အလျှင်း မရှက်ကြ။ ရှက်သွေးရောင်ပင်မသန်းကြ။ သို့ ဖြစ်၍သူတို့သည်အခြားသူများနည်းတူ ပြိုလဲရကြလိမ့်မည်။ ငါအပြစ်ဒဏ်ခတ်သော အခါသူတို့သည်ဆုံးခန်းသို့ရောက်ကြလိမ့် မည်။ ဤကားငါထာဝရဘုရားမြွက်ဟ သည့်စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
သူတို့၏မျက်နှာအမူအရာကသူတို့တွင် အပြစ်ရှိကြောင်းဖော်ပြသက်သေခံလျက် ရှိပေသည်။ သောဒုံမြို့မှလူများကဲ့သို့သူ တို့သည်အပြစ်ကိုပေါ်လွင်ထင်ရှားစွာပြု ကြ၏။ သူတို့သည်အမင်္ဂလာရှိကြ၏။ မိမိ တို့ပျက်စီးရာပျက်စီးကြောင်းကိုသူတို့ ကိုယ်တိုင်ပင်ဖန်တီးပေးကြလေပြီ။
ငါထာဝရဘုရားက`သင်သည်လူကိုသတ်ပြီး နောက် ထိုသူ၏ဥစ္စာကိုသိမ်းယူပါမည်လော' ဟု မိန့်တော်မူကြောင်းသူ့အားပြောကြားလော့။ `ခွေး တို့သည်နာဗုတ်၏သွေးကိုလျက်ကြသည့်အရပ် ၌ပင်လျှင် သင်၏သွေးကိုလျက်ကြလိမ့်မည်' ဟု ငါမိန့်တော်မူကြောင်းကိုလည်းသူ့အားပြော ကြားလော့'' ဟုမိန့်မှာတော်မူ၏။
သင်သည်ထိုလူသတ်မှုများအတွက်အပြစ် ရှိသည့်ပြင် မိမိပြုလုပ်သည့်ရုပ်တုများအား ဖြင့် မိမိကိုယ်ကိုညစ်ညမ်းစေသည်ဖြစ်၍သင် ၏နေ့ရက်ကာလသည်ကျရောက်လာလေပြီ။ သင်၏နှစ်များကုန်ဆုံးချိန်စေ့ပြီ။ သို့ဖြစ်၍ ငါသည်သင့်အားလူမျိုးတကာတို့ပြက် ရယ်ပြုစရာ၊ အတိုင်းတိုင်းအပြည်ပြည် ၏ပြောင်လှောင်စရာဖြစ်စေတော်မူပြီ။-
ထာဝရဘုရားက``ငါသည်လူသားတို့ အပေါ်သို့ဘေးအန္တရာယ်ဆိုးကိုသက် ရောက်စေမည်ဖြစ်၍ လူတိုင်းပင်မျက်မမြင် ကဲ့သို့အမှောင်တွင်စမ်း၍သွားလာရကြ လိမ့်မည်။ သူတို့သည်ငါ့ကိုပြစ်မှားကြ လေပြီ။ ထို့ကြောင့်ငါတို့သည်သူတို့၏ သွေးကိုရေကဲ့သို့သွန်းလောင်းမည်။ သူတို့ ၏အလောင်းများသည်လည်းမြေပေါ်တွင် ပုပ်ပျက်၍နေလိမ့်မည်'' ဟုမိန့်တော်မူ၏။